Cafes & Restaurant

မာလာမောက်ချိုက်နဲ့ စီချွမ်အကင်ဘူဖေးရတဲ့ Black Sea Seafood

February 20, 2024

ရန်ကုန်မှာ ဟော့ပေါ့နဲ့ မူကထ ဘူဖေးဆိုင်တွေက မှိုလိုပေါက်အောင် များပေမဲ့ မာလာမောက်ချိုက်နဲ့ စီချွမ်အကင်ဘူဖေးဆိုင်ကတော့ ရန်ကုန်မှာ ဒီဆိုင်က ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ ဆိုင်နာမည်ကတော့ Black Sea Seafood ဆိုတဲ့ သင်္ယန်းကျွန်းက ဆိုင်လေးပါ။

မာလာမောက်ချိုက်နဲ့ စီချွမ်အကင်အတွက် အသားတွေ၊ ပင်လယ်စာတွေ၊ Sausages တွေကို ကိုယ်ကြိုက်သလောက်ရွေးပြီး အထုံ၊ အစပ်အရသာ စိတ်ကြိုက်မှာလိုက်ရင် ဆိုင်က Chef တွေကိုယ်တိုင် အစပ်အဟပ်တည့်တည့် ချက်ပြုတ်ပေးမှာကို လှလှလေးထိုင်စားရုံပါပဲ။ ဟော့ပေါ့တို့၊ မူကထတို့လိုလည်း ပူပူလောင်လောင်နဲ့ ကိုယ်တိုင်ကင်တာတွေ၊ ပြုတ်တာတွေ လုပ်စရာမလိုပါဘူး။ ဖေဖော်ဝါရီလအတွင်း သွားစားမယ်ဆိုရင် ပရိုမိုးရှင်းနဲ့ တိုးဦးမှာဆိုတော့ စျေးကလည်း တန်နေဦးမှာပါ။ 

ဆိုင်အနေအထားကို ပြောရမယ်ဆိုရင် ထရံအကာတွေနဲ့ဆိုတော့ ကျေးလက်ဆန်တဲ့ အပြင်အဆင်မျိုး ရှိပါတယ်။ ဆိုင်လေးက ကျယ်ကျယ်ဝန်းဝန်း၊ သပ်သပ်ရပ်ရပ်နဲ့ အပေါ်ထပ်၊ အောက်ထပ် Vibe (၂) မျိုး ရပါတယ်။ 

သူ့ဆိုင်က မာလာမောက်ချိုက်နဲ့ စီချွမ်အကင်ဘူဖေးမှာ ဘာတွေခင်းထားလဲဆိုရင် - 

Seafood

  • ဂဏန်းညို
  • ပုစွန် 
  • ပြည်ကြီးငါး
  • ရေဘဝဲ 
  • ကင်းမွန်

Meat

  • ကြက်သား
  • ကြက်သဲ
  • ကြက်မြစ်
  • ကြက်ခြေထောက် (အရိုးလွတ်)
  • ကြက်တောင်ပံ
  • ကြက်အရေခွံ
  • ကြက်ဆီဗူး
  • ကြက်အရေပြား
  • ဝက်သား
  • ဝက်သုံးထပ်သား
  • ဝက်နားရွက်
  • ဝက်နံရိုး
  • ဝက်ခေါင်း
  • ဝက်အသည်း

Sausages

  • ᴄʜᴇᴇꜱᴇ တို့ဟူး
  • ᴄʜᴇᴇꜱᴇ ကြက်ဉချောင်း
  • ဘေကွန်အပ်မှို
  • ကြက်သားလုံး
  • ကြက်ကြောလုံး 
  • ကြက်သားပြား
  • ကြက်အူချောင်း
  • ငါးတို့ဟူး
  • ငါးပေတံ
  • ဝက်သားလုံး
  • ဝက်သားပြား
  • ဝက်အူချောင်း
  • ဂဏန်းချောင်း

Vegetables

  • ကုစိုင်
  • ကိုက်လံ
  • ကန်စွန်းရွက် (မြန်မာ/ထိုင်ဝမ်)
  • မုန်ညှင်းဖြူ
  • ထိုင်ဝမ်မုန်ညှင်း
  • မုန်လာဉနီ
  • ပြောင်းဖူး
  • ပန်းပွင့်
  • ကြွက်နားရွက်မှို
  • ပဲပြား
  • ပဲချောင်း
  • အာလူးပြား/လုံး
  • မာလာခေါက်ဆွဲညို
  • မားမားခေါက်ဆွဲ
  • ငုံးဉ
  • ကြက်ဥပေါင်း 

အပေါ်မှာ ဖော်ပြခဲ့တဲ့ အမယ်တွေထဲက ကြိုက်တာကို ရွေးပြီး ဆိုင်ကို အရသာ စိတ်ကြိုက်ပြင်ဆင်ခိုင်းလို့ရပါတယ်။ အချိုပွဲအနေနဲ့ သံပုရည်ရည်နဲ့ ဖရဲသီးကလည်း Free Flow ပါပဲ။ အားလုံးအပါ အပြီးအစီးကိုမှ ဖေဖော်ဝါရီလ ပရိုမိုးရှင်းအနေနဲ့ တစ်ဦးကို ၁၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ 

  • နှစ်ယောက်လာရင် တစ်ဦး ၁၄,၀၀၀ ကျပ်
  • သုံးယောက်လာရင် တစ်ဦး ၁၃,၀၀၀ ကျပ်
  • လေးယောက် လာရင် တစ်ဦး ၁၂,၀၀၀ ကျပ်
  • အသက် ၉ နှစ်အောက်၊ အရပ် ၄ ပေအောက် ကလေးတစ်ယောက် ၇,၀၀၀ ကျပ်

မီနူးရွေးချိန်ကို ၁ နာရီခွဲအတွင်း စိတ်ကြိုက်ရွေးလို့ရပြီး စားသုံးချိန်ကိုတော့ လောလောဆယ် ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အေးဆေးထိုင်စားရုံပါပဲ။ ဘူဖေးမီနူးရွေးတဲ့အခါ ကိုယ်စားနိုင်သလောက်ကိုပဲ ယူဖို့ မှာချင်ပါတယ်။ မကုန်ရင် ၁၀၀ ဂရမ်ကို ၃,၀၀၀ ကျပ် ကောက်ခံပါတယ်။ 

ဒီဆိုင်မှာ ဘူဖေးအပြင် တစ်ပွဲချင်းမှာစားလို့ရတဲ့ အမြည်းတွေ၊ အသီးအရွက်အကြော်၊ အသုပ်၊ ဟင်းချို၊ ဟင်းပွဲ၊ အထောင်း၊ BBQ တို့အပြင် သောက်စရာ Beer နဲ့ Cocktail တွေလည်း ရပါတယ်။ မသွားခင် Page Messenger (သို့) ဖုန်းဆက်ပြီး ဘိုကင်ကြိုလုပ်သွားဖို့ မမေ့ပါနဲ့။

ဆိုင်လိပ်စာ - No.774, Yadanar Road, 14/15 Junction, 16/1 Quarter, Thingangyun 

ဖုန်း - 09 751 211184

Black Sea Seafood 


Read 666 times.