Cafes & Restaurant

မာလာထန်နဲ့ မာလာအကင်ကို တစ်ချောင်း ၂၀၀ ကျပ်က စပြီး ရွေးစားလို့ရမယ့် စမ်းချောင်းက ဆိုင်အသစ်

November 13, 2023

မာလာထန်ကိုမှ ဘတ်ဂျတ်တန်တန်နဲ့ စားချင်တဲ့သူတွေအတွက် စမ်းချောင်းမှာ ဖွင့်ထားတာ သိပ်မကြာသေးတဲ့ Sunset -Mala & BBQ ဆိုင်လေးကို ပြောပြပေးချင်ပါတယ်။ သူ့ဆိုင်မှာ BBQ မူကထအပြင် မာလာနဲ့ ပတ်သတ်တဲ့ မီနူးတွေ အကုန်အစုံ ရှိပါတယ်။ မာလာရှမ်းကော၊ မာလာမောက်ချိုက်၊ မာလာပန့်၊ မာလာထန်တို့အပြင် မာလာအကင်တို့လည်း ရပါတယ်။ 

သူ့ဆိုင်မှာ အသားနဲ့ အသီးအရွက်တွေကို Set လိုက် ရွေးချင်လည်း ရသလို Gram နဲ့ ချိန်ပေးပြီးလည်း ရောင်းပါတယ်။ 

အသား ၁၀၀ ဂရမ် - ၃,၃၀၀ ကျပ်

ပင်လယ်စယ ၁၀၀ ဂရမ် - ၃,၃၀၀ ကျပ်

မှို ၁၀၀ ဂရမ် - ၂,၂၀၀ ကျပ်

အသီးအရွက် ၁၀၀ ဂရမ် - ၁,၅၀၀ ကျပ်တို့ အသီးသီး ဖြစ်ပါတယ်။

မာလာအကင်တွေဆိုလည်း တစ်ချောင်း ၂၀၀ ကျပ်မှ စတင်ကာ အသားတွေဆို ၈၀၀-၁,၀၀၀ အတွင်း၊Seafood ဆို ၁,၅၀၀ ကျပ်ပဲ ရှိပါတယ်။ 

သူ့ဆိုင်မှာ မာလာထန်က ပုံမှန်အရသာနဲ့ စီချွမ်အရသာ (၂) မျိုး ရပါတယ်။ Spicy Level ကို အဆင့် (၃) အထိ ရွေးလို့ ရပါတယ်။ စျေးနှုန်းကတော့ ၂,၅၀၀ ကျပ်ပဲ ရှိပါတယ်။ တခြား ထပ်ထည့်ချင်တဲ့ အဆာပလာတွေကို ကိုယ်ကြိုက်နှစ်သက်သလောက် ဘတ်ဂျတ်တွက်ပြီး ထည့်စားလို့ ရပါတယ်။ 

Advertisement

Click Here > Cheery Eveline

မာလာထန်၊ မာလာရှမ်းကော၊ မာလာမောက်ချိုက်တို့အပြင် တရုတ်က Youtuber တွေ စားပြနေကျ အရသာခပ်စပ်စပ် မာလာခေါက်ဆွဲပြားလည်း သူ့ဆိုင်မှာ ရပါတယ်။ မာလာခေါက်ဆွဲကို မြေပဲများများ အသား၊ အသီးအရွက်တို့နဲ့ ချဉ်စပ်ဆိမ့်အရသာ သုပ်ထားတဲ့ မာလာပန့်လည်း ရှိပါသေးတယ်။  

အပေါ်က အရသာ ရှူးရှူးရှဲရှဲတွေ စားပြီးရင် အစပ်ပြေ အချိုပွဲတွေ၊ အသီးဖျော်ရည်တွေလည်း ရပါတယ်။ သူ့ဆိုင်ရောက်ရင် မစားမဖြစ် စားကြည့်ရမယ့်အထဲမှာ အချိုပွဲတွေလည်း ပါပါတယ်။ 

မီးလာလာ မီးပျက်ပျက် စားသုံးသူရှိရှိ မရှိရှိ အမြဲ မီးစက်နိုး Aircon ဖွင့်ပေးထားတာကြောင့် အေးအေးဆေးဆေး ထိုင်စားလို့ ရပါတယ်။ ဒီဆိုင်ရဲ့ အားသာချက်က ကိုယ်စားသလောက်ကို ရှင်းရုံပါပဲ။ အပို Service Charges တွေ ဘာမှ ထပ်ပေးစရာ မလိုပါဘူး။

စားရတာ စျေးတန်သလို ဆိုင်လေးကလည်း သပ်သပ်ရပ်ရပ်ရှိတာကြောင့် သွားစားချင်တယ်ဆိုရင် ဆိုင်က မနက် ၁၁ နာရီမှ ည ၉ နာရီအထိ နေ့စဉ် ပိတ်ရက်မရှိ ဆိုင်ဖွင့်ပါတယ်။ ပြီးတော့ ဆိုင်အတွက် Check In တင်ပေးရင် နိုဝင်ဘာလကုန်အထိ 10%  Discount လည်း ရဦးမှာပါ။ ဒါ့အပြင် Icecream လက်ဆောင်လည်း ကျွေးပါသေးတယ်နော်။

လိပ်စာ - အမှတ် (၄) ပုဒ္ဓမာပန်းခြံတိုက်ခန်း။ စမ်းချောင်းလမ်း။ မြေနီကုန်း City Mart နောက်တည့်တည့်လမ်းဆုံထိပ်။

ဖုန်း - 09 4499 87658


Read 256 times.