Special Deals

အပြီးအစီး တစ်ယောက် ၁၄,၅၀၀ ကျပ်နဲ့ အချိန်ကန့်သတ်ချက်မရှိ အ၀စား ဆူရှီဘူဖေး

November 29, 2023

ဆူရှီဘူဖေးကို ငွေတစ်သောင်းခွဲတောင် မပြည့်တဲ့စျေးနဲ့ အ၀ဆွဲလို့ ရမယ့်အပြင် အချိန်ကန့်သတ်ချက်မရှိတဲ့အတွက် တစ်နေကုန် တစ်နေခမ်း ကြိုက်သလောက် ထိုင်စားလို့လည်း ရမယ်ဆို ကြမ်းသွားပြီမလား? ဒီလို အမိုက်စား ပရိုမိုရှင်းကြီးကို O Sushi ကနေ ဒီဇင်ဘာ (၁) ရက်နေ့အထိ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

O Sushi ရဲ့ ဆူရှီဘူဖေး စားလို့ရတဲ့ တာမွေဆိုင်၊ ပုစွန်တောင်ဆိုင်နဲ့ ပါရမီဆိုင် (၃) ဆိုင်လုံးမှာ ဒီပရိုမိုးရှင်းက ရှိနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနီးအနားမှာ ရှိတဲ့ ဆိုင်မှာ ဝင်ပြီး အပြီဆွဲလို့ ရပါပြီ။ ပရိုမိုးရှင်း စည်းကမ်းချက်ကတော့ ကိုယ်နဲ့အတူတူ လိုက်စားမယ့် အဖော် (၃) ယောက်ကို ခေါ်သွားပေးရုံပါပဲ။ 

Click Here >> DM Trading

အကုန်အပြီးစီး ပုံမှန်စျေးဆို ၁၉,၂၅၀ ကျပ် ပေးရပါတယ်။ အခု ၄ ယောက်လာ ၃ ယောက်စာပဲ ပေးရမယ့် ဒီပရိုမိုးရှင်းမှာတော့ သေချာတွက်ရင် တယောက်မှ အပြီးအစီး ၁၄,၅၀၀ ကျပ်ပဲ ကျတော့မှာ ဖြစ်တဲ့အတွက် အရမ်းတန်နေပါပြီ။ အချိန်ကန့်သတ်ထားတာမျိုးလည်း မရှိတဲ့အတွက် စားတဲ့အခါမှာ လောနေစရာလည်း မလိုပါဘူး။ 

ဆူရှီဘူဖေးအပြင် တခြား ဂျပန်စာတွေကိုလည်း A Lar Carte မီနူးနဲ့ တစ်ပွဲချင်းစီ မှာစားလို့လည်း ရပါသေးတယ်။ ဂျပန်စာနဲ့ ပတ်သက်လာရင်၊ ဆူရှီနဲ့ ပတ်သက်လာရင်တော့ O Sushi ကို လုံး၀ ချန်ခဲ့လို့မရပါဘူး။ ဒါကြောင့် အရမ်းတန်တဲ့ ပရိုမိုးရှင်းကြီး ရှိတုန်းလေး သူငယ်ချင်း (၄) ယောက် အတူ O Sushi မှာ ဆူရှီဘူဖေး အ၀ဆွဲလိုက်တော့နော်။  

O Sushi တာမွေလိပ်စာ - အမှတ် (၄၄)၊ သမိန်ဗရမ်းလမ်း၊ ဓမ္မဒါနလမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်၊ တာမွေ၊ ရန်ကုန်မြို့

09766001557

O Sushi ပါရမီလိပ်စာ - အမှတ် (၁၃)၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ ပါရမီစိန်ဂေဟာမျက်စောင်းထိုး၊ လှိုင်၊ ရန်ကုန်မြို့

09756048502

O Sushi ပုစွန်ထောင် - အမှတ် (၆၂)၊ မဟာဗန္ဓုလလမ်းနှင့် တာဝတိံသာလမ်းထောင့်၊ ပုစွန်ထောင် Ocean ဒုတိယထပ်၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့

09969151042 


Read 368 times.