Special Deals

၁၆,၀၀၀ ကျပ်နဲ့ ပင်လယ်စာ မူကထ ဘူဖေး အ၀စားမယ်

January 16, 2024

Raw25 Fresh Seafood ဆိုတဲ့ဆိုင်က မူကထကို လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေနဲ့ ဘူဖေးစားချင်တယ်။ ဘတ်ဂျတ်ကိုလည်း နှစ်သောင်းမကျော်ချင်ဘူးဆိုတဲ့ Foodie တွေ သွားစားကြည့်သင့်တဲ့ ဆိုင်မျိုးပါ။ ဇန်နဝါရီလအတွက် မူကထ ဘူဖေးအ၀စားကို 10% Off နဲ့ ရရှိမယ့်အပြင် နောက်ထပ် ပရိုမိုးရှင်းအစီအစဉ်တွေလည်း ထပ်ရှိပါသေးတယ်။

သူ့ဆိုင်မှာက ပင်လယ်စာအစိမ်းတွေကိုလည်း လက္ကားရောင်းသေးတာမလို့ မူကထအတွက် ပင်လယ်စာတွေ မလတ်မှာ၊ မစုံမှာကိုတော့ မစိုးရိမ်ရပါဘူး။ ပင်လယ်စာတွေမှာဆို ပုစွန်၊ ဂဏန်း၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ဆယ်လ်မွန်ဗိုက်သား၊ ငါးလိပ်ကျောက်၊ ရေခူ၊ မရွတ်နဲ့ ဂုံးမျိုးစုံ ရှိပါတယ်။ 

အသားတွေမှာဆိုလည်း အရသာနှပ်ထားတဲ့ အမဲသား၊ ကြက်သား၊ ဝက်သား၊ ကြက်မဲ၊ ကြက်ဆင်တို့အပြင် ကြက်သဲ၊ ကြက်တောင်ပံ၊ ငါးခေါင်း၊ ကြက်ဆီပူးနဲ့ အသားလုံးတွေ၊ အသီးအရွက်တွေလည်း ရှိပါတယ်။

ဒါတွေအပြင် တစ်နေ့တစ်မျိုး မတူတဲ့ အရံဟင်း (၁၂) မျိုးနဲ့ မြန်မာမုန့် အချိုပွဲတွေ၊ သစ်သီး၊ အအေးနဲ့ ရေခဲမုန့်တွေကို ဘူဖေးခင်းထားပေးပါတယ်။

ဟော့ပေါ့အရည်အတွက် တုံယမ်း၊ မာလာ၊ ချဥ်စပ်၊ အချို စတဲ့ ရွေးချယ်စရာ အရသာ (၄) မျိုး ရှိပါတယ်။  အကင်တွေနဲ့ တွဲစားဖို့ အချဉ်ကတော့ မန်ကျည်းချဉ်နဲ့ ငရုတ်သီးချဉ် ပေးပါတယ်။ ဘူဖေး စားသုံးချိန်ကိုတော့ (၂) နာရီခွဲ သတ်မှတ်ထားပါတယ်။

စားသုံးသူ (၂) ယောက်ကနေ စတင်ပြီး မူကထအိုးရော၊ မီးသွေးအကင်အိုးပါ (၂) အိုးနဲ့ ချပေးတာ ဖြစ်ပါတယ်။ အဲတော့ မူကထအိုးတစ်ခုတည်းနဲ့ ကင်တာ ကျက်တာကို စိတ်ရှည်ရှည်နဲ့ စောင့်နေစရာမလိုပါဘူး။ မီးသွေးအကင်အိုးလေးလည်း ပေးထားလို့ သာမန်ထက် ပိုမိုမွေးပျံ့တဲ့ အကင်အရသာကိုလည်း သုံးဆောင်နိုင်ပါတယ်။

စျေးနှုန်းကတော့ လူကြီးတစ်ဦးကို အပြီးအစီး ၁၉,၈၀၀ ကျပ်ပါ။ အခု ဇန်နဝါရီလတစ်လလုံးအတွက် 10% Off ပရိုမိုးရှင်းရှိတဲ့အတွက် ၁၇,၈၅၀ ကျပ်ပဲ ကျသင့်ပါတယ်။ သင်က ဇန်နဝါရီလ မွေးနေ့ရှင်ဖြစ်တယ်ဆိုရင် 15% Off ပရိုမိုးရှင်းဆိုတော့ ၁၆,၈၅၀ ကျပ်ပဲ ကျတော့မှာပါ။ 

နောက်ဆုံးပရိုမိုးရှင်းအနေနဲ့ လူ ၁၁ ယောက် ပြည့်အောင်သွားမယ်ဆိုရင် Cocktail Tower - (1) Tower ကို လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်း သွားမယ်ဆိုရင် ဒီသုံးထပ်ကွမ်း ပရိုမိုးရှင်းနဲ့ တိုးဦးမှာဆိုတော့ တန်ပြီးရင်းတန်ပေါ့။ ဒါကြောင့် ရောက်ပြီးမှ နေရာပြည့်နေလို့ စောင့်နေရတာမျိုး မဖြစ်ရအောင် Booking ကြိုတင်ထားဖို့ မမေ့ပါနဲ့နော်။

လိပ်စာ - အင်းယားလမ်း၊ အင်းယားပန်းခြံဝင်း (ကန်ဘောင်)။

ဖုန်း - 09768900040 


Read 424 times.