Pet Spa နဲ့ အတူ တွဲဖွင့်ထားတဲ့ Pet-friendly ကော်ဖီဆိုင်အသစ်
ဟူးမန်းဖေဖေ၊ မေမေတို့နဲ့ တိလေးတွေ အတူတူ ဒိတ်လို့ရမယ့် ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်အသစ်လေး ဗဟန်းထဲမှာ ထပ်တွေ့ထားပါတယ်။ ဒီကော်ဖီဆိုင်လေးက ဖွင့်ထားတာ လပိုင်းလောက်ပဲ ရှိသေးလို့ လူသိနည်းပါဦးမယ်။
Click Here > Pro Plus Furniture
အရင်တည်းက ရှိတဲ့ Paws in da house ဆိုတဲ့ Pet Spa ဘေးမှာ အသစ်တွဲဖွင့်လိုက်တဲ့ ကော်ဖီဆိုင်လေးပါ။ ဆိုင်နာမည်ကိုတော့ ဆိုင်ပိုင်ရှင်ရဲ့ ခွေးလေးနာမည် "Mia" ကို အစွဲပြုပြီး Cafe Mia လို့ ပေးထားပါတယ်။
ဆိုင်အပြင်အဆင်က ဘာဘီကာတွန်းကားထဲက ပုံစံလိုမျိုး ပန်းရောင်ဆိုင်လေးမို့ ချစ်စရာကောင်းပါတယ်။ ဘေးမှာ Pet Spa လည်းရှိတော့ တိလေးတွေအတွက် ပိုအဆင်ပြေပါတယ်။ ပါပီလေးတွေကို Spa ထဲ ပို့ထားပြီး ကိုယ်က ကော်ဖီဆိုင် ထိုင်နေရင်လည်း ရပါတယ်။
ဆိုင်အပြင်ဘက်မှာ တိလေးတွေ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားလို့ရအောင် မြက်ခင်းအတုနဲ့ ခြံဝန်းလေး ပြုလုပ်ပေးထားပါတယ်။ တိလေးတွေနဲ့ အတူ အမှတ်တရ ဓာတ်ပုံရိုက်မယ်ဆိုလည်း ဓာတ်ပုံရိုက်လို့ လှတဲ့ Instagrammable ကော်ဖီဆိုင်လေး ဖြစ်ပါတယ်။ ခြံဝန်းလေးထဲမှာ ရှိတာကြောင့် သီးသန့်ဆန်ပြီး ကားပါကင်အတွက်လည်း စိတ်ချရပါတယ်။
ဒီဆိုင်က ကော်ဖီဆိုင်ဆိုပေမဲ့ ကော်ဖီနဲ့ ကိတ်တွေအပြင် Main Dish တွေပါ ရပါတယ်။ ကော်ဖီဆိုင်ဆိုတာထက် နေ့လည်စာ စားချင်သူတွေအတွက်ပါ အဆင်ပြေတဲ့ ဆိုင်လေးပါ။ ကော်ဖီအရသာကောင်းကောင်းလေးနဲ့အတူ ဆိုင်က ကိုယ်တိုင် ဖုတ်ထားတဲ့ ကိတ်မုန့်လေးတွေကိုပါ မြည်းစမ်းနိုင်ပါတယ်။ သောက်စရာအနေနဲ့ရော စားစရာအနေနဲ့ပါ ရွေးချယ်စရာ မီနူးတွေ စုံပြီး အရသာလည်း ကောင်းပါတယ်။
ကော်ဖီနဲ့ ကိတ်လေးတွေ စားပြီး အလှဒိတ်မလား၊ မဟုတ်ရင် Pasta၊ Steak၊ Burger၊ Sandwich နဲ့ Wrap တွေပဲ အဆာပြေ စားမလား၊ ဒါမှမဟုတ် ဘယ်ဆိုင်သွားသွား အ၀ကြိတ်ရမှဆိုရင် ထမင်းကြော်တွေ၊ စပါကတီတွေပဲ တ၀ကြီး စားမလား၊ ကြိုက်တာ ရွေးလို့ရပါတယ်။ Pet-friendly ဆိုင်ဖြစ်တဲ့အတွက် ကိုယ့်သားသား၊ မီးမီးတွေအတွက် စားစရာမုန့်တွေ မရှိမှာလည်း မပူပါနဲ့။ ပါပီလေးတွေအတွက် သီးသန့်မီနူး Cupcake လေးတွေနဲ့ Puppuccino မှာပေးလို့ ရပါသေးတယ်။
ပါပီလေးတွေ ဆော့လို့ရတဲ့ နေရာကျယ်ကျယ်ဝန်းဝန်း၊ ဓာတ်ပုံရိုက်လို့ရတဲ့ နေရာလှလှလေးတွေနဲ့ အစားအသောက်ကောင်းကောင်းတွေ ရနိုင်တဲ့အပြင် Pet Menu လည်း သီးသန့်ရှိတာမို့ Pet Lovers တွေ သဘောကျကြမယ့် ချစ်စရာ ကော်ဖီဆိုင်လေးဖြစ်ပါတယ်။
No.27(C), Phoe Sein Street, Bahan Township, Yangon
09 752660404
ဆိုင်ဖွင့်ချိန် - 8:30 AM to 6:30 PM