Cafes & Restaurant

Starbucks က Blackpink နဲ့ Collab လုပ်ထားတဲ့ Drink နဲ့ Dessert အသစ်များ ထုတ်လုပ်ရောင်းချ

July 24, 2023

အမေရိကန် ကော်ဖီအမှတ်တံဆိပ် Starbucks က ကမ္ဘာကျော် တောင်ကိုရီးယား မိန်းကလေးအဆိုတော်အဖွဲ့ Blackpink နဲ့ ပူးပေါင်းပြီး ထုတ်ကုန်အသစ်တချို့ကို ဇူလိုင်လ (၂၅) ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။  

ရောင်းချသွားမယ့် ထုတ်ကုန်တွေထဲမှာ အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ အချိုရည်အသစ် (၁) မျိုး၊ စားစရာ မုန့်အချို (၂) မျိုးအပြင် လူသုံးကုန်ပစ္စည်း (၁၆) မျိုး ပါဝင်ပါတယ်။ 

 

Advertisement

Click Here > Zebra

ပထမဆုံးအနေနဲ့ စတင်မိတ်ဆက်မယ့် သောက်စရာ အချိုရည်အသစ်ကတော့ Blackpink Frappuccino ဖြစ်ပါတယ်။  Blackpink Frappuccino က Strawberry နဲ့ Dark Chocolate ကို ပေါင်းစပ်ပြီး ဖန်တီးထားတာဖြစ်လို့ Blackpink အဖွဲ့ရဲ့ Theme Color ဖြစ်တဲ့ ပန်းရောင်နဲ့ အမည်းရောင်ကို ထင်ဟပ်စေပါတယ်။ 

Kolaborasi Starbucks dengan Blackpink Rilis Minuman dan Tumbler, Berapa  Harganya?

ဒုတိယအနေနဲ့ Dessert နှစ်မျိုး BLACKPINK Strawberry Cream Choco Brioche နဲ့ BLACKPINK Strawberry Choco Baumkuchen တို့ကိုလည်း ရောင်းချမယ့်ထဲမှာ ထည့်သွင်းထားပါသေးတယ်။ ဒီ Dessert နှစ်မျိုးကတော့ ကိုရီးယားနိုင်ငံမှာသာ ဝယ်ယူရရှိနိုင်မှာပါ။

ဒါ့အပြင် Blinks တွေရဲ့ နေ့စဉ်ဘ၀မှာ Blackpink အဖွဲ့ရဲ့ အမှတ်တရပစ္စည်းလေးတွေကို အမြဲထိတွေ့နိုင်စေဖို့ ပြန်အသုံးပြုလို့ရတဲ့ ခွက်ပုံစံ (၁၁) မျိုးနဲ့ Passport Holders၊ Aprons၊ Tote bags၊ Yoga Mats နဲ့ Keychains တို့ကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။ အရောင်တွေကိုလည်း ပန်းရောင်နဲ့ အမည်းရောင် အတွဲအစပ်လေးတွေပဲ သုံးပေးထားပါတယ်။ 

Starbucks နဲ့ Blackpink တို့ရဲ့ Collaboration ထုတ်ကုန်တွေကို တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ Starbucks ဆိုင်တွေမှာ ဩဂုတ်လကုန်အထိ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။


Read 457 times.