Cafes & Restaurant

မဖြစ်မနေ သွားရောက်စမ်းသပ်သင့်တဲ့ ကမ္ဘာ့အထူးဆန်းဆုံး စားသောက်ဆိုင် (၈)ဆိုင်

November 12, 2020


လူတို့က ထူးခြားပြီး ကွဲပြားခြားနားသော အရာများကို စဉ်ဆက်မပြတ် ရှာဖွေလျက်ရှိကြတယ်။ အထူးသဖြင့် စားသောက်ဆိုင်အသစ်များ၊ စားသောက်ကုန်အသစ်များကို ဆန်းသစ်သောနည်းလမ်တွေနဲ့ လေ့လာကြပြီး မြည်းစမ်း သုံးသပ်ကြပါတယ်။

လေ့လာချက်တွေအရ သင် ကိုယ်တိုင်တောင် မယုံနိုင်ဖြစ်သွားစေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ အထူးဆန်းဆုံး စားသောက်ဆိုင် (၈)ဆိုင်ကို ပြန်လည်မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။

 

၁။ ခေတ်သစ်အိမ်သာစားသောက်ဆိုင် (Modern toilet restaurant) - ဒီစားသောက်ဆိုင်က ထိုင်၀မ်၊ ထိုင်ပေ မှာတည်ရှိတာ ဖြစ်ပြီး ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အိမ်သာအကြီးကြီး တစ်လုံးထဲ ရောက်သွားသလိုခံစားရမှာ ဖြစ်ပါတယ်။ ဆိုင်ရဲ့ ဒီဇိုင်းကို အိမ်သာတစ်လုံးကို ပြင်ဆင်ထားပါတယ်။ ဒါမယ့် စားသောက်ဆိုင်မှာတော့ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုပဲ တည်ခင်း ဧည့်ခံပေးတာ ဖြစ်ပါတယ်။

1. Modern Toilet Restaurant

 

၂။ Linyu Snow Village စားသောက်ဆိုင် - အေးအေးချမ်းချမ်း စားသောက်ဆိုင်မှ စားချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ဒီဆိုင်က အမိုက်ဆုံးပါပဲ။ ဆိုင်ရဲ့ အပြင်အဆင်တွေကတော့ ထိုင်ခုံတွေ၊ စားပွဲတွေ၊ နံရံတွေ နှင့် ခွက်တွေအထိကို နှင်းနဲ့ ထွင်းပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင် အဲ့ဒီဆိုင်ကိုသွားမယ်ဆိုရင်တော့ အနွေးဓာတ်လုံလုံလောက်လောက်ပေးနိုင်မယ့် အနွေးထည်တွေ လက်အိတ်တွေကို ဝတ်ဆင်သွားသင့်ပါတယ်။  ဆိုင်က ဖင်လန်နိုင်ငံရှိ Yllasjarvi ရှိ cold villageမှာ တည်ရှိပြီး ဆွဲဆောင်မှုရှိတဲ့ ဝန်းကျင်မှာ ညစာစားသုံးနိုင်မှာ ဖြစ်ပါတယ်။ ညစာစားပြီးနောက်တွင် Snow Hotel ကို လည်ပတ်နိုင်ဦးမှာ ဖြစ်ပါတယ်။

2. Linyo Snow Village Restaurant

 

၃။ Dark restaurants - Dark စားသောက်ဆိုင်တွေက အမေရိကန်ပြည်ထောင်စုရဲ့ နေရာအတော်များများမှာ တည်ရှိပြီး စားသောက်ဆိုင်တွေက မှောင်နေပြီး အစားအသောက်တွေကို အမှောင်ထဲကနေ အနံ့ အရသာ ကိုမြည်းစမ်းနိုင်ခြင်းကြောင့် စားသုံးသူတွေကို နောက်တစ်ခေါက် ထပ်လာစေချင်စိတ် ဖြစ်စေပါတယ်။

3. Dark restaurants

 

၄။ Ninja Restaurant - နယူးယောက် - TriBeCa တွင်တည်ရှိသော အဆင့်မြင့်ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပြီး သင်အဲဒီကိုရောက်သွားရင်  Ninja ဝတ်စုံတွေ ဝတ်ထားတဲ့ စားပွဲထိုးများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ရုပ်ရှင်တွေမှာမြင်တွေ့ရလောက်မယ့်  Ninjaပုံစံ တွေနဲ့ စားသောက်ဆိုင်မှာ ဝန်ဆောင်မှု ပေးသွားမှာပါ။ နောက်ပြီး စားသုံးသူတွေအတွက် Ninja လှည့်ကွက်များနှင့် မျက်လှည့် မှော်အကွက်တွေကို Ninja ဝတ်စုံတွေ ဝတ်ထားတဲ့ စားပွဲထိုးတွေက ပြသပြီး ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

4. Ninja Restaurant - New York

 

၅။ New Lucky Restaurant - ဒီစားသောက်ဆိုင်ဟာ အိန္ဒိယနိုင်ငံ၊ Ahmedabad ရှိ သုဿန်ဟောင်း အလယ်မှာ တည်ရှိပြီး ဒီမြေပိုင်ရှင်က ဒီသင်္ချိုင်းအလယ်မှာ စားသောက်ဆိုင်တစ်ခုတည်ထောင်ဖို့မြေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဆိုင်ရဲ့ ဘေးပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းတွေရှိနေပါတယ်။ အကယ်၍ သင်က အဲ့ဒီစားသောက်ဆိုင်ထဲမှာ ဝင်ရောက်စားသုံးနေမယ်ဆိုရင် သင့် ဘေးမှာ မြေမြှုပ်မိုင်းတွေ ဝိုင်းနေမှာ ဖြစ်ပါတယ်။

5. New Lucky Restaurant

 

၆။ Ithha ရေအောက်စားသောက်ဆိုင် ("Ithha" underwater restaurant) - ကမ္ဘာပေါ်တွင် ပထမဆုံးသော ရေအောက်စားသောက်ဆိုင်ဖြစ်ပြီး မော်လ်ဒိုက်နိုင်ငံ Rangali ကျွန်းတွင် တည်ရှိပါတယ်။ စားသောက်ဆိုင်က ရေအောက် ငါးမီတာမှာရှိပြီး ဖောက်သည်တွေက ပတ်ဝန်းကျင်ရှိ သန္တာကျောက်များကို ထူးခြားစွာ မြင်တွေ့ရင်း အစားအစာတွေကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်မှာ အစားအစာ အဆန်းများ၊ ဒေသတွင်း Maldivian အစားအစာများနှင့် အနောက်တိုင်းဟင်းပွဲများကို စီစဉ်ပေးထားပါတယ်။ ဒီစားသောက်ဆိုင်ကိုတော့ အရွယ်ရောက်သူများသာ လာရောက်လည်ပတ်နိုင်ပြီး ကလေးများကိုခေါ်ဆောင်လာလို့ မရပါဘူး။

6. Underwater "Itha" Restaurant

 

၇။ နှလုံးရောဂါရှိသောစားသောက်ဆိုင် (Heart attack restaurant) - အကယ်၍ သင်က တစ်ချိန်တည်းမှာ ကယ်လိုရီ ၁၀၀၀၀ ကို စားနိုင်တယ်ဆိုရင်  ဒီဆိုင်မှာ လောင်းကစားလုပ်ပြီး စားပြဖို့ အကြံပြုချင်ပါတယ်။ ဆိုင်က နီဗားဒါး၊ လော့စ်အိန်ဂျလိစ်မှာရှိပြီး အဆီများတဲ့ အစားစာတွေကြောင့်နာမည်ကြီး လူသိများပါတယ်။ စားသောက်ဆိုင်ရဲ့ အဓိကပုံရိပ်က ခန့်မှန်းခြေ ၁၀၀၀၀ ကယ်လိုရီပါ၀င်သော ပေါင် ၃ ပေါင်ရှိတဲ့ ဘာဂါဖြစ်ပါတယ်။ ဆိုင်ကိုဝင်လိုက်တာနဲ့ စားပွဲထိုးမလေးတွေက ဆေးရုံလူနာဝတ်စုံပေးဝတ်မှာဖြစ်ပြီး ၁၀၀၀၀ ကယ်လိုရီ ဘာဂါကိုစားခိုင်းမှာ ဖြစ်ပါတယ်။ ကုန်အောင်မစားနိုင်ရင် ကနူးလှော်တက်အကြီးကြီးနဲ့ အရိုက်ခံရမှာ ဖြစ်ပါတယ်။

7. Heart Attack Restaurant

 

၈။ ချိတ်ဆွဲစားသောက်ဆိုင်များ (Hanging restaurants) - ဒီစားသောက်ဆိုင်တွေကတော့ သင်နှင့် သင့် သူငယ်ချင်းများ၊ မိသားစုများနှင့်အတူ ညနေစောင်း၊ ညဘက်လေးမှာ အေးအေးဆေးဆေးစားသောက်လို့ ကောင်းမယ့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။  “ ကောင်းကင်၌ညစာစားခြင်း” ဆိုတဲ့ အတိုင်း ဆိုင်က မိုးပေါ်မှာ ကရိန်းဖြင့် ချိတ်ဆွဲထားမှာဖြစ်ပါတယ်။ မြို့တစ်မြို့လုံးကို ကောင်းကင်ပေါ်က ကြည့်ရင်း ညစာစားသုံးနိုင်မှာလည်း ဖြစ်ပါတယ်။

8. Hanging restaurants:

 

By The Myanmar Restaurant Guide

Ref : albawaba


Read 545 times.