Bars & Pubs

Rooftop မှာ Beach Mood On ပြီး Chill လို့ ရမယ့် Wiki Wki Bar

September 28, 2023

Wiki Wki Bar ကတော့ ဝေးလံတဲ့ ကမ်းခြေအထိ သွားစရာမလိုဘဲ ရန်ကုန်မှာတင် ကမ်းခြေရောက်နေသလို ခံစားရစေမယ့် Rooftop Bar လေးပါ။ အလုံမှာ ရှိတာကြောင့် အပေါ်စီးက လှမ်းကြည့်လိုက်ရင် ရန်ကုန်မြစ်အလှနဲ့ မြို့ပြအလှကို တစ်ပြိုင်တည်း ခံစားနိုင်မယ့်အပြင် ဆိုင်ကို ကမ်းခြေစတိုင် ပြင်ဆင်ထားကြောင့် ခရီးထွက်စရာမလိုဘဲ ကမ်းခြေရောက်ပြီးသား ဖြစ်သွားတာပေါ့။

သူ့ဆိုင်က Rooftop အပြင် Private ဆန်ဆန်ကြိုက်တဲ့ Ladies နဲ့ Gentelmen တွေရော လွတ်လွတ်လပ်လပ် ကဲမယ့် ဘော်ဒါတွေရော အားလုံးအတွက် အဆင်ပြေအောင် Private Area နဲ့ Fun Area ဆိုပြီး Vibe တစ်မျိုးစီနဲ့ အောက်မှာ အထပ် ၂ ထပ်ခွဲပြီး ဖန်တီးပေးထားပါသေးတယ်။ အလယ်ထပ်က Private ဆန်ပြီး နီယွန်မီးမှိန်မှိန်လေးတွေနဲ့ DJ Room ရှိတဲ့ Indoor Bar ပုံစံလေး။ အောက်ဆုံးထပ်ကျတော့ အပြင်ဝိုင်းလေးတွေရော၊ အတွင်းဝိုင်းလေးတွေမှာရော ထိုင်လို့ရပြီး ဘော်ဒါတွေ ပေါ့ပေါ့ပါးပါး ဒိတ်လို့ရတဲ့ ပုံစံမျိုး။ အပေါ်ဆုံးထပ်ကတော့ Rootop ကိုမှ ကမ်းခြေပုံစံ လုံး၀အလွင့်။

Rooftop မှာ ထိုင်ရတာကတော့ လေလေးတဖြူးဖြူးနဲ့ ညနေခင်းဆို City View/Sunset View/Night View ကြည့်ရင်း အပန်းဖြေလို့ ကောင်းပါတယ်။ ဒီလို အမိုက်စား Decoration တွေ ရှိတဲ့ Bar ဖြစ်တဲ့အတွက် စျေးလေးတွေကတော့ နည်းနည်းကြီးတာကြောင့် ဘတ်ဂျတ်ဆိုင်တော့ မဟုတ်ပါဘူးနော်။ ဖွင့်ထားတာ (၆) လလောက်ပဲ ရှိသေးပေမဲ့ စားစရာ၊ သောက်စရာတွေ စုံလင်ပြီး အရသာရှိတာကြောင့် အသောက်တလိုင်းတွေကြားမှာရော၊ အစာတလိုင်းတွေကြားမှာပါ နာမည်ကြီးတဲ့ ဆိုင်လေးပါ။ 

သူ့ဆိုင်မှာ ဘီယာအေးအေးလေးနဲ့ မြည်းလို့ကောင်းမယ့် Fried Snack တွေကအစ Soup တွေ၊ Salad တွေ၊ BBQ၊ Satay၊ Seafood၊ Rice နဲ့ Noodle တွေအထိ အစုံ ရပါတယ်။ သောက်စရာအနေနဲ့ Beer၊ Wine၊ Gin၊ Taquila စတာတွေ ရှိတဲ့အပြင် နာမည်ဆန်းဆန်း အရသာဆန်းဆန်းနဲ့ ဆိုင်ရဲ့ Signature Cocktail တွေကလည်း နာမည်ကြီးပါတယ်။ ယမကာဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တဲ့သူတွေအတွက်လည်း Soft Drinks နဲ့ Fresh Juice တွေ ရပါတယ်။ အစားအသောက် စျေးနှုန်းတွေကတော့ ၅,၀၀၀ ကျပ်ကနေ စပြီး ၁၅,၀၀၀ ကျပ်ဝန်းကျင်လောက်အထိ ရှိပါတယ်။

နေရာကောင်းကောင်း လိုချင်ရင်တော့ ဆိုင်ကို မသွားခင် ဘိုကင်ကြိုယူကြဖို့ အကြံပြုချင်ပါတယ်။ 

ဆိုင်လိပ်စာ -  No.57, Kan Nar Road, Sin Min Ward, Ahlone, Yangon, Myanmar(Rooftop of Hotel Keio)
09 945 945 299 


Read 399 times.