Cafes & Restaurant

အင်းယားကန် View အလှကို ခံစားရင်း 20% Off နဲ့ မနက်စာစားမယ်

February 22, 2024

Noah by the Lake ဆိုတဲ့ Fine Dining ဆိုင်လေးဟာ Private ဆန်တဲ့ ခြံဝန်းကျယ်ကြီးထဲမှာ ဖွင့်ထားတာမို့ ချစ်ရသူတွေနဲ့အတူ အချိန်ကုန်ဆုံးဖို့ အကောင်းဆုံး သီးသန့်ကမ္ဘာငယ်လေးတစ်ခုပါပဲ။ ဒီဆိုင်လေးမှာ လတ်တလော ပေးနေတဲ့ ပရိုမိုးရှင်းကတော့ ဖေဖော်ဝါရီ (၂၂) ရက်နေ့ကနေ မတ်လ (၁၀) ရက်နေ့အထိ မနက်စာမီနူးတွေကို 20% Off ရရှိမှာဖြစ်ပါတယ်။ 

 

ဆိုင်ထဲ ဝင်လိုက်တာနဲ့ စိမ်းစိမ်းစိုစို ပန်းခြံလေးထဲရောက်သွားသလို ခံစားရစေတာမို့ စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ဘေးက အင်းယားကန် View အလှကို ခံစားရင်း Garden Area ထဲမှာ အေးဆေးထိုင်လို့ရသလို ဆိုင်အတွင်းဘက်မှာလည်း ဝိုင်ဖိုင်လေးသုံးရင်း ဇိမ်ကျလို့ ရပါတယ်။
 
သူ့ဆိုင်မှာ ဘာမီနူးတွေ ရလဲဆိုရင် - 

  • မနက်ခင်းကို ဟောင်ကောင် ဒင်ဆမ်းတွေ၊ တရုတ်စတိုင် ခေါက်ဆွဲမီနူးတွေ ရပါတယ်။ 
  • နေ့လည်နဲ့ ညနေပိုင်းဆိုရင် ထိုင်းစာ၊ တရုတ်စာတွေအပြင် Steak တွေ၊ European အစားအသောက်တွေ၊ ပရီမီယံ ပင်လယ်စာဟင်းပွဲတွေပါ ရှိတဲ့အတွက်ကြောင့် ရွေးချယ်စရာ စုံပါတယ်။

 

Fine Dining စားသောက်ဆိုင်ဖြစ်တဲ့အတွက် ပုံမှန်ဆိုင်တွေထက်တော့ စျေးကြီးပါတယ်။ စျေးကြီးပေမဲ့ ပေးရတဲ့စျေးနဲ့တန်တဲ့ စိတ်ခံစားမှုမျိုးလည်း ရရှိစေမှာပါ။ 

 

20% Off ပရိုမိုးရှင်းရမယ့် မနက်စာမီနူးတွေကတော့ -

  • Hong Kong Dimsum အားလုံးနဲ့ 
  • Sichuan Dan Dan Mian Noodle
  • Beef Brisket Noodle
  • Pickled Pepper Beef Noodle
  • Pickled Pepper Chicken Gizzard Noodle တို့ဖြစ်ပါတယ်။ 

 

ဒီဆိုင်မှာက View လည်း လှသလို ဆိုင်ရဲ့ အပြင်အဆင်ကလည်း ခမ်းနားတာမို့ Dinner Date တာမျိုး၊ အလုပ်က အရေးကြီတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံတာမျိုး၊ Private ပွဲလေးတွေ စီစဉ်တာမျိုးဆိုလည်း အဆင်ပြေမှာပါ။ 

 

တိတ်ဆိတ်သာယာတဲ့ မနက်ခင်းအလှကို ခံစားရင်း အရသာရှိတဲ့ မနက်စာကို 20% Off နဲ့ သုံးဆောင်နိုင်ဖို့ Noah by the Lake ကို သွားချင်တယ်ဆိုရင် -

လိပ်စာ - 3F၊ မေခလမ်း၊ မရမ်းကုန်းမြိုနယ်။ 
ဖုန်း - 09 781 548828
ဆိုင်ဖွင့်ချိန် - မနက် (၇) နာရီကနေ ည (၁၀) နာရီအထိ


Read 621 times.