Bars & Pubs

TGIF မှာ အကင်နဲ့ ဘီယာ ရှယ်ကြိတ်လို့ကောင်းမယ့် ဆိုင် (၅) ဆိုင်

June 23, 2023

TGIF ဆိုရင် လူတိုင်းက ရုံးဆင်းတာနဲ့ အိမ်တန်းပြန်တဲ့သူတွေ ရှားပါတယ်။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ စုပြီး သောက်ကြ စားကြ ပျော်ပါးကြတာ များပါတယ်။ အသောက်တလိုင်းတွေအတွက်ရော အစားတလိုင်းတွေအတွက်ပါ ရှယ်ကြိတ် ရှယ်သောက်လို့ ကောင်းမယ့် ဆိုင်လေး (၅) ဆိုင်လောက်ကို ပြောပြပေးချင်ပါတယ်။ 

I Four

ဒီဆိုင်လေးကတော့ ဦးဖိုးစိန် နတ်မောက်လမ်းမှာ Bar နဲ့ BBQ တွဲဖွင့်ထားတဲ့ Restaurant လေး တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်လေးကလည်း သစ်ပင်ကြီးတွေကို မီးလုံးလေးတွေနဲ့ အလှဆင်ထားတာကြောင့် ညဘက်ဆို ဓာတ်ပုံရိုက်လို့လည်း ကောင်းပါတယ်။

ဒီဆိုင်လေးမှာ အကင် BBQ တွေအပြင် ရှူးရှူးရှဲရှဲ ကြိုက်သူတွေအတွက်လည်း အထောင်းစုံ၊ အကင်စုံနဲ့ အကြော်စုံတွေလည်း ရနိုင်ပါတယ် ။ DJ artist တွေလည်း လာရောက် ဖျော်ဖြေပေးတဲ့အပြင် တစ်ခါတစ်လေ Unplugged Show တွေလည်း ရှိသေးတာမို့ စားရင်းသောက်ရင်း အပျင်းပြေစရာပါပဲ။ သောက်စရာတွေကလည်း အစုံအလင်ရရှိတာကြောင့် TGIF မှာ Chill ဖို့ နေရာလေးရှာနေတာဆိုရင်တော့ ဒီဆိုင်လေးကို မေ့ထားလို့ မရဘူးနော်။

လိပ်စာ- အမှတ် ၁၂/က ဦးဖိုးစိန်လမ်း၊ တာမွေမြို့နယ်

Facebook Page >> https://www.facebook.com/iFourBar

ရွှေခိုင်

ညနေခင်းမှာ ဆူညံတာတွေ မကြိုက်တဲ့သူတွေ၊ အလုပ်ကိစ္စပြောဖို့ အေးအေးဆေးဆေး ငြိမ်သက်တဲ့ နေရာလေးတွေ ရှာနေတဲ့သူတွေဆိုရင်တော့ ကမ္ဘာအေးက ရွှေခိုင်ဆိုတဲ့ ဆိုင်လေးက ထိုင်လို့ကောင်းတဲ့ ဆိုင်လေးတွေထဲ ပါဝင်ပါတယ် ။ 

ဒီဆိုင်လေးက အကင်မျိုးစုံနဲ့ ဟင်းပွဲအသစ်အဆန်းတွေ မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ အံကိုက်ပါပဲ။ အထောင်းမျိုးစုံ၊ ဖျော်ရည်စုံ၊ ယမကာစုံလည်း ရပါသေးတယ်။ သူက အောက်ဆုံးထပ်မှာ ထိုင်လို့ရတဲ့အပြင် အပေါ်ဆုံးထပ်မှာလည်း Rooftop စတိုင်လေးနဲ့ဆိုတော့ လေကောင်းလေသန့် ရှူချင်သူတွေအတွက်တော့ ရှယ်ပါပဲ ။ 

လိပ်စာ - အမှတ်(31-D)၊ ကန်ရိပ်သာလမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်

Facebook Page >> https://www.facebook.com/ShweKhaingBBQYangon

Advertisement

Click Here > Tun Myint General Trading

Tropical

ဒီတစ်ခါတော့ Beach vibe ကို အပြည့်အဝ ခံစားလို့ရမယ့် ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဆိုင်ရဲ့ Decoration ကအစ Beach vibe ကို ရရှိစေတဲ့ အပြင် Unplugged တွေနဲ့လည်း ဖျော်ဖြေပေးသေးတယ်နော်။ အစားအသောက်ပိုင်းကတော့ အစားတစ်လိုင်းတွေအကြိုက် အကင်စုံကို စိတ်ကြိုက်ကိုယ်တိုင်ရွေးချယ် လို့ရပါတယ်။

သောက်စရာ အစုံအလင်နဲ့ သစ်သီဖျော်ရည်အစ ဘီယာ၊ ကော့တေး၊ ဝီစကီ အစုံရပါတယ်။  Unplugged ကသီချင်းလေး နားထောင်ရင်း Beach vibe လေးနဲ့ အေးဆေး Chill လို့ရတော့ အရမ်းမိုက်နေပါပြီ။ 

လိပ်စာ - အောင်ဇေယျလမ်း၊ ၃၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ 

Facebook Page >> https://www.facebook.com/tropicalbeergardenBBQ

The Lord

နောက်ထပ် BBQ တွေစားရင်း ဘီယာလေးနဲ့ Chill လို့ကောင်းမယ့် ဆိုင်လေးကတော့  The Lord ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ 

ဒီဆိုင်လေးမှာတော့ သူငယ်ချင်းတွေ စုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တပတ်တာ ပင်ပန်းထားသမျှတွေကို စိတ်အပန်းဖြေလို့ကောင်းမယ့် ဆိုင်လေးပါ။ BBQ အကင်တွေ မျိုးစုံ စားလို့ရတဲ့အပြင် သောက်စရာ စုံစုံလင်လင်နဲ့ စိတ်ကြိုက်ပျော်ပါးလို့ ရမှာပါ။

လိပ်စာ  - အမှတ် (၁၆)၊ အောင်ဇေယျလမ်း၊ ၁၃ ဘ‌လောက်၊ ရန်ကင်းမြို့နယ်။

Facebook Page >> https://www.facebook.com/TheLordBarBBQRestaurantYankin

Beer vibe

စမ်းချောင်းနား တစ်ဝိုက်မှာ အမြည်းတွေနဲ့ ရှယ်ကြိတ် ရှယ် Chill ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက မဆိုးဘူးနော်။ အကင်တွေကိုပဲ ကြိုက်တာရွေးမလား တခြား အစားအစာ အမြည်းတွေပဲ ရွေးမလား အစားတစ်လိုင်း အသောက်တစ်လိုင်းတို့ အကြိုက်ပဲ။ Bar ထဲမှာမှ အစားအစာ ဆိုင်လေးတွေ ထပ်ဖွင့်ထားတော့ မသိရင် BKK Market ထဲ‌ ရောက်နေတဲ့ ခံစားချက်လေး ရနေမှာပါ။ 

လိပ်စာကတော့ - အမှတ်(၂) မြေနီလမ်း (ဟံသာ၀တီကားမှတ်တိုင် ဘေးလမ်း)၊ ပြည်လမ်း၊ ဟံသာ၀တီအဝိုင်းအနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

Facebook Page >> https://www.facebook.com/beervibe2020


Read 415 times.