Cafes & Restaurant

Rooftop မှာ မြို့ပြရဲ့ အလှကို ခံစားရင်း ၆,၅၀၀ ကျပ်နဲ့ မနက်စာဘူဖေး စားမယ်

July 31, 2023

မနက်စာကို ရှင်ဘုရင်တစ်ပါးလို စားချင်သူတွေအတွက် View ကောင်းကောင်းနဲ့ ရွေးချယ်စရာ ဘူဖေးမီနူး အမျိုးအစား (၁၅) မျိုးလောက် တည်ခင်းထားတဲ့ Sika Lounge ရဲ့ ၆,၅၀၀ တန် မနက်စာဘူဖေးအ၀စားကို မျှဝေပေးချင်ပါတယ်။

Sika Lounge က ပြည်လမ်းမပေါ်က Red Hill တာဝါရဲ့ ၁၆ ထပ်မှာ ရှိပါတယ်။ မိုးတစိမ့်စိမ့် ရွာနေတဲ့ အခုလို အချိန်လေးက မှန်ချပ်တွေရဲ့ အပြင်ဘက်က ရန်ကုန်မြို့ရဲ့ မနက်ခင်း ရှုခင်းအလှနဲ့ Sky view ကို ငေးရင်းဆွေးဖို့ အကောင်းဆုံးအချိန်ပါ။ အပေါ်စီးကနေ မြို့ပြရဲ့ အလှကို ကြည့်ရင်း မနက်စာ စားချင်တယ်ဆိုရင်၊ မနက်စာကို အလှမစားဘဲ အ၀စားပြီး နေ့ရက်တစ်ရက်ကို စတင်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ ဆိုင်လေးပါ။

Advertisement

Click Here > White Unicorn

၆,၅၀၀ တန် ဘူဖေးမနက်စာမှာ ပါဝင်တဲ့ မီနူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 
၁။ လက်ဖက်ရည်
၂။ မုန့်ဟင်းခါး
၃။ အုန်းနို့ခေါက်ဆွဲ
၄။ ကြာဇံကြော်
၅။ ခေါက်ဆွဲကြော်
၆။ ပဲပြုတ်ထမင်းကြော်
၇။ ရှမ်းခေါက်ဆွဲ
၈။ နန်းကြီးသုပ်
၉။ ဆီချက်ခေါက်ဆွဲ
၁၀။ ကြက်ဥကြော်
၁၁။ ပေါင်မုန့် (ထောပတ်/စတော်ဘယ်ရီယို)
၁၂။ ဆီထမင်း/ကောက်ညှင်းပေါင်း
၁၃။ စမူဆာ/ကောပြန့် 
အချိုပွဲအနေနဲ့ အအေးနဲ့ အသီး ပါရှိပါတယ်။

ဆိုင်နေရာက တော်တော်လေး ကျယ်ပြီး Classic Vibe ကို ရပါတယ်။ Rooftop မှာဆိုပေမဲ့ အပေါ်ထပ်၊ အောက်ထပ် ထပ်ခွဲထားပါတယ်။ (၄) ယောက်ဝိုင်း၊ (၅) ယောက်ဝိုင်းကနေစပြီး (၁၀) ယောက်ဝိုင်းတွေအထိ ရှိပါတယ်။

အပြင် View ကို သေချာမြင်ရမယ့် Stand Seat လေးတွေကိုလည်း မှန်ချပ်အနားမှာ လုပ်ပေးထားပါတယ်။ လူနည်းနည်းနဲ့ သွားသွား၊ လူများများနဲ့ သွားသွား အဆင်ပြေပါတယ်။ ကားပါကင်အတွက်လည်း ကျယ်ဝန်းတဲ့ Red Hill Tower ‌Basement ရှိပါတယ်။ 

အစားအသောက် အရသာတွေကတော့ ထူးထူးခြားခြား ကောင်းနေတာမျိုး မဟုတ်ဘဲ ပုံမှန်လေးပါပဲ။ လက်ဖက်ရည်ကို အဖျော်ဆရာနဲ့ စားသုံးသူရှေ့မှာတင် ဖျော်ပေးတာလေးကတော့ ဆိုင်ဖျော်လက်ဖက်ရည် သောက်ရသလိုပါပဲ။ ဘီလီယက်ခုံ ရှိလို့ ဝါသနာပါတယ်ဆိုရင် မနက်စာ စားရင်း ဘီလီယက် ဝင်ထိုးလို့ ရပါတယ်။ ဒါ့အပြင် စန္ဒယားခုံလေးတစ်ခုလည်း ရှိပါသေးတယ်။ 

Sika Lounge မှာက ရွေးချယ်စရာ မီးနူးတွေက မနက်စာကစပြီး နေ့လည်စာ၊ ညစာအတွက် Main Menu တွေ၊ Appetizers နဲ့ Bar Bites တွေအပြင် European Menu၊ Thai Cuisine၊ Japanese Sashimi စတဲ့ အမျိုးမျိုးသော စားစရာတွေနဲ့ Beer၊ Cocktail စတဲ့ Drinks Menu အစုံအလင်ကိုလည်း ရရှိနိုင်ပါတယ်။  

အခု ပြောပြပေးထားတဲ့ မနက်စာဘူဖေးက နေ့တိုင်းတော့ မရပါဘူး။ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်ပဲ ဘူဖေး ရှိပါတယ်။ မနက် (၈) နာရီကနေ နေ့လယ် (၁) နာရီအတွင်း သွားရောက်သုံးဆောင်နိုင်ပါတယ်။ မနက်အစောကြီး မထနိုင်တဲ့ သူတွေအတွက်လည်း အဆင်ပြေတာပေါ့။

တစ်ဦးကို ၆,၅၀၀ ကျပ်နဲ့ အ၀စား အချိန်ကို (၂) နာရီ သတ်မှတ်ပေးထားပါတယ်။ ကလေးအတွက်လည်း ဘူဖေးစျေးနှုန်းက (၆,၅၀၀) ပါပဲ။ ဘူဖေးဖြစ်တာကြောင့် လူအရမ်းများတဲ့အတွက် မီနူးတွေ ကုန်ရင် ထပ်ဖြည့်ရတာမျိုးရှိလို့ အချိန်တော့ နည်းနည်းပြန်စောင့်ရပါတယ်။

ရှုခင်းလှလှလေးကို အရှေ့မှာထားပြီး ၆၅,၀၀ ကျပ်နဲ့ မနက်စာ အ၀စားလို့ရမယ့်ဆိုင်လေးကို သူငယ်ချင်းတွေပါ သိရအောင် လက်တို့လိုက်ကြဦးနော်။     

လိပ်စာကတော့ စမ်း​ချောင်း ဒဂုံစင်တာ ဂုံး​ကျော်တံတား တဘက်ခြမ်းက Red Hill Tower ရဲ့ (၁၆) ထပ်၊ မြေနီကုန်းမှတ်တိုင်အနီးမှာ ရှိပါတယ်။

ဖုန်း - 09 756050233 

 


Read 514 times.