MoMo’s Freshရဲ့ ချဉ်ငံစပ်
ချို၊ချဉ်၊ဖန်၊ခါး၊စပ် စတဲ့အရာသာတွေဟာ လူတိုင်းနဲ့ နေ့စဉ်ထိတွေ့နေကြရပါတယ်။ နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့အတွက် အင်အားတွေလိုအပ်ပါတယ်။ ၎င်းအင်အားတွေကို အစားအစာကနေ အများဆုံးပြန်လည်ရယူတယ်လို့ သိရပါတယ်။
အစားအစာတွေဟာ အမျိုးမျိုးရှိတဲ့ အတွက် လူကြိုက်များတဲ့ အရသာတွေကလည်း အလွန်များပြားပါတယ်။ ချဉ်ချဉ်ငံငံ စပ်စပ် အသုပ်တွေကို မကြိုက်တဲ့ လူတွေကတော့ အလွန်လွန်ကိုရှားပါတယ်။ များသောအားဖြင့် မိန်းကလေးတွေအလွန်ကြိုက်ကြပါတယ်။ ယောက်ျားလေးတွေလည်း အများစုက နှစ်သက်ကြပါတယ်။
ဒီတစ်ခေါက်မျှဝေပေးသွားမယ့်ဆိုင်ကတော့ Time City က City walk Food court မှာ ဖွင့်ထားတဲ့ MoMo’s Fresh ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။
လူပြောများလို့ဆိုပြီး သွားစားကြည့်တာ....စားပြီးရင်းစားချင်သွားတယ်။ ဈေးနှုန်းကလည်း အလွန်တန်တဲ့အပြင် အရသာကလည်း လျှာမှာစွဲနေတာမျိုးမို့လို့ သူငယ်ချင်းတို့ကို ပြန်ပြီး Recommendပေးလိုက်တာပါနော်။
MoMo’s Freshဆိုင်က ဝယ်သူတွေရဲ့စိတ်ကြိုက်ဖြစ်အောင် စေတနာပါပါလုပ်ဆောင်ပေးတာဖြစ်တဲ့အတွက် တကယ့်ကို ဝန်ဆောင်မှုကောင်းတဲ့ဆိုင်တစ်ဆိုင်ပါ။
ဆိုင်မှာ စားချင်တဲ့အသီးတွေကို ကြိုက်တာရွေးထည့်လို့ရပြီး အရသာကလည်း အစပ်အဟပ်တည့်ပါတယ်။ ချဉ်ငံစပ်အရသာဖြစ်အောင်လည်း စိတ်ကြိုက်လုပ်ပေးတာနော်။ အရသာကို စိတ်ကြိုက်ဖြစ်တဲ့အထိ သေသေချာချာလေးလုပ်ပေးတဲ့ အပြင် ငါးပိကိုလည်း အနေတော်လေးပဲ ထည့်ပေးပါတယ်။ မကြိုက်တဲ့သူတွေအတွက်ရော ပြီးတော့အနံ့ နံ မှာစိုးတဲ့သူတွေအတွက်ရော၊ အစပ်မစားနိုင်တဲ့သူတွေအတွက်ရော အဆင်ပြေအောင်လို့ ဖြစ်ပါတယ်။
အစပ်ကြိုက်တဲ့သူတွေကတော့ ငရုတ်သီးမှုန့်ကို ကိုယ်ကြိုက်သလောက် ထည့်ခိုင်းလို့လည်း ရပါသေးတယ်။ ချဉ်တာ စပ်တာ ကြိုက်တဲ့ မိန်းကလေးတွေ၊ယောက်ျားလေးတွေ လုံးဝလုံးဝကြိုက်မယ့် အရသာမျိုးဖြစ်တဲ့အတွက် လက်လွတ်မခံဖို့ တိုက်တွန်းချင်ပါတယ်။
MoMo’s Freshဆိုင်က အသီးတွေကို Gram နဲ့ချိန်ရောင်းတာဖြစ်ပြီး 100 Gram ကို 600ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတဲ့ အတွက် တန်လည်းတန် အရသာလည်းရှိမှာ ဖြစ်ပါတယ်။ ဆိုင်မှာ အသီးတွေလည်း တကယ်ကိုစုံပါတယ်။ နောက်ပြီး အသီးဖျော်ရည်တွေလည်း ရတဲ့ အတွက် အသီးဖျော်ရည်လေးသောက်ရင်း ချဉ်ငံစပ်အသုပ်လေးကို အရသာခံစားနိုင်ဖို့အတွက် အခုပဲသွား စားကြစို့နော်။
By Wyk(Myanmar Restaurant Guide)
Photo Credit