Cafes & Restaurant

မင်္ဂလာတောင်ညွန့်ထဲက Private ဆန်ပြီး ဒိတ်လို့ကောင်းတဲ့ GA Cafe

February 21, 2024

သူ့ဆိုင်လေးက ဂုဏ်ရည် Residence အိမ်ရာဝန်းထဲမှာ သီးသန့်ဆန်ဆန် တည်ရှိနေတာဖြစ်တဲ့အတွက် လူရှင်းပြီး တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျတဲ့သူတွေ ထိုင်ကြတာ များပါတယ်။ အလုပ်လုပ်ချင်တဲ့သူတွေ၊ စာလုပ်မယ့်သူတွေ၊ အေးဆေးဒိတ်ချင်တဲ့သူတွေအတွက် ရွေးချယ်စရာ နေရာကောင်းတစ်ခုပါပဲ။ 

ဆိုင်နာမည်က GA Cafe ဖြစ်ပြီး ဆိုင်အတွင်းပိုင်းရော၊ အပြင်ပိုင်းမှာပါ Indoor Plants လေးတွေ ရှိတာကြောင့် မျက်စိပဒေသာဖြစ်စေပြီး ဓာတ်ပုံရိုက်လို့လည်း လှတဲ့နေရာလေးပါ။ ဆိုင်အတွင်းထဲမှာရော၊ အပြင်ဘက်မှာပါ ချစ်စရာခုံဝိုင်းလေးတွေ ပြင်ဆင်ပေးထားပါတယ်။ ကျယ်ဝန်းတဲ့ကားပါကင်ရှိသလို အဲကွန်းခန်းအေးအေးလေးထဲ ဝိုင်ဖိုင်ကလည်း Free ပါပဲ။ 

အစားအသောက်ပိုင်းမှာဆိုရင်လည်း အရသာကောင်းပြီး ရွေးချယ်စရာ မီနူးလေးတွေ စုံပါတယ်။ ကော်ဖီဆိုင်တွေမှာ ရနေကျ Cake တွေ၊ Burger တွေ၊ Fried Chicken တို့အပြင် Cheesy Lasagna တွေ၊ European Food တွေနဲ့ Dim Sum တွေပါ ရပါတယ်။ Drinks ပိုင်းမှာဆို Coffee အပြင် Fruit Juice၊ Milkshake၊ Frappe၊ Soda Drinks၊ Green Tea တို့လည်း ရှိပါသေးတယ်။ 

စျေးနှုန်းလေးတွေကတော့ ၃,၀၀၀ ကျော်လောက်ကနေ စရှိတာကြောင့် ဘတ်ဂျတ်မဟုတ်ပေမဲ့ စားရတာ အရသာရှိပြီး ထိမိပါတယ်။ Halal ဆိုင်ဖြစ်တဲ့အတွက် လူမျိုးမရွေး၊ ဘာသာမရွေး စိတ်ရှင်းရှင်းနဲ့ စားလို့ရပါတယ်။

တိတ်ဆိတ်ပြီး အေးဆေးဒိတ်လို့ရမယ့် နေရာလေးရှာနေရင် GA Cafe လေးသာ သွားထိုင်ကြည့်ပါ။ သူ့ဆိုင်မှာ Insta Spot နေရာလေးတွေလည်း ရှိတဲ့အတွက် ဓာတ်ဖမ်းချင်တဲ့ လူငယ်စုံတွဲလေးတွေ၊ သူငယ်ချင်းအုပ်စုတွေအတွက်လည်း အဆင်ပြေပါတယ်။ 

လိပ်စာ - UG-104 , Gonyi Residence, Myanma Gone Yi st, Yangon,

ဖုန်း - 09 45500 0520

ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီကနေ ည ၉ နာရီအထိ


Read 392 times.