Best Cuisine

Malia hotel မှာ Holloween ကြမယ်

October 29, 2019

အနောက်နိုင်ငံတွေရဲ့ ရိုးရာပွဲတော် တစ်ခုဖြစ်တဲ့ ဟောလိုးဝင်း ပွဲတော်ကို နှစ်စဉ် အောက်တိုဘာ ၃၁ ရက်နေ့တိုင်း နိုင်ငံတော်တော်များများမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်…


ဒီလို ကျင်းပကြရာမှာ ဟောလိုးဝင်းဆိုတဲ့အတိုင်း ကြောက်မက်ဖွယ်ရာများနဲ့ အလှဆင်လေ့ ရှိကြသလို ချစ်စဖွယ် ပြင်ဆင် ဆင်နွှဲကြတာကိုလည်း တွေ့ရပါတယ်…

ကလေးများက ဟောလိုးဝင်းနဲ့ သက်ဆိုင်တဲ့ ဝတ်စုံလေးများကို ဝတ်ဆင်ပြီး တစ်အိမ်တက်ဆင်း “trick or treat” “ခြောက်လှန့်ရမလား မုန့်ကျွေးမလား” စတဲ့ ချစ်စဖွယ် အလေ့အထလေးနဲ့ ဒီပွဲတော်ကို ပျော်ရွင်စွာ ဆင်နွှဲလေ့ရှိကြပါတယ်…


ကလေး၊ လူကြီးမရွေး မိသားစုလိုက် ပျော်ရွင်စွာ ဆင်နွှဲလေ့ရှိကြတဲ့ ဟောလိုးဝင်းပွဲတော်ချိန်ခါကို မီလီယာရဲ့ The Market စားသောက်ဆိုင်မှ ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်မှာအတူဆင်နွှဲနိုင်ရန်ဖိတ်ခေါ်လိုက်ပါတယ်…

ထူးခြားဆန်းပြားပြီး သင့်ရဲ့ Social media အပေါ်မှာ အကောင်းဆုံး မျှဝေနိုင်မယ့် ဟောလိုးဝင်း အပြင်အဆင် များနဲ့အတူ ဒီပွဲတော်နဲ့ လိုက်ဖက်တဲ့ စားသောက်ဖွယ်ရာများ၊ ဟောလိုးဝင်း အထူးမိတ်ကပ်ခြယ်သပေးမယ့် အစီအစဉ်များအပြင် “Spooky Purple” လို့ခေါ်တဲ့ ဟောလိုးဝင်း အထူးကော့တေးကိုလည်း welcome drink အနေနဲ့ သုံးဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်…


ဒီလို များပြားလှတဲ့ ခံစားခွင့်တွေအတွက် အပိုထပ်ဆောင်းပေးရမလားဆိုပြီး စိတ်မပူလိုက်ပါနဲ့….


ဒီ ဟောလိုးဝင်း ညအတွက် ဘူဖေးညစာကို ပုံမှန်ရောင်းချပေးနေကြ ဘူဖေးညစာ ဈေးနှုန်းအတိုင်း တစ်ဦးကို ၃၅ ဒေါ်လာဖြင့် ရောင်းချပေးသွားမှာ ဖြစ်တဲ့အပြင် ဝိုင်၊ ဘီယာ၊ အချိုရည်မျိုးစုံ၊ လက်ဖက်ရည်နဲ့ ကော်ဖီများကို စိတ်ကြိုက် သုံးဆောင်ခွင့်ပါ ပါဝင်ဦးမှာမို့ သင့်ရဲ့ ဟောလိုးဝင်းပါတီစိတ်ကူးကို ပြီးပြည့်စုံစေမှာပဲ ဖြစ်ပါတယ်…

ဒီအခွင့်အရေးအတွက် ၀၁ ၉၃၄ ၅၀၀၀ ကို အခုပဲ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းလိုက်ပါ…


Address        - 192, Kaba Aye Pagoda Road, Bahan Township .

Phone Number    - 01 934 5000

Website        - https://www.melia.com/en/hotels/myanmar/yangon/melia-yangon/index.html

Facebook    - https://www.facebook.com/MeliaYangon/


Source    - Melia Hotel


The Restaurants Guide


Read 328 times.