Special Deals

ရေဘဝဲကင်နဲ့ ငါးကင်တစ်ပွဲစီကို ၁,၅၀၀ ကျပ်နဲ့ ရမယ့် ပရိုမိုးရှင်း

August 2, 2023

ငွေရွှင်တုန်းလေး ပင်လယ်စာ ကောင်းကောင်း စားချင်တဲ့သူတွေ ရှိကြလား? ကမ်းခြေထိ သွားစရာမလိုဘဲ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေကို တ၀ကြီး စားနိုင်မယ့် "စိတ်ကြိုက်ပင်လယ်စာ" ဆိုင်က ဘယ်မှာမှ မပေးဖူးသေးတဲ့ ရေဘဝဲကင်နဲ့ ငါးကင်တစ်ပွဲစီကို ၁,၅၀၀ ကျပ်နဲ့ ဝယ်စားနိုင်မယ့် အခွင့်အရေးကို ပေးထားပါတယ်။

"စိတ်ကြိုက်ပင်လယ်စာ" ဆိုင်က ရန်ကုန်မြို့မှာရှိတဲ့ ပင်လယ်စာဆိုင်တွေအနက် Review ကောင်းတွေ ရထားတဲ့ ဆိုင်ဖြစ်သလို လူကြိုက်လည်း များပါတယ်။ ဒါ့အပြင် Seafood နဲ့ပက်သတ်ရင် ရခိုင်၊ မြန်မာ၊ ယိုးဒယား၊ တရုတ်စတဲ့ အရသာမျိုးစုံကို ရနိုင်တာပဲ ဖြစ်ပါတယ်။ ဒီဆိုင်က ဟင်းပွဲတွေက စျေးလည်းတန်သလို အရသာလည်း ကောင်းပါတယ်။ 

Advertisement

Click Here > Diamond Printing ( Myanmar )

ပင်လယ်ကြီးဆီ သွားရမှာ ဝေးတော့ နီးနီးနားနားက စိတ်ကြိုက်ပင်လယ်စာဆိုင်မှာပဲ ကမ်းခြေမုဒ်အွန်ရမှာပါပဲ။ ဆိုင်ကို အဖြူနဲ့ အပြာလေး တွဲသုံးထားပြီး သက်ကယ်မိုးလေးတွေ၊ လှေလေးတွေနဲ့ ကမ်းခြေ Vibe ရအောင် သေချာလေး ပြင်ဆင်ထားပါတယ်။ ဆိုင်က ကျယ်ကျယ်ဝန်းဝန်းရှိပြီး အဲကွန်းအေးအေးလေးနဲ့ Indoor မှာ ထိုင်လို့ရသလို လေညှင်းလေးခံရင်း Outdoor မှာ ထိုင်လို့လည်းရပါသေးတယ်။

ဒီဆိုင်မှာက လတ်ဆတ်ပြီး အရသာရှိတဲ့ ပင်လယ်စာဟင်းပွဲတွေအပြင် အီစိမ့်ဆောင့်တက်မယ့် အချိုပွဲတွေ၊ ရင်အေးစေမယ့် Mocktail တွေလည်း နာမည်ကြီးပါတယ်။

ဒီဆိုင်ရဲ့ Signature မီနူးတွေက လူလေးယောက်လောက် အေးဆေးစားနိုင်မယ့် ပင်လယ်စာဗန်း၊ ပင်လယ်စာအစုံကို ခေါက်ဆွဲနဲ့ အရည်ပူပူလေးကိုမှ ချဉ်စပ်အရသာလေး ပြင်ဆင်ပေးထားတဲ့ Boiling Seafood တို့ဖြစ်ပြီး ဒူးရင်းသီးခရေဇီတွေအတွက် ဒူးရင်းသီးမီဖုတ်ချီးစ်၊ ဒူးရင်းသီးရွှေရင်အေး၊ ဒူးရင်းသီးကောက်ညှင်းတို့လည်း ရှိပါတယ်။ 

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းကတော့ ပင်လယ်စာဟင်းပွဲ ၂၅,၀၀၀ ကျပ်ဖိုးနှင့် အထက်သုံးဆောင်တဲ့ ဝိုင်းတိုင်းကို ရေဘဝဲကင်နဲ့ ငါးကင်ထဲက ကြိုက်နှစ်သက်ရာ တစ်ပွဲကို ၁,၅၀၀ ကျပ်နဲ့ ဝယ်စားနိုင်မှာဖြစ်ပါတယ်။ တစ်ဝိုင်းကို တစ်ကြိမ်သာ အခွင့်အရေး ရရှိမှာဖြစ်ပြီး ပရိုမိုးရှင်းရက်ကတော့ သြဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ 

ပင်လယ်စာတွေကို အိမ်မှာပဲ ကိုယ်တိုင်ချက်စားချင်သူတွေအတွက်လည်း ပင်လယ်စာအစိမ်းတွေကို ရောင်းချပေးနေပါတယ်။ ရောင်းစျေး ၂၁,၀၀၀ ကျပ်တန် ကျောက်ပုစွန် ၂၀၀-၃၀၀ ဂရမ်ဆိုဒ်ကို ၂၀% လျှော့ပြီး ၁၆,၈၀၀ ကျပ်နဲ့ ဩဂုတ်လ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပင်လယ်စာ အစိမ်းတွေဖြစ်ဖြစ်၊ ချက်ပြီးသားဟင်းပွဲတွေဖြစ်ဖြစ် Fb Page မက်ဆင်ဂျာကနေတဆင့် မှာယူနိုင်ပြီး အိမ်ရှေ့အရောက် ပို့ဆောင်ပေးပါတယ်။ 

ပြည်သူ့ဥယျာဉ်ဝင်း၊ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ (Myanmar Culture Valley Shopping Center)အနီး၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

09260800500

Fb Link - https://www.facebook.com/SateKyiteSeafood  


Read 384 times.