ငွေ (၁,၀၀၀) ကျပ်လောက်နဲ့ ဆိုင်လှလှလေးမှာ ကော်ဖီဒိတ်လေး လုပ်ကြမယ်
ကိတ်နဲ့ ဒိုးနပ်မှာဆို နာမည်ရပြီးသားဖြစ်တဲ့ Sweet Angel က ကြည့်မြင်တိုင်၊ ဟုမ်းလမ်းမှတ်တိုင်အနီးမှာ Sweet Angel Bakehouse ဆိုပြီး ဆိုင်ခန်းလေး ဖွင့်လိုက်ပါပြီ။ အရင်တုန်းက သူ့မုန့်တွေကို အွန်လိုင်းကနေပဲ ရောင်းချသလို ရွှေပုလ္လင်စားသောက်ဆိုင်တွေမှာပဲ တင်ရောင်းတာပါ။ အခုတော့ ကော်ဖီဆိုင်လေးနဲ့ တွဲဖွင့်လိုက်ပြီဆိုတော့ အေးအေးဆေဆေး ကော်ဖီဒိတ်လို့ရမယ့် ဆိုင်တစ်ဆိုင် ထပ်တိုးလာပါပြီ။
ဆိုင်အပြင်အဆင်က ပန်းရောင်နဲ့ အပြာရောင်လွင်လွင်လေးကို သုံးထားတဲ့အတွက် မျက်စိအေးတဲ့အပြင် ချစ်စရာကောင်းပါတယ်။ စိတ်ကောက်နေတဲ့ ကောင်မလေးကို ချော့ချင်ရင် ဒီဆိုင်လေးမှာ ဒိုးနပ်ကျွေးပြီး ချော့ကြည့်ပေါ့နော်။
Click Here > Ko Tint Lwin & Brothers
ဆိုင်လေးက ကျယ်ကျယ်ဝန်းဝန်း ရှိပြီး အဲကွန်းလည်း တပ်ထားပေးပါတယ်။ တစ်ဆိုင်လုံး Lighting ကောင်းပြီး ဓာတ်ပုံရိုက်စရာ နေရာလှလှလေးတွေလည်း ပြင်ဆင်ပေးထားပါတယ်။ ကားပါကင်လည်းရှိတော့ ကားနဲ့ သွားမယ့်သူတွေ ပါကင်အတွက် ပူစရာမလိုတော့ပါဘူး။ ဝိုင်ဖိုင် ဖရီးပေးထားတဲ့အတွက် ကိုယ့်အိမ်မှာ မီးပျက်နေရင် ဒီဆိုင်ရဲ့ အဲကွန်းခန်းလေးထဲမှာ အလုပ်ဖြစ်ဖြစ် စာဖြစ်ဖြစ် ထိုင်လုပ်လို့ ရပါသေးတယ်။
Sweet Angel Bakehouse ဆိုင်လေးမှာဆိုရင် ဒိုးနပ်၊ ကိတ်၊ ပေါင်မုန့်၊ ကွတ်ကီး အစုံရှိတဲ့အပြင် သောက်စရာ အအေး၊ ကော်ဖီနဲ့ ရေခဲမုန့်တွေလည်း ရတော့ ကလေးတွေပါ ခေါ်သွားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဆိုင်ကို မှန်တွေနဲ့ ကာရံထားတော့ အပြင်ရှုခင်းလေးကြည့်ပြီး တစ်ယောက်တည်း နားအေးပါးအေး ထိုင်မယ်ဆိုလည်း ရသလို ချစ်ရသူနဲ့ Window Seat မှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဒိတ်မယ်ဆိုလည်း ကြည်နူးစရာလေးပါ။
သူ့ဆိုင်ရဲ့ ပေါင်မုန့်သားက နူးညံ့အိစက်ပြီး အရသာကောင်းတာကြောင့် စားသုံးသူတွေထံက Review ကောင်းတွေ ရထားတဲ့ Bakery ဆိုင်ပါ။ သူ့ဆိုင်က ဒိုးနပ်တွေဆိုရင် အချိုအရမ်းမများဘဲ ဆိမ့်ဆိမ့်မွှေးမွှေးလေး လုပ်ပေးထားတော့ လုံး၀မအီပါဘူး။ ဒီဆိုင်က မုန့်တွေက တစ်နေ့စာ တစ်နေ့ ဖုတ်ပြီး ရောင်းတာဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ်လည်း ရှိပါတယ်။ ဒိုးနပ်ကတော့ တစ်ခုမှ ၁,၂၀၀ ကျပ်ပါပဲ။ ၆ ခုပါ တစ်ဘူးဆို ၇,၂၀၀ ကျပ်ပါ။ သူ့ဆိုင်ရောက်ရင် လောလောဆယ် အသစ်ထွက်ထားတဲ့ ဝါးလိုက်တိုင်း အိစက် အိစက်ဖြစ်နေမယ့် Mochi Donut လေးကိုလည်း မြည်းစမ်းခဲ့ဖို့ မမေ့ပါနဲ့နော်။
သူ့ဆီမှာ ဒိုးနပ်တွေအပြင် တခြား ပေါင်မုန့်၊ ကွတ်ကီး၊ ကိတ်၊ ပူတင်းနဲ့ ရေခဲမုန့်တွေ ရှိပြီး သောက်စရာအနေနဲ့ဆို ကော်ဖီအပြင် ထူးထူးခြားခြား ဖျော်ရည်၊ Mojito နဲ့ Yogurt Drinks တွေပါ ရပါသေးတယ်။ နယ်ဝေးမှ အော်ဒါတွေအတွက်လည်း စနစ်တကျ ပါကင်ပိတ်ပြီး ဂိတ်ချဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပါတယ်နော်။
ဆိုင်ဖွင့်ချိန် - မနက် (၉)နာရီ မှ ညနေ (၆)နာရီ အထိ
လိပ်စာ - အောက်ကြည့်မြင်တိုင်လမ်း၊ ဟုမ်းလမ်းမှတ်တိုင်၊ ရွှေပလ္လင်ဝန်းအတွင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်။
09777251177 (ရန်ကုန်)
09777251199 (မန္တလေး)
09777251188 (နေပြည်တော်)
09255553387 (ကလော)