Special Deals

ဗုဒ္ဓဟူးနေ့တိုင်း ဖေဖော်ဝါရီ မွေးလရှင်တွေအတွက် လက်ဆောင်ပေးမယ့် The Belly’s Pub

February 7, 2024

The Belly's Pub ဆိုင်က အသောက်တလိုင်းဘော်ဒါတွေအတွက် ပရိုမိုးရှင်းတွေကို မရိုးရ၊ မထပ်ရအောင် အမြဲပေးနေတဲ့ ဆိုင်လေးဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ဗုဒ္ဓဟူးနေ့တိုင်း ဖေဖော်ဝါရီမွေးလရှင်တွေအတွက် ဘီယာတွေ၊ သျှီသျှားအိုးတွေ၊ ဟင်းပွဲတွေကို လက်ဆောင်ပေးမယ့် အစီအစဉ်ရှိပါသေးတယ်။  

သူ့ရဲ့ဆိုင်အနေအထားက ရှေးဟောင်းအိမ်အိုလေးတစ်လုံးနဲ့ တူပါတယ်။ အောက်ထပ်ဝိုင်းရော အပေါ်ထပ် Rooftop မှာပါ အေးဆေး Chill လို့ရပါတယ်။ အောက်ထပ်က Bar Counter ရှိတဲ့နားဆိုရင် ဘိလိယက်ခုံကြီးပါ ရှိပါတယ်။ February မှာ မွေးဖွားကြတဲ့ Birthday Boy တွေ၊ Birthday Girl တွေအတွက် The Belly's Pub မှာ ဘာတွေပေးနေလဲ?

  • Tiger 1 Tower (or) ကချင်ငါးကင် + ကြက်ကာလသားဟင်းချိုကို မေတ္တာလက်ဆောင်အဖြစ်ပေးသွားမှာပဲဖြစ်ပါတယ်။

သတ်မှတ်ချက် : (မွေးလရှင်အပါအဝင် အနည်းဆုံး (၄) ယောက်သွားပြီး အနည်းဆုံး (40,000) ဖိုးတော့ သုံးပေးရပါမယ်)

  • ၄၀,၀၀၀ ကျပ်တန် Royal Park Whisky 1 လုံး (or) Beer 1 Tower + သျှီသျှား 1 အိုးကို လက်ဆောင်ပေးသွားမှာပါ။

သတ်မှတ်ချက် : (မွေးလရှင်အပါအဝင် အနည်းဆုံး (၈) ယောက်သွားပြီး အနည်းဆုံး (100,000) ဖိုးလေးတော့ သုံးပေးရပါမယ်)

ဖေဖော်ဝါရီလ မွေးတယ်ဆိုတာ သက်သေပြဖို့ မှတ်ပုံတင် ဒါမှမဟုတ် လိုင်စင်လေးကိုတော့ ယူဆောင်သွားဖို့ မမေ့ပါနဲ့။ The Belly’s Pub ရဲ့ ဗုဒ္ဓဟူးနေ့တိုင်းမှာ ဖေဖော်ဝါရီ မွေးလရှင်တွေအတွက် စီစဉ်ပေးထားတာဖြစ်လို့ ဒီနေ့မမှီလဲ နောက်လာမယ့် ဗုဒ္ဓဟူးနေ့တွေမှာ ပါဝင်နိုင်ပါတယ်။ 

The Belly's Pub ရဲ့ Wednesday ကနေ Sunday နေ့တွေအထိ မတူညီတဲ့ Music Band တွေနဲ့ မတူညီတဲ့ဖျော်ဖြေတင်ဆက်မှုတွေလည်း အမြဲရှိပါတယ်။

Address : No. 6-A, Moe Kaung Road, Yankin Township, Yangon

Phone : 09400733147


Read 295 times.