Bars & Pubs

အဆိုတော် ဇော်ပိုင်ရဲ့ တေးသီချင်း ဖျော်ဖြေမှုနဲ့အတူ ၃ သောင်း ကျပ်တန် ဘူဖေး

September 21, 2023

တစ်ပတ်လုံး ညစ်နွမ်းခဲ့သမျှ စိတ်ကို အပန်းဖြေဖို့ Hotel Grand Vista ရဲ့ အပေါ်ဆုံးထပ် (၉) လွှာမှာ ရှိတဲ့ The Strip Yangon - Rooftop Bar မှာ အဆိုတော်ဇော်ပိုင်ရဲ့ Live Music ဖျော်ဖြေမှုကို ခံစားနားဆင်ရင်း အမြည်းဟင်း အမျိုးအစားပေါင်း (၁၂) မျိုးနဲ့ ကော့တေး (၁) ခွက်ပါတဲ့ ဘူဖေးကို သုံးဆောင်နိုင်မယ့် အစီအစဉ်ရှိပါတယ်။

The Strip Yangon က Rooftop Bar ဖြစ်တဲ့အတွက် ရန်ကုန်မြစ်နဲ့ မြို့ပြအလှကို အပေါ်စီးကနေ ကြည့်ရှုခံစားရင်း ဆွေးချင်သူတွေအတွက်၊ Old Flame Band နဲ့အတူ ဖျော်ဖြေမယ့် အဆိုတော် ဇော်ပိုင်ရဲ့ Live သီဆိုဖျော်ဖြေမှုမှာ စီးမျောခံစားချင်သူတွေအတွက်၊ ၃၀,၀၀၀ ကျပ်တန် ဘူဖေး သုံးဆောင်ရင်း ပိတ်ရက်မှာ ဘော်ဒါတွေနဲ့အတူ Chill ချင်သူတွေအတွက် လုံး၀လက်မလွှတ်သင့်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။   

ဘူဖေးမှာ ပါဝင်တဲ့ အမြည်းဟင်းပွဲ (၁၂) မျိုးကတော့ -

Appetizer အနေနဲ့ 

- Fried Potato

- Mala Flavour Chicken Neck

- Chicken Meat Ball

- Crispy Shrimp

- Chives Root

Salad မှာဆိုရင်

- Prawn Enoki Mushroom Salad

- Boneless Chicken Feet Salad

- Wood Ear Fungus Salad

Vegetable အနေနဲ့

- Stir Fried Kailan with Salty Fish

Soup ထဲမှာတော့ 

- Shredded Chicken Corn Soup

Rice နဲ့ Noodle အနေနဲ့

- TSY Chef Special Fried Rice

- Charsiu Fried Noodle တွေကို စိတ်ကြိုက် သုံးဆောင်နိုင်မယ့်အပြင် Welcome Drink အနေနဲ့ Cocktail (၁) ခွက် တိုက်မယ့် အစီအစဉ်ရှိပါသေးတယ်။

Advertisement

Click Here > Real Hub

ပွဲလုပ်မယ့် နေ့ရက်နဲ့ အချိန်ကတော့ စက်တင်ဘာ (၂၃) ရက်နေ့ ညနေ (၆) နာရီကနေ ည (၁၀) နာရီခွဲအထိ ဖြစ်ပါတယ်။ အ၀စား ဘူဖေး သုံးဆောင်နိုင်မယ့်အချိန်ကတော့ TSY ရဲ့ Happy Hours ဖြစ်တဲ့ ညနေ (၇) နာရီကနေ (၉) နာရီအတွင်းပဲ ဖြစ်ပါတယ်။ 

ဟိုတယ်နဲ့ တွဲလျက်ရှိတဲ့ ဘားဖြစ်တဲ့အတွက် အိမ်ပြန်ချိန်တွေ မေ့ပြီး ကဲနေရင်း မိုးချုပ်သွားလို့ဖြစ်ဖြစ် အမူးလွန်ပြီး မှောက်သွားရင်ဖြစ်ဖြစ် ဟိုတယ်မှာ အခန်းယူပြီး အနားဝင်ယူလိုက်ရုံပဲဆိုတော့ ပိုအဆင်ပြေတာပေါ့။ 

ဘိုကင်ကြိုယူထားရန် - 09400075630
လိပ်စာ - အမှတ် - (၃၀၃-၃၀၅)၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ (Hotel Grand Vista - 9th Floor)


Read 392 times.