Cafes & Restaurant

Premium Item တွေနဲ့ Cheese Free Flow ရတဲ့ ၂၄,၀၀၀ တန် မူကထဘူဖေး

February 29, 2024

Premium Quality အသားတွေကို Cheese အရသာ ဆိမ့်ဆိမ့်လေးနဲ့ တွဲဖက်စားနိုင်မယ့်အပြင် ဘူဖေးထဲမှာ Ocha က Drinks တွေကိုပါ ထည့်သွင်းပေးထားတဲ့ မူကထဘူဖေးဆိုင်လေးကို ရိုးသားစွာ မျှဝေချင်ပါတယ်။ သူက ကန်သာယာစင်တာမှာ ဖွင့်ထားတာ သိပ်မကြာသေးတဲ့ Mook Mookata and Thai Restaurant ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

ဒီဆိုင်မှာ အသားတွေ၊ ပင်လယ်စာတွေ အစုံရသလို Side Dish တွေ၊ အချိုပွဲတွေကိုလည်း ပြည့်ပြည့်စုံစုံ ဘူဖေးခင်းထားပေးတာကြောင့် ရွေးချယ်စရာ များပါတယ်။ နောက်ပြီး စျေးနှုန်းကလည်း ပုံမှန်ကိုမှ မတ်လအတွင်းသွားမယ်ဆို 20% Off ပရိုမိုးရှင်းက သင့်ကို စောင့်ကြိုနေဦးမှာပါ။

သူ့ဆိုင်လေးက အသစ်ဖြစ်တာကြောင့် ဆိုင်အပြင်အဆင် သပ်သပ်ရပ်ရပ်နဲ့ အစားအသောက် ထားသိုမှုမှာလည်း သန့်ရှင်းမှု ရှိပါတယ်။ ဝိုင်းတစ်ဝိုင်းဆီမှာ အညှော်စုပ်စက် တပ်ပေးထားတာမို့ အကင်နံ့၊ အညှော်နံ့စွဲမှာ ပူစရာမလိုဘဲ အဲကွန်းအေးအေးလေးထဲ ဇိမ်ရှိရှိ စားလို့ရပါတယ်။ 

သူ့ဆိုင်မှာ ပုံမှန်မူကထဆိုင်တွေမှာ ရနေကျ  ကြက်၊ ဝက်၊ အမဲ၊ ဆိတ်၊ ယုန်၊ ကြက်မဲ၊ ကြက်ဆင် အသားလွှာတွေရယ်၊ ပုစွန်၊ ရေဘဝဲ၊ ဂဏန်း၊ ကင်းမွန်နဲ့ ဂုံး စတဲ့ ပင်လယ်စာတွေ အစုံအပြင် Premium Item တွေထဲက Beef Ribeye ၊ Sirloin ၊ Dory Fish နဲ့ Salmon Belly တို့ပါ ရပါတယ်။ ဒါတွေအပြင် အသားလုံး၊ Sausage နဲ့ အသီးအရွက်တွေလည်း ရှိပါတယ်။ 

Side Dish မှာဆို သင်္ဘောသီးထောင်း၊ ပြောင်းဖူးထောင်း၊ ပင်လယ်စာ စပါဂတီ၊ အမဲပင်စိမ်း၊ ဂဏန်းချဉ်စပ်၊ ပုစွန်အစိမ်းသုပ်၊ ပင်လယ်စာ အုန်းနို့ချက်၊ ကြက်ချဉ်စပ်ကြော်တို့ ပါဝင်ပါတယ်။ Side Dish ဆိုပေမဲ့ Quality နဲ့ အရသာကို လုံ၀ မလျှော့ထားပါဘူး။ အသားကင်စားတဲ့အခါ အရည်သောက်လေးနဲ့တွဲဖက်မှ အအီပြေတာမို့ ဝက်နံရိုးချဉ်စပ်ဟင်းရည်၊ တုန်ယမ်းဟင်းချိုတို့လည်း ရှိပါတယ်။ 

အအေးအနေနဲ့ Coca Cola အပြင် Ocha Drinks တွေဖြစ်တဲ့ Thai tea၊ Green tea နဲ့ Chocolate Tea တွေကိုလည်း စိတ်ကြိုက် Topping ထည့်ပြီး အ၀သောက်လို့ ရပါတယ်။ အချိုတည်းစရာအဖြစ် ရေခဲမုန့်အပြင် အသီးတွေ၊ ထိုင်းရိုးရာ အချိုပွဲတွေကိုလည်း စားသုံးနိုင်ပါတယ်။ 

Mook မှာ ရနိုင်တဲ့ ရေခဲမုန့်တွေက အရသာပိုင်းနဲ့ပတ်သတ်ပြီး ချောကလက်၊ စတော်ဘယ်ရီ၊ အုန်းသီး၊ ဒိန်ချဉ်၊ Vanilla၊ Banana Chip ဆိုပြီး အရသာ (၆) မျိုးအထိ ရွေးချယ်နိုင်ပါသေးတယ်။

မူကထစားမယ်ဆိုရင် အချဉ်ကလည်း အသက်ဆိုတော့ သူ့ဆိုင်ရဲ့ Signature ဖြစ်တဲ့ Mook Sauce ကလည်း အသားကင်တွေနဲ့ တော်တော်လိုက်ဖက်ပါတယ်။ တခြား Thai Sauce နဲ့ Seafood Sauce လည်း ရှိပါတယ်။ အချဉ်ဆို ကိုယ်တိုင်အရသာစပ်ချင်သူတွေအတွက်လည်း လိုအပ်တဲ့ အဆာပလာတွေ ထားပေးထားပါသေးတယ်။ မူကထကို Cheeese နဲ့ပါ တွဲဖက်စားချင်တယ်ဆိုရင် Cheese ကလည်း Free Flow ပါပဲ။ 

ပုံမှန်ဈေးနှုန်း
======
35,000 Ks +++  (Carlsberg Beer Free Flow) 
29,900 KS +++ ( No beer )

ကလေးများအတွက်
=========
- ၃ပေအောက်ဆို (Free of Charge)
- အရပ် ၃ ပေ မှ ၄ ပေ ထိဆို (50% OFF)
- ၄ ပေ အထက်ကိုတော့ လူကြီးစျေးအတိုင်း သတ်မှတ်ထားပါတယ်။ 

စားသုံးချိန်
=====
၂ နာရီ

ပရိုမိုးရှင်း

=====

မတ်လအတွင်း သွားစားမှာဆို 20% Off ဆိုတော့ တစ်ယောက်ကို 24000 ++ Ks ပဲ ကျပါတော့မယ်။
Student ID Card ပြနိုင်ရင်တော့ 25% OFF ရပါတယ်။ 

ဒီနေ့ PayDay လေးဆိုတော့ မူကထ စားချင်တယ်ဆို ဒီဆိုင်ကို မနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီအတွင်းသွား 20% Off ပရိုမိုးရှင်း ရှိသေးတယ်။ 

မှတ်ချက်
====
- Food Waste များအတွက်ကိုတော့ KG ပေါ်မူတည်ပြီး Fees ကောက်ခံပါတယ်။ 
- Mook Mookata မှာ ပရိုမိုးရှင်းတွေကို နှစ်ခုပြိုင်တူ ခံစားခွင့် မရှိပါ။ 

2nd Floor, Kan Thar Yar Shopping center, Kan Yeik Thar Road, Mingalar Taung Nyunt Township.

09 40339 3347


Read 269 times.