Bars & Pubs

TGIF မှာ ဝန်ထမ်းကဒ် (၁) ကဒ် ပါတာနဲ့ ဘီယာ (၁) တာဝါ Free

October 6, 2023

ကြာကြာသောက်ရမယ့် သောကြာနေ့လေးတောင် ပြန်လည်ရောက်ရှိလို့ လာပြီဆိုတော့ ဒီနေ့ ဘယ်ဘုံဆိုင်ကို လစ်ဖို့ စဉ်းစားထားကြလဲ? ကိုယ့်လူတို့ အတွေးမများစေဖို့ တစ်ပတ်လုံး အလုပ်တွေနဲ့ Stress များနေခဲ့တဲ့ ရုံးဝန်ထမ်းတွေအတွက် ဘီယာ (၁) တာဝါ Free ကစ်ရမယ့် ပရိုမိုးရှင်းအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ 

တစ်ပတ်လုံး ညစ်နွမ်းခဲ့သမျှကို Zee Kwet Sky Bar မှာ Chill ရင်း Beer (1) Tower FREE ရမယ့် အစီအစဉ်လေးကို ရယူဖို့ဆို လူ (၅) ယောက် စုနိုင်ဖို့နဲ့ ဝန်ထမ်းကဒ် (၁) ကဒ်ပဲ လိုပါတယ်။  သူ့ဆိုင်ကို လူ (၅) ယောက်သွားပြီး ဝန်ထမ်းကဒ် (၁) ကဒ် ပြလိုက်ရင် ဘီယာ (၁) တာဝါ ဖရီး ရပါပြီ။ ဒီပရိုမိုးရှင်းကာလကို အောက်တိုဘာ (၁) ရက်နေ့ကနေ အောက်တိုဘာ (၁၀) ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ 

Zee Kwet Bar က သာကေတ Uptown Hotel ရဲ့ Sky Bar ဖြစ်တဲ့အတွက် မြို့ပြရဲ့ ညရှုခင်းအပြင် ပဲခူးမြစ်ရဲ့အလှကို အပေါ်စီးကနေ မြင်တွေ့ခံစားနိုင်ပါတယ်။ လေလေးတဖြူးဖြူးကြောင့် သောက်လိုက်တဲ့ ဘီယာခွက်တိုင်းက အမောပြေပြီး အေးမြလန်းဆန်းသွားစေမှာပါ။ 

သောက်စရာဖျော်ရည်ယမကာတွေနဲ့ အမြည်းလည်း စုံတာမို့ အသောက်တလိုင်းအတွက်ရော အစားတလိုင်းတွေအတွက်ပါ အဆင်ပြေပါတယ်။ Unplugged အစီအစဉ်လည်း ရှိတာကြောင့် အေးချမ်းတဲ့ ပဲခူးမြစ်က ဖြတ်တိုက်လာတဲ့ လေကို ရှုရှိုက်ရင်း ငြိမ့်ညောင်းတဲ့ သံစဉ်တွေကြား စီးမျောလို့ ရပါတယ်။ 

ဒါ့အပြင် အမှောက်သောက်ပြီး အိမ်ပြန်ချိန်နောက်ကျတတ်တဲ့ သူတွေဆိုရင် အောက်ထပ်မှာ အခန်းငှားပြီး အနားယူရုံပါပဲ။ ဒါတင်မကသေး မိုးလင်းလို့ ညက အရှိန်ကြောင့် ‌ခေါင်းကိုက်နေရင် Hotel ရဲ့ Spa မှာ အကြောဖြေခဲ့လို့ ရပါသေးတယ်။ 

ဒီလောက်ဆိုရင်တော့ TGIF ကြီးကို Zee Kwet မှာ ဘော်ဒါတွေနဲ့အတူ ဖြတ်သန်းဖို့ အကြောင်းပြချက် လုံလောက်ပြီ ထင်ပါတယ်နော်။ လူညီတဲ့ အတူသောက်နေကျ ဘော်ဒါတွေ ရှိရင်တော့ အခုထဲက လူစုထားလိုက်တာ အကောင်းဆုံးပါ။ 

Address - No 852 D/E, Shu Khin Thar Street, Tharketa, Yangon.

Phone – 09 260 792 896


Read 324 times.