Mikadoမှာ Sushi Buffetစားကြမယ်
Sushiလို့ ပြောလိုက်တာနဲ့ နှုတ်ခမ်းနီမလေးတွေ အရမ်းကြိုက်နှစ်သက်ကြပြီး စားပြီးရင်း စားချင်နေမယ့် အစားအစာမျိုးဖြစ်ပါတယ်။
ယခု မျှဝေပေးသွားမှာကတော့ Mikadoရဲ့ Sushi Buffetအကြောင်းလေးဖြစ်ပါတယ်။
ဈေးနှုန်းလေးကလည်း အသင့်အတင်ရှိပြီး ဈေးကြီးမှာကို စိတ်ပူနေစရာမလိုပါဘူးနော်။ Mikadoဆိုင်မှာ စားသုံးမယ်ဆိုရင် တစ်ဦးကို ၉၉၀၀ကျပ်ကျသင့်မှာ ဖြစ်ပြီး Taxဘာညာအကုန်အပြီးအစီးကို ၁၀၈၀၀ကျပ်ပဲ ကျသင့်မှာဆိုတော့ တန်တန်လေးနဲ့ ဗိုက်အပြည့် အဝသိပ်လို့ရမှာဖြစ်တဲ့အတွက် သွားရောက်သုံးဆောင်ကြဖို့ လက်လွှတ်မခံနဲ့နော် သူငယ်ချင်းတို့....
တစ်ခုတော့မှာချင်ပါတယ်၊ အဲ့တာကတော့ ဆိုင်ကဈေးနှုန်းတန်ပြီး အရသာ ရှယ်ကောင်းတာမို့လို့ လူအမြဲပြည့်နေတတ်တာကြောင့် ထိုင်စောင့်နေရမှာစိုးတဲ့အတွက် Bookingကြိုတင်သွားတာက စိတ်အချရဆုံးပါပဲ။
ဘယ်အချိန်မှာ သွားစားသင့်လဲ
Mikadoရဲ့ Menuအရ ဆိုင်မှာ Buffetက ၁နာရီက၄နာရီအထိပဲ ဖြစ်တဲ့အတွက် စောစောသွားပါ။ စောစောသွားရင် စားတဲ့အချိန်ပိုရပြီး နောက်ကျမှသွားရင် စားတဲ့အချိန်နည်းမှာဖြစ်တဲ့အတွက် ၁နာရီ သို့မဟုတ် ၂နာရီအတွင်းလောက်က နောက်မကျသလို အရမ်းမစောတဲ့အတွက် အကောင်းဆုံးအချိန်လို့ အကြံပေးပါရစေ။
Buffetကို ဘယ်လိုသုံးဆောင်ကြမလဲ
Buffetစားမယ်ဆိုရင် ပထမဆုံးအနေနဲ့ လောဘကြီးပြီး တစ်ခါတည်းနဲ့ အများကြီး အကုန်မမှာပါနဲ့။ ကိုယ်စားချင်တဲ့ဟာကို နည်းနည်းချင်းစီမှာပြီးစားပါ။ သတိပြုရမှာက Sushiတဲ့အစားအစာက အီပြီး ဗိုက်ဝလွယ်တာကြောင့် ဖြေးဖြေးချင်းစားပါ။ အကောင်းဆုံးအကြံပေးချင်တာကတော့ အစာကြေဆေးပါဆောင်သွားပါ။ တစ်ယောက်တည်းသွားစာမှာထက် သူငယ်ချင်း ၃ယောက် ၄ယောက်လောက်နဲ့ သွားစားသင့်ပါတယ်။ ဒါမှမဟုတ် Right personနဲ့လည်း ၂ယောက်တည်း သွားစားဖို့တိုက်တွန်းချင်ပါတယ်။
ဘယ်လိုမျိုး Sushiတွေကို ရွေးချယ်စားသုံးရမလဲ
- Nigiri Sushiတွေကအတော်ကောင်းပါတယ်။ ဒါ့ကြောင့် ဖြေးဖြေးနဲ့ များများ စားခဲ့ပါ။ ဗိုက်အပြည့်လွယ်တဲ့ ကဏန်းနဲ့ကြက်ဥကိုလျှော့စားပြီး ပုဇွန်၊ ရေဘဝဲ၊ salmon ၊ကင်းမွန်ကိုပိုစားပါ။
- နောက်ပြီး inari sushiကို တစ်ပွဲစီလောက်ပဲစားခဲ့ပါ။ ဘာလို့ဆိုinari sushiက အီလို့ပါ။
- Tsumaniကတော့ ၃မျိုးရှိပါတယ်။ ကင်ချီကိုဖယ်ပြီး ကြက်ဥချို နဲ့ ကြက်ဥပေါင်း ၂မျိုးထဲက ၁မျိုးကို စားပါ။
- ဗိုက်ပြည့်လွယ်တဲ့ Temaki sushiကို အများကြီး မစားပါနဲ့ တစ်ခုစီလောက်ပဲစားခဲ့ပါ။
- Maki တွေကတော့ တစ်ပွဲမှာ အများကြီးပါတဲ့အတွက် တစ်ပွဲလောက်နဲ့ လုံလောက်ပါတယ်။
- Gunkanတွေအများကြီးမမှာပါနဲ့ အရင်ဆုံး အစုံကို၁ပွဲစီလောက်ပဲမှာစားပါ။ ပြီးမှ ကြိုက်တဲ့ဟာကိုထပ်မှာပါ။
- Sushi rollတွေကိုတော့ အကုန်စားဖို့မှာချင်ပါတယ်...အရမ်းကောင်းလွန်းလို့ပါ။ တစ်မျိုးကိုတစ်ပွဲစီ မှာစားပြီးမှ ကိုယ်ကြိုက်တာတွေထပ်မှာပါ။
- salmon၊ ပုဇွန်ကြော်cheeseလိပ်နဲ့ အမဲသားcheeseလိပ်ကိုတော့ မဖြစ်မနေစားကြည့်ဖို့ recommand ပေးပါတယ်။ အကြိုက်ဆုံး မို့လို့ပါ။
- Agemonoတွေမှာက ကြက်ပေါင်သားကြော် ငါးအသားလွှာကြော် ဂျပန်တို့ဟူးကြော်လေးတွေ စားသုံးပါ။ Saladလည်း တစ်ပွဲလောက် စားသင့်ပါတယ်။
- Rice dishesက ဂျပန်ထမင်းကြော်၁ပွဲလောက်မှာပြီး သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် တစ်ယောက်တစ်လုတ်စားပါ။ ဗိုက်အမြန်ပြည့်မှာ စိုးလို့ပါ။
- နောက်ဆုံးအနေနဲ့ အစားပိတ်လေးမှာ Miso soup ချဉ်ချဉ်စပ်စပ်လေးကို sushi တွေစားနေတုန်းမသောက်ပဲ အကုန်လုံးစားသောက်ပြီးမှ သောက်ပါ။ အအီလည်းပြေတဲ့အပြင် ပါးစပ်ထဲစွဲနေမယ့် ချဉ်ချဉ်စပ်စပ်အရသာလေးကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။
ဘာတွေသတိထားရမလဲ
ဆိုင်ကဝန်ဆောင်မှုကောင်းပြီး serviceနိုင်တဲ့အတွက်ကြောင့် ဘာမှထွေထွေထူးထူးပြောစရာတောင်မလိုပါဘူး။ အဓိက ကတော့Bookingတင်ဖို့မမေ့ပါနဲ့ နောက်ပြီး စောစောသွားပါ...တစ်ပွဲချင်း ကုန်သလောက်အရင်မှာပြီး စားပါ။ ကုန်မှထပ်မှာပါ၊ မှာထားပြီး အကုန်ရင် ပြန်လျော်ရပါတယ်။ ဒါလေးတော့ သိထားပေးပါ။
နောက်ပြီး သောက်ရေကလည်း Freeပါ။ Mayonnaiseတို့ကိုလည်း ထပ်လိုချင်ရင်တောင်းလို့ရပါတယ်။ မှာထားတာတွေကိုလည်း လာချပေးတာအရမ်းမြန်ပါတယ်နော်။ ဗိုက်ဆာဆာနဲ့ အဆင်သင့်စားရုံပါပဲ။
ကဲ ဒီတော့ တန်လည်းတန် ကောင်းလည်းကောင်းတဲ့ Mikadoက Sushi Buffetကို အရောက်သွားပြီး မြည်းစမ်းကြည့်ဖို့ မမေ့ကြနဲ့နော်။
လိပ်စာ- စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်- ၀၉၄၅၀၆၂၆၇၂၂
နေ့စဉ် မနက် ၁၀နာရီမှ ည ၁၀နာရီထိဖွင့်ပါတယ်။
လိပ်စာ- အမှတ်၇၉၊ ဒေါ်သိန်းတင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်- ၀၉၅၀၄၉၂၉၈
နေ့စဉ် မနက် ၉နာရီခွဲမှ ည ၉နာရီခွဲ ထိဖွင့်ပါတယ်။
By Wyk
Photo Credit