Cafes & Restaurant

ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံး စားသောက်ဆိုင် ၁၀ ဆိုင်

November 18, 2020

စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ဒီဆိုင်ကဖွင့်တာ သက်တမ်း ဘယ်လောက်ကြာပြီလဲလို့ စဉ်းစားဖူးလား? ကောင်းမွန်တဲ့ အစားအစာတစ်ခုဆိုတာ ရာစုနှစ်များစွာ ရှည်ကြာတဲ့ ချက်ပြုတ်နည်းတွေနဲ့ ဆင်းသက်လာလို့ပဲ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် စူးစမ်းလေ့လာသူတွေက ကမ္ဘာပေါ်မှာရှိတဲ့ သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်တွေကို လိုက်လံရှာဖွေကြပါတော့တယ်။

 

အွန်လိုင်းဘဏ္ဏာရေးဝန်ဆောင်မှုပေးတဲ့ NetCreditက ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်တွေကို ပြသထားတဲ့ မြေပုံတစ်ခုကို ဖန်တီးခဲ့ပါတယ်။

 

Oldest Restaurants

 

ဒီလို ဖန်တီးဖို့အတွက်ကတော့ သုသေတနအနည်းငယ်တော့ လိုအပ်ပါတယ်။

 

ကုမ္ပဏီရဲ့ အဆိုအရ သူတို့က "နိုင်ငံ၏သက်တမ်းအရင့်ဆုံးစားသောက်ဆိုင်" ကိုရှာဖွေဖို့ ကြိုးစားကြမှာ ဖြစ်ပြီး တကယ်လို့ မအောင်မြင်ပါက နိုင်ငံတွေမှာရှိတဲ့ သက်တမ်းရင့်တဲ့ မြို့တော်တွေကို ရှာဖွေကြမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးမှာတော့ မြို့နယ်တွေမှာရှိတဲ့ သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်တွေကို စာရင်း ပြုစုနိုင်ခဲ့ပါတယ်။ ကဲ ဒါဆို ကမ္ဘာပေါ်ရှိသက်တမ်းအရင့်ဆုံး စားသောက်ဆိုင် ၁၀ ခုစာရင်းကို လေ့လာကြည့်ကြရအောင်။

 

၁၀။ Gostilna Gastuž က Top 10ရဲ့ နံပါတ် (၁၀) နေရာမှာ ရှိပါတယ်။ စားသောက်ဆိုင်ကို စလိုဗေးနီးယား (Slovenia)ပြည်နယ်မှာတည်ရှိပြီး ၁၄၆၇ ခုနှစ်တွင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အထူးဟင်းလျာကတော့ buckwheat porridge ပါတဲ့ မှိုဟင်းချိုဖြစ်ပါတယ်။

getlstd_property_photo - Picture of Gostilna Gastuz, Loce pri Poljcanah -  Tripadvisor

 

၉။ နံပါတ်ကိုး နေရာကတော့ Honke Owariya ပါ။ ဒီဂျပန်စားသောက်ဆိုင်ကို ၁၄၆၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့  shiitake mushrooms၊ shredded thin omelet၊ sesame seeds၊ shrimp tempura၊ wasabi၊ nori၊ Japanese leeks နှင့် grated daikon စတဲ့ အထူး Menuတွေကြောင့် လူသိများကြပါတယ်။

Honke Owariya Noodle Restaurant - Kyoto - Japan Travel

 

၈။  ၁၃၈၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ Liechtenstein နိုင်ငံရဲ့ ဟိုတယ် Gasthof Löwenက Rösti၊ ဟင်းသီးဟင်းရွက်များနှင့်အတူ Sliced ​​veal“ Zurich style” ရဲ့ ထူးခြားသော ဟင်းလျာကြောင့် လူသိများထင်ရှားပါတယ်။

Hotel-Gasthof Löwen - Reviews for 3-Star Hotels in Feldkirch | Trip.com

 

၇။ ကမ္ဘာ့သတ္တမမြောက် သက်တမ်း အကြီးဆုံး စားသောက်ဆိုင်ကို စကော့တလန်မှာတည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီနေရာကို The Sheep Heid Inn လို့ခေါ်ကြပါတယ်။ သူတို့ရဲ့အထူးဟင်းတွေ ကတော့ ရိုးရှင်းတဲ့ အာလူးကြော်နဲ့ နံရိုးသားကင် ၊ မှိုချက်ကင်၊ ခရမ်းချဉ်သီးအနှစ်နဲ့ parsley ထောပတ်တို့ ဖြစ်ပါတယ်။ 

The Sheep Heid Inn – Alessandra's adventures

 

၆။ သင် ပြင်သစ်ကိုရောက်ဖူးလား ? ရောက်ဖူးတယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဆဌမမြောက် သက်တမ်းအရင့်ဆုံးစားသောက်ဆိုင်ကြီးရှိတဲ့ အဲ့တိုင်းပြည်ကိုလည်ပတ်ခဲ့တယ်လို့ သင် တွေးနိုင်ပါတယ်။ ဆိုင်နာမည်ကတော့ La Couronne စားသောက်ဆိုင်ဖြစ်ပြီး ၁၃၄၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အထူးဟင်းလျာကတော့ ဘဲပေါင်းကင်၊ နံရိုးကင်နှင့် ဂန္ထဝင်မြောက်တဲ့ခရုဟင်းလျာတွေပဲ ဖြစ်ပါတယ်။ 

Restaurant La Couronne - Photo de Restaurant La Couronne, Rouen -  Tripadvisor

 

၅။ နံပါတ် ၅နေရာကတော့ အိုင်ယာလန်မှာ ရှိတဲ့ Brazen Head စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာ တည်ရှိတာဖြစ်ပြီး ဒီစားသောက်ဆိုင်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောနေရာတွေကြောင့် လူသိများ ကျော်ကြားတာဖြစ်ပါတယ်။

The Brazen Head - Wikiwand

 

၄။ တရုတ်ပြည်ကတော့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်တွေထဲက စတုတ္ထမြောက်အကြီးဆုံး စားသောက်ဆိုင်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Ma Yu Ching's Bucket Chicken House ကို ၁၁၅၃ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ အထူးဟင်းလျာက လူကြိုက်များတဲ့ ကြက်သားပဲ ဖြစ်ပါတယ်။

World's Oldest Chinese Restaurant - Ma Yu Chang's Bucket Chicken House |  Our Products

 

၃။ Wales မှာတည်ရှိတဲ့ Old House ကို ၁၁၄၇ မှာ တင်တည်ထောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အဓိက menuက Old House Pieပါ။ ဒီဟင်းလျာကတော့ ချစ်ပ်တွေ ပဲစေ့တွေ ပါဝင်တဲ့ ဟင်းလျာပဲ ဖြစ်ပါတယ်။

The Old House 1147 – Wales Oldest Pub | Restaurant | Wedding venue

 

၂။ ကမ္ဘာပေါ်မှာ ဒုတိယ သက်တမ်းအကြီးဆုံးစားသောက်ဆိုင်ကို ၁၁၄၆ ခုနှစ်မှာ တည်ထောင်ခဲ့တာပြီး ဂျာမနီနိုင်ငံမှာ သင်တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ကတော့  Wurtskuchl အမည်ရှိပြီး မီးသွေးမီးဖို ခေါင်းတိုင် နဲ့ sauerkraut တို့ကြောင့် ကျော်ကြားပါတယ်။

Wurstkuchl - Picture of Historische Wurstkuche, Regensburg - Tripadvisor

 

၁။ နောက်ဆုံးအနေနဲ့ ကမ္ဘာ့အသက် အကြီးဆုံးစားသောက်ဆိုင်ဖြစ်တဲ့ St. Peter Stifts Kulinarium ကသြစတြီးယားနိုင်ငံမှာ တည်ရှိပါတယ်။ ဒီစားသောက်ဆိုင်ကို ၈၀၃ ခုနှစ်မှာ တည်ထောင်ခဲ့ဖြစ်ပြီး ဒီစားသောက်ဆိုင်ရဲ့အထူးဟင်းလျာကတော့ Tafelspitz ဖြစ်ပါတယ်။

St. Peter Stiftskulinarium : Dining in Salzburg : salzburg.info

 

Written By Wyk

The Myanmar Restaurant Guide

REF: dailyhive


Read 636 times.