Special Deals

၅ ထောင်ကျပ်နဲ့ ပူပူနွေးနွေး ကိုရီးယား Army Stew အ၀ဆွဲမယ်

December 27, 2023

မနက်ခင်းပိုင်းလေးနဲ့ ညနေစောင်းတွေမှာဆို အေးစိမ့်စိမ့်လေး ဖြစ်လာပြီဆိုတော့ ပွင့်ထွက်သွားအောင် ပူပူစပ်စပ်စာလေးတွေကိုပဲ တောင့်တနေမိတာမလား? ဒီလိုအချိန်မှာ ကိုရီးယား Army Stew ကို (၅) ထောင်ကျပ်လောက်နဲ့ စားလို့ရမယ့် ပရိုမိုးရှင်းကို NK Korean & Japanese Food House ကနေ New Year ပရိုမိုးရှင်းအနေနဲ့ လျှော့စျေးပေးထားပါတယ်။

သူ့ဆိုင်ရဲ့ စပယ်ရှယ်မီနူးဖြစ်တဲ့ Army Stew (ဘူဒဲဂျီဂဲ) ရဲ့ ပုံမှန်စျေး ၁၈,၀၀၀ ကျပ်ကို ဒီဇင်ဘာ လကုန်အထိ ၁၅,၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ စုစားဖို့အတွက်ဖြစ်ဖြစ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေး ဝိုင်းဖွဲ့စားသောက်ဖို့ပဲဖြစ်ဖြစ် လူ (၃) ယောက်လောက် စားနိုင်တဲ့ Portion မျိုးဖြစ်တဲ့အတွက် တစ်ယောက်ကို ၅,၀၀၀ ကျပ်လောက်ပဲ ကျပါတော့မယ်နော်။

Advertisement 

Click Here > Golden House 

သူ့ရဲ့ Army Stew ကို ဝက်သား/ကြက်သား/အမဲသားဆိုပြီး (၃) မျိုး ရွေးချယ်လို့ ရပါတယ်။ ဘာအသားနဲ့ပဲစားစား စျေးနှုန်းကတော့ ပရိုမိုးရှင်းကာလအတွင်းဆို ၁၅,၀၀၀ ကျပ်ပါပဲ။

Army Stew တစ်အိုးမှာဆို ကြက်/ဝက်/အမဲ အသားတစ်မျိုးမျိုး၊ Sausage ချောင်းတွေ၊ တော့ပိုကီနဲ့ Fishcake တွေအပြင် ငုံးဥ၊ ပဲပြား၊ ကင်မ်ချီ၊ အပ်မှို၊ ချိစ်ပြားနဲ့ ခေါက်ဆွဲတွေ အစုံထည့်ပေးထားတာ အိုးအပြည့်ပါပဲ။ ပင်လယ်စာနဲ့ တခြား ထပ်ထည့်စားချင်တဲ့ အဆာပလာတွေ ရှိရင်လည်း Add on လုပ်လို့ ရပါသေးတယ်။ 

ဆိုင်လေးက ဘတ်ဂျတ်ဆိုင်လေးလည်းဖြစ်သလို ကိုရီးယား အစားအသောက်တွေရော ဂျပန်စာတွေပါ အစုံရတာကြောင့် လူငယ်တွေကြား နာမည်ကြီးပြီးသားပါ။ ဒီဆိုင်မှာ ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ မီနူးလေးတွေဆို စျေးက (၂,၀၀၀) ကျပ်လောက်ကနေ စရှိပါတယ်။ ဒီဆိုင်ရဲ့ နောက်ထပ် သဘောကျစရာက Couple Set တွေ၊ Family Set တွေက စျေးအရမ်းတန်ပါတယ်။

စားပြီး သောက်ပြီး အချိုတည်းမယ့်သူလေးတွေတွက် NK မှာ ကော်ဖီနဲ့ ဖျော်ရည်တွေအပြင်၊ ဆိုဒါ၊ Smoothie၊ Bubble Tea နဲ့ ရေခဲမုန့်တွေပါ အစုံရှိပါတယ်။ သူငယ်ချင်းတွေ စုသွားပြီး အမေရိကန်စတိုင် ပိုက်ဆံရှင်းမယ်ဆိုရင်တော့ ဒီဆိုင်လေးက ရွေးချယ်သင့်တဲ့ ဆိုင်ပါပဲ။ ဆိုင်လေးက သပ်သပ်ရပ်ရပ်ရှိပေမဲ့ အိမ်ဆိုင်လေးမို့ နေရာက နည်းနည်းတော့ ကျဉ်းပါတယ်။ 

လိပ်စာ - ဂ/၂၅၄၊ ခေမာသီလမ်း၊ ဆေးတက္ကသိုလ်(၂)ရှေ့၊ ဥက္ကာလမ်းမှတ်တိုင်အနီး၊ မြောက်ဥက္ကလာပ။

ဖုန်း - 09785019270

Open daily - 10 AM to 8 PM


Read 322 times.