Special Deals

Queen Bar ရဲ့ ၁၅,၀၀၀ ကျပ်တန် ဟင်းပွဲ (၄) မျိုးပါ Set နဲ့ ခရစ်မတ်ပရိုမိုးရှင်းများ

December 22, 2023

ပါရမီစိန်ဂေဟာအနီးက Queen Bar ဆိုတာကတော့ ဘတ်ဂျတ်ဆန်တဲ့ Mini Bar လေးမှာ ထိုင်ချင်တဲ့ အသောက်တလိုင်းတွေအတွက်ရော အစားတလိုင်းတွေအတွက်ပါ ဆုံမှတ်နေရာ ဖြစ်ပါတယ်။ လက်ထဲအိတ်မဖောင်းရင်တောင် အိမ်ပြန်စရာမလိုဘဲ အေးဆေး Bar ထိုင်နိုင်မယ့် နေရာမျိုးပါ။ ဒီလို ဘတ်ဂျတ်ဖြစ်တဲ့ Bar မှာ ခရစ်မတ်အတွက် ဘာ Plan တွေ ရှိမလဲ??? ဘယ်လို ပရိုမိုးရှင်းတွေ ပေးမလဲ??? ဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ 

ပထမဆုံး ပရိုမိုးရှင်းကတော့ အစားတလိုင်းတွေအတွက် တော်တော်လေး တန်တဲ့ ၁၅,၀၀၀ ကျပ်တန် Set တွေ လုပ်ပေးထားပါတယ်။ သူ့ (1) Set က အနည်းဆုံး (၂) ယောက်လောက်တော့ အေးဆေး စားလို့ရပါတယ်။

ငါးခေါင်ဟင်းရည် တစ်အိုး၊ အမဲလက်ဖက်ထောင်း၊ Long Bean Salad နဲ့ ပြောင်းဖူးပုတီးစေ့ ဆိုပြီး  ဟင်း (၄) မျိုး ပါတဲ့ ၁၅,၀၀၀ ကျပ်တန် Set ရှိပါတယ်။ ငါးကြော်ခဲပတ်၊ ကန်စွန်းရွက်ကြော်နဲ့ ပြောင်းဖူးပုတီးစေ့ ( ၃ ) ပွဲပါတဲ့ တစ် Set ကိုလည်း ၁၅,၀၀၀ ကျပ်ပါပဲ။ ငါးခေါင်းဟင်းရည်နဲ့ အကင်စုံဗန်း (၂) မျိုးပါ Set လည်း ၁၅,၀၀၀ ကျပ်နဲ့ လုပ်ပေးထားပါတယ်။   

 

     Advertisement

Click Here > Yarobi

ဒုတိယ ပရိုမိုးရှင်းကတော့ ခရစ်မတ်အတွက် သီးသန့်လုပ်ထားတဲ့ ၈,၀၀၀ ကျပ်တန် ခရစ်မတ်ကော့တေး Jar နဲ့ ဆန်တာကလော့ ကော့တေး Jar တို့ကို Buy 2 Get 1 ပရိုမိုးရှင်း ပေးထားတာဖြစ်တဲ့အတွက် အသောက်တလိုင်းတွေ အကြိုက်ပဲပေါ့။ တစ်ခွက်ချင်း ဝယ်သောက်မယ်ဆိုရင်တော့ ၃,၀၀၀ ကျပ်ပါပဲ။ 

နောက်ပြီး Bling Bling ကော့တေး (၂) Jar နဲ့ ငါးခေါင်းမျှစ်ချဥ် + ကန်စွန်းပလိန်းပါတဲ့ တစ် Set ကိုမှ ၂၀,၀၀၀ ကျပ်ပါပဲ။ ဘီယာ ကြိုက်တဲ့သူတွေအတွက် အမြည်း (၂) မျိုးပါတဲ့ Beer Tower Set ကို ၃၀,၀၀၀ ကျပ်နဲ့ ပရိုမိုးရှင်းလုပ်ပေးထားပါတယ်။

ဒါ့အပြင် One Shot သောက်နိုင်တဲ့သူ​တွေအတွက်လည်း သူ့ဆိုင်ရဲ့ အသစ်ထွက်ထားတဲ့ Jelly Fish Shot ကို မဖိတ်အောင်သောက်နိုင်ရင် Buy 1 Get 1 ပေးတဲ့ Challenge Promotion လည်း ထပ်ရှိပါသေးတယ်။ 

တတိယပရိုမိုးရှင်းအနေနဲ့ December born လေးတွေအတွက် မှတ်ပုံတင်လေးသာ ပြရင် အာလူးချောင်းကြော် (သို့) ကြက်အရေခွံကြော် (သို့) အသီးပွဲ ကြိုက်နှစ်သက်ရာ ဟင်းပွဲတစ်ပွဲကို မွေးနေ့လက်ဆောင်အဖြစ် ရဦးမှာပါ။ 

ဒီလိုမျိုး အစားတလိုင်းတွေအတွက်ရော အသောက်တလိုင်းတွေအတွက်ပါ အဆင်ပြေစေမယ့် ပရိုမိုးရှင်းတွေကို ပေးထားတာဖြစ်တဲ့အတွက် ဒီတစ်ပတ် ခရစ်မတ်ပိတ်ရက်မှာ ဘော်ဒါတွေ ဘယ်မှာ ဆုံရမလဲ ခေါင်းစားမနေပါနဲ့။ Queen Bar ရှိပါတယ်။ 

ဆိုင်အနေအထားပြောရမယ်ဆိုရင် အပေါ်မှာပြောခဲ့သလို လူငယ်တွေ ထိုင်ဖို့ အဆင်ပြေတဲ့ Mini Bar လေးဖြစ်တဲ့အတွက် အရမ်းတော့ နေရာ မကျယ်ပါဘူးနော်။ သူ့ဆိုင်မှာ အစားအသောက်တွေက စားလို့ကောင်းပြီး စျေးတန်တာကြောင့် အမြဲ လူပြည့်နေတတ်ပါတယ်။ ဘတ်ဂျတ်နည်းနည်းလေး သုံးပြီး ရောင်စုံမီးတွေကြား သံစဉ်တွေနဲ့အတူ လွင့်ချင်ရင် -

လိပ်စာ : အမှတ် ၁၇၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်းမပေါ်၊ ပါရမီစိန်ဂေဟာအနီး၊ ရန်ကုန်မြို့။

ဖုန်း : 09 455799366

ဆိုင်ဖွင့်ချိန် : 1:00 PM - 12:00 PM


Read 269 times.