The Lunch Boxရဲ့ Special Menu (ဝက်/ကြက်ကောက်ညှင်း၊ ဝက်လက်စတူး နှင့် ဝက်သားတုတ်ထိုး)
Old Customer အားလုံးအတွက် 15%discount နော်....
Special Menu အသစ် ထွက်မယ်ဆိုပြီး မထွက်သေးလို့ စိတ်ကောက်နေကြတဲ့ TLB ရဲ့ foodies လေးတွေအတွက် နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ Menu လေးကတော့ ဝက်ကောက်ညှင်းဘဲဖြစ်ပါတယ်..........
ဒီဝက်ကောက်ညှင်းရဲ့အရသာကို ပုံဖော်ပြီး ပြောပြရမယ်ဆိုရင် ကောက်ညှင်းစေးစေးလေးကိုမှ နူးအိနေတဲ့ ဝက်လိုင်းသား၊ ဝက်သုံးထပ်သား နိုင်းချင်း ပါဝင်တဲ့ အပြင်၊ ဓာတုဆေးဝါး၊ယမ်းစိမ်းသုံးစွဲထားခြင်း၊ ပလတ်စတစ်ဖြင့်ပြုလုပ်ထားခြင်း လုံးဝမရှိတဲ့ သဘာဝ
ဝက်အူချောင်း၊ တစ်ထုတ်ထုတ်နဲ့ အရသာရှိတဲ့ ရှီတကီ မှို၊ အရသာလေးလေးချိုချိုလေးနဲ့ ရွှေပုစွန်ခြောက်၊ ဆိမ့်ပြီးပါးစပ်ထဲမှာ စွဲနေစေမယ့် သီဟိုဠ်စေ့နဲ့ မြေပဲ၊ ချိုမြတဲ့အရသာကိုပေးမယ့် ဥနီလေးတွေပါဝင်တဲ့ ဒီ ဝက်ကောက်ညှင်းရဲ့ အစပ်အဟပ် တည့်မှုကတော့
ပြောမယုံ ကြုံမှ သိမှာမို့ တစ်ပွဲကို (15,000) ကျပ်ဖြင့် Page Messenger >> http://m.me/Thelunchboxygn/ (သို့မဟုတ်) 09 45 636 2323 သို့ ဆက်သွယ်စုံစမ်းမေးမြန်းပြီး မှာယူရရှိနိုင်ပါပြီနော် ......
Old customer တွေအတွက် 15% discount ပေးမယ့်အပြင် 30,000 ဖိုးကျော်တာနှင့် Delivery free ဖြင့် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်နော်...........
ဒီ promotion လေးကတော့ စက်တင်ဘာလ ၃၀ ရက်နေ့အထိဘဲ ပေးသွားမှာဖြစ်ပါတယ် .......ဝက်သားမစားတဲ့သူတွေအတွက်လည်း ဗမာကြက်ကောက်ညှင်း တစ်ကောင်ကို (18,000) ကျပ်ဖြင့် မှာယူရရှိနိုင်ပါတယ်.....
TLB ရဲ့ Special Menu ဆိုတာနဲ့ ကြက်ကောက်ညှင်း၊ ဝက်လက်စတူး နှင့် ဝက်သားတုတ်ထိုးဆိုတာ သိပြီးသားဖြစ်ကြမှာပါ.....
စျေးနှုန်းတွေကတော့
ကြက်ကောက်ညှင်းအစိုတစ်ကောင် - 18,000 ကျပ်
(ကုန်ကြမ်းစျေးနှုန်းများ တက်နေသဖြင့် စျေးနှုန်းယာယီပြောင်းလဲထားခြင်းဖြစ်ပါတယ် )
ဝက်လက်စတူး
ပုံမှန်ပွဲ - 10,000 ကျပ်
ပွဲကြီး 15,000 ကျပ်
ဝက်သားတုတ်ထိုး
ပွဲသေး - 10,000 ကျပ်
ပွဲကြီး - 18,000 ကျပ်
TLB ရဲ့ Signature Special Menu တစ်ခုဖြစ်တဲ့ ကြက်ကောက်ညှင်းအစိုကတော့ ဗမာကြက်တစ်ကောင်လုံးကို ကောက်ညှင်း၊ မှို ၊ သီဟိုဠ်စေ့ အစာသွပ်ပေါင်းထားပေးပြီး အပေါ်ကနေ ဆော့စ်လေးဆမ်းပေးထားတဲ့ အတွက် သူ့ရဲ့အရသာက တစ်လုတ်စားကြည့်ရုံနဲ့ တစ်ခြားဘာနဲ့မှ လဲမရအောင် ပါးစပ်ထဲမှာနူးညံ့ပျော့ပျောင်းပြီး အရသာရှိနေမှာပါနော် ...........
ဝက်လက်တစ်ချောင်းလုံးကို 8နာရီကြာအောင် Pressure Cooker နဲ့ ပေါင်းပေးထားတဲ့အတွက် အသားရောအခေါက်ပါ အိနေတဲ့အပြင် စားလိုက်တာနဲ့ တစ်ထုပ်ထုပ်ဖြစ်နေမယ့် ဘဲဥ၊ အဆီအနှစ်တွေဆိမ့်ဝင်နေလို့ စားပြီးရင်း ထပ်စားချင်စိတ်ဖြစ်စေတဲ့ မုန်ညင်းရွက်၊ နူးအိပြီးအရသာအပြည့်နဲ့ ရှီတကဲ မှိုလေးတွေပါ ပါတဲ့အတွက်ပါးစပ်ထဲရောက်တာ နဲ့ ပျော်၀င်သွားပြီး အရသာရှိလိုက်တာ ဆိုတဲ့ခံစားချက်တွေပေးမယ့်Menu လေးကတော့ ဝက်လက်စတူးလေးဘဲ ဖြစ်ပါတယ်နော်..............
သန့်ရှင်းလတ်ဆတ်မှုနဲ့အရသာထူးကဲမှုကိုအလေးပေးပြီး ဘေးဥပါဒ် ဖြစ်စေတဲ့ အချိုမှုန့် စားအုန်းဆီ လုံးဝ သုံးစွဲထားခြင်းမရှိဘဲ ဝက်တစ်ကောင်လုံးရဲ့ လူကြိုက်အများဆုံး အမယ်စုံပါဝင်တာကတော့ TheLunchBox ရဲ့ ဝက်သားတုတ်ထိုးဘဲ ဖြစ်ပါတယ်..........
တုတ်ထိုးနဲ့ လိုက်ဖက်တဲ့ အချဉ်ရည်လေးအပြင် ဘဲဥ ၊ ကြာဇံကြော်၊ ကြက်သွန်သုပ်၊ သခွားသီးတို့စရာတွေ ပါ ပါတဲ့အတွက် တစ်ဘူးထဲနဲ့ လျှာလည်စေမှာပါနော်..........
မှာယူချင်တယ်ဆိုရင်တော့ Page Messenger >> http://m.me/Thelunchboxygn/ (သို့မဟုတ်) 09 45 636 2323 သို့ ဆက်သွယ်စုံစမ်းမေးမြန်းမှာယူနိုင်ပါတယ်နော်............
By Wyk (Myanmar Restaurant Guide)