Bars & Pubs

အိမ်ပြန်ချိန်ကိုတောင် မေ့သွားစေမယ့် B2B Bar ရဲ့ Payday Promotion

January 31, 2024

ဒီနေ့က Pay Day ဆိုတော့ လက်ထဲအိတ်ဖောင်းတုန်း ဘယ်သွားဖို့ စီစဉ်နေကြလဲ? ရေကူးကန်ဘေးမှာ ဘီယာလေးသောက်၊ အမြည်းလေးစားရင်း လစ်ချင်တာဆိုရင် Bar 2 Bar Restaurant မှာ ဘော်ဒါတွေ စုံလိုက်တော့နော်။ Pay Day အတွက် Beer Buffet ပရိုမိုးရှင်း ရှိတဲ့အပြင် Food Menu တွေကို 5% Off နဲ့ စီစဉ်ပေးထားပါတယ်။ 

တောင်ဥက္ကလာ၊ ကျော်သူ (၂၁) လမ်းထဲမှာ ရှိတဲ့ ခြံဝန်းထဲက Pool Bar ဖြစ်ပါတယ်။ ရေကူးကန်ဘေးမှာ ထိုင်ရင်း Chill ဖို့ ဝိုင်းတွေလည်း ရှိပါတယ်။ ဘေးမှာက ရေကူးကန်ဆိုတော့ ရေကူးချင်လာတာနဲ့ တစ်ခါတည်း ခုန်ဆင်းလိုက်ရုံပါပဲ။ ကျူထရံကာအမိုးနဲ့ Fairy Lights တွေကို အသုံးပြု ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ကျေးလက်ဆန်ဆန် Pool Bar Vibe ကို ရစေပါတယ်။ 

သူငယ်ချင်းအဖွဲ့လိုက် သွားလည်း သင့်တော်သလို မိသားစုလိုက် သွားချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ သားသား မီးမီးလေးတွေ ပျော်ဖို့ ရေကူးကန်မှာ ဘောကွင်းလေးတွေ စီစဉ်ပေးထားသေးတဲ့အပြင် ကန်ထဲမဆင်းရဲတဲ့ သားသား မီးမီးလေးတွေ ပါလာမယ်ဆိုလည်း ကန်ဘေးမှာ လေထိုးရေကူးကန် ထားပေးထားပါတယ်။

ရေကူကန်းကြေးက လူကြီးတစ်ယောက်ကို ၈,၀၀၀ ကျပ်ပါ။ ၁၅ နှစ်အောက်ဆို ရေကူးကန်ကြေး Free ပါ။ လုံခြုံစိတ်ချရတဲ့ ကားပါကင်လေးမှာ စိတ်ချလက်ချ ရပ်နားထားလို့ရတဲ့အတွက် ကားပါကင်အတွက် မပူရပါဘူးနော်။  

ဆိုင်အနေအထားအကြောင်း ပြောပြီးပြီဆိုတော့ ပရိုမိုးရှင်းအကြောင်း ဆက်ပြောပါမယ်။ သူ့ဆိုင်ကို ဒီနေ့သွားမယ်ဆိုရင် ၁၁,၀၀၀ ကျပ်နဲ့ (၃) နာရီအ၀သောက် ဘီယာဘူဖေး အစီအစဉ် ရှိပါတယ်။ ဘူဖေးမှာ တိုက်မယ့် ဘီယာကတော့ B2B Bar ရဲ့ Signature Beer ဖြစ်ပါတယ်။ ဒါတင်မကသေး ကြိုက်တဲ့ အမြည်းကိုစား ဘာစားစား 5% Discount လည်း ထပ်ရဦးမှာပါ။ ပရိုမိုးရှင်းက အစားရော အသောက်ရော ၂ မျိုးလုံးဆိုတော့ ရေမီးအစုံနဲ့ လေထီးခုန်ရုံပါပဲ။ 

Bar 2 Bar မှာ အရသာအရှိဆုံးက Beer၊ Cocktail နဲ့ အလိုက်ဖက်ဆုံး ကမ်းခြေပုဇွန်ကင်ပါဘဲ။ ပုဇွန်ကင်လေးစားရင်း ကမ်းခြေမှာ အပန်းဖြေနေသလိုပဲပေါ့။ ဆိုင်သွားမယ်ဆိုရင် Limited table မို့ Reservation ကြိုတင်ပေးဖို့တော့ လိုပါမယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၁၁) နာရီကနေ ည (၁၁) နာရီအထိ နေ့တိုင်းဖွင့်ပါတယ်။ 

Bar 2 Bar Restaurant

09679703013

No 1019 / 9 Quarter / Kyaw Thu 21 street / South Okkalapa

Related Article : Rooftop Bar မှာ ၁၀,၀၀၀ ကျပ်နဲ့ Shots Buffet သောက်ပြီး မှောက်ချင်သူတွေအတွက်

>> https://www.restaurantguide.com.mm/article/the-bash-yangon-shots.html


Read 291 times.