Cafes & Restaurant

Pizzamaru က Special Toppokki 4 မျိူး

October 26, 2022

အခုပြောပြပေးမှာကတော့ Pizza ဆိုတာနဲ့ နာမည်ရပြီးသားဖြစ်တဲ့ Pizzamaru  ကအသစ်ထုတ်ထားတဲ့ Special Toppokki လေးတွေနဲ့ မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။

Pizzamaru မှာရရှိတဲ့ Toppokki အမျိုးအစားလေးတွေကတော့ 
(1) Carbonara Toppokki
(2) Spicy Seafood Toppokki
(3) Chungyang Jjajang Toppokki 
(4) Toppokki Chicken
4 မျိုးရှိပါတယ်။ 

ဒီ 4 မျိုးရဲ့ Taste လေးတွေကတော့-
(1) Carbonara Toppokki
Toppokki ကိုမှအရသာစိမ့်စိမ့်လေးစားချင်တဲ့ချင်းဂူးလေးတွအနေနဲ့ cream sauce နဲ့ပြုလုပ်ထားတဲ့
ဒီ တော့ပူကီလေးက  Bacon,Onion, Mushroom, Broccoli, Cabbage လေးတွေပါ၀င်တာမို့
အရသာ စိမ့်စိမ့်လေးနဲ့ Topping စုံစုံလေးစားချင်တဲ့ ချင်းဂူးလေးတွအတွက်အဆင်ပြေသော Taste လေးပဲဖြစ်ပါတယ်။

(2)  Spicy Seafood Toppokki
Seafood ကြိုက်နှစ်သက်သူတွေအတွက် အမိုက်စား Toppokki ပဲဖြစ်ပါတယ်။ အရသာလေးကတော့
ကိုရီးယားငရုတ်သီးအနှစ်လေးနဲ့ ချက်ထားတာဖြစ်ပြီး Seafood ဆိုတဲ့အတိုင်း Shrimp,Black Mussel,Squid လေးတွပါ၀င် ပြီးတော့ Onion, Mushroom, Cabbage လေးတွေပါသေးတာဆိုတော့ အမိုက်စား Taste လေးကိုခံစားမှာဖြစ်ပါတယ်။

(3) Chungyang Jjajang Toppokki 
ပဲခေါက်ဆွဲအနှစ်ရဲ့အရသာလေးနဲ့ချက်ပေးထားတာဖြစ်လို့ တော့ပူကီကိုမှ Sweet taste လေးနဲ့စားချင်တဲ့သူတွေအတွက် ကွက်တိဖြစ်မှာပါ။ သူ့ထဲမှာကတော့ Shrimp နဲ့ Bacon, Onion, Mushroom, Cabbage  ပါ၀င်ပါတယ်။

(4) Toppokki Chicken
သူရဲ့အရသာလေးကတော့ Toppokki သီးသန့်မဟုတ်ပဲ Korean Style Fried Chicken 6 pcs နဲ့ တွဲထားပြီး သူကတကယ့် Korean Style  လို့တောင်ပြောလို့ရတဲ့ Toppokki ကိုမှ Korean Style Fried Chicken လေးရယ် Fish Cake လေးရယ်ပါ၀င်ပြီး Korean Chilli အနှစ်လေးနဲ့ချက်ထားတာကြောင့် တစ်လုပ်စားလိုက်တာနဲ့ ကိုရီးယားမြေကို လေယာဉ်စီးဖို့မလိုပဲရောက်သွားစေမယ့် Taste လေးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပုံမှန် တော့ပူကီလေးတွေစားရလွန်းလို့ ငြီးငွေ့နေပါတယ်ဆိုတဲ့ တော့ပူကီသရဲလေးတွေအတွက် Korean Toppokki အသစ်အဆန်းလေးတွေစားပြီး ဂင်ချီမြေကို တကယ်ရောက်သွားချင်တယ်ဆိုရင်တော့ Pizzamaru က Toppokki လေးတွေကို သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

FB Link >>> Pizzamaru Myanmar

Myanmar Restaurant Guide


Read 232 times.