Special Deals

Tattoo ပါတာနဲ့ The Belly's Pub မှာ Beer အလကား သောက်လို့ရပါပြီ

September 26, 2023

တက်တူးထိုးထားတဲ့ ကောင်မလေးတွေ၊ Couple တက်တူးထိုးထားတဲ့ အတွဲတွေ ရှိလား? ရှိတယ်ဆိုရင်တော့ စက်တင်ဘာလ (၂၇) ရက်နေ့ကနေ အောက်တိုဘာ (၁) ရက်နေ့အထိ The Belly's Pub မှာ Heineken ဘီယာ အလကား သောက်ရမယ့် ပရိုမိုးရှင်း ရှိပါတယ်။

The Belly’s Pub ရဲ့ ဆိုင်ပုံစံက Vintage ဆန်ဆန်နဲ့ ခေတ်ဟောင်းအိမ်တစ်လုံးထဲကို ရောက်သွားသလို ခံစားရစေပါတယ်။ စားစရာအမြည်းနဲ့ သောက်စရာတွေလည်း စုံတာကြောင့် လူငယ်တွေအတွက် Chill လို့ ကောင်းတဲ့ Bar ပါ။ သူ့ဆိုင်က ပရိုမိုးရှင်းတွေလည်း ခဏခဏ ပေးပါတယ်။ ဒီတစ်ခါကတော့ -

အထာကျကျ Fancy Tattoo ပါတဲ့ ကောင်မလေးဆိုရင် အနည်းဆုံး နောက်ထပ် သူငယ်ချင်း (၂) ယောက် ခေါ်သွားပြီး The Belly's Pub မှာ Heineken ဘီယာ (၅) ခွက်ကို ဖရီး လက်ဆောင် ရယူနိုင်ပါတယ်။

အဲ့တာတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အရမ်းချစ်ကြတဲ့ Couple Tattoo နဲ့ ချစ်သူစုံတွဲတွေအတွက်ကိုလည်း Tattoo ပိုင်ရှင်စုံတွဲအပါအဝင် အနည်းဆုံး (၅) ယောက် သွားတာနဲ့ Heineken (၁) တာဝါ လက်ဆောင် ရရှိမှာပါ။ 

ဒီတော့ Couple Tattoo နဲ့ပဲဖြစ်ဖြစ်၊ Solo Tattoo နဲ့ပဲဖြစ်ဖြစ်၊ Tattoo နဲ့ဆိုရင် ဘီယာကို တန်တန်လေး သောက်ရမှာဆိုတော့ အခုထဲက အတူခေါ်သွားမယ့် သူငယ်ချင်းတွေကို ညှိထားလိုက်တော့နော်။

Address : No. 6-A, Moe Kaung Road, Yankin Township, Yangon

Phone : 09400733147


Read 379 times.