Cafes & Restaurant

မူကထ မဟုတ်တဲ့ ထိုင်းစတိုင် နေူးကထရတဲ့ ဟော့ပေါ့ အသားကင်ဘူဖေးဆိုင်

January 24, 2024

မူကထ စားရတာ ရိုးလာပြီလား? ဒါဆို နေူးကထ ပြောင်းစားကြည့်ပါ။ အသားလွှာတွေ စုံစုံလင်လင်နဲ့ ဟော့ပေါ့ရော အကင်ပါ ဘူဖေးစားချင်သူတွေအတွက် ထိုင်းဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။ Side Dish တွေ၊ အချိုပွဲတွေလည်း ရွေးချယ်စရာများပြီး အသားနှပ်အရသာတွေနဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကြောင့် ဒီဆိုင်လေးက စားသုံးသူထံက မှတ်ချက်ကောင်းတွေ ရထားတဲ့ ဆိုင်လေးဖြစ်ပါတယ်။ နွားတစ်ကောင်လုံးက ခေါင်းအစခြေအဆုံး၊ ကလီစာအစုံရတဲ့အတွက် အမဲသားကြိုက်သူတွေဆို ပိုအဆင်ပြေပါတယ်။ 

ဒီဆိုင်လေးက Halal ဆိုင်ဖြစ်တဲ့အတွက် ဝက်သားတော့ မရပါဘူး။ အမဲသားကို အဓိကထားပြီး ပြင်ဆင်ထားတာကြောင့်လည်း မူကထလို့ မခေါ်ဘဲ နေူးကထလို့ ခေါ်တာပါ။ သူ့ဆိုင်က ဟော့ပေါ့ရော၊ အကင်ရောကို တစ်ခါတည်း အ၀စားလို့ရတဲ့ ဘူဖေးဆိုင်ပါ။ အိုးမှာဆို ရွေးချယ်စရာ (၃) မျိုး ရှိပါတယ်။ နေူးကထအိုး၊ အကင်ဗန်းနဲ့ ဟော့ပေါ့အိုး ဆိုပြီး ရှိပါတယ်။ 

အသားနှပ်

အသားနှပ်တွေမှာဆို မာလာ၊ အချို၊ အစပ်၊ ထိုင်းစတိုင် ဖက်ဖစ် စသဖြင့် အရသာအစုံ ရှိပါတယ်။ အမဲသားကို အူကြမ်း၊ အူဂျို၊ ထပ်တရာ၊ လျှာ၊ ဦးနှောက်၊ အသည်း/နှလုံး၊ ကိုယ်တိုင်လုပ် အမဲအသားလုံးလေးတွေလည်း အစုံ ရပါတယ်။ ပင်လယ်စာတွေမှာဆို ပုဇွန်ထုပ်ကြီးတွေ၊ ဂုံး၊ ဂုံးစိမ်း၊ ရှပ်၊ ဂဏန်း၊ ပြည်ကြီးငါး၊ ကကတစ်ငါး၊ ရေဘဝဲတွေ လတ်လတ်ဆတ်ဆတ် ရပါတယ်။ ကြက်မှာတော့ ကြက်သား၊ ကြက်အမြစ်တို့ပဲ ရှိပါတယ်။ ဒါ့အပြင် အသီးအရွက်စုံ၊ အသားလုံးတွေ၊ ထုံချိုင်းအကင်တွေ၊ ခေါက်ဆွဲ၊ ဆန်းပြားတို့လည်း ရှိပါတယ်။   

အရံဟင်းပွဲတွေကတော့ - 

မာလာရှမ်းကော 
ပုဇွန်တန်ပူရာ
ဖက်ထုပ်ကြော် 
ဂဏန်းဟင်း 
ပုဇွန်အုန်းနို့ 
ကြက်ကြွပ်ကြော် 
ထမင်းကြော် 
ကြာဇံကြော်တို့အပါအဝင် Side Dish (၁၀) မျိုးလောက် ရပါတယ်။ 

အချိုပွဲမှာ - 

ယိုးဒယားရေခဲမုန့် အရသာ ၅ မျိုး 
အသီးအနှံတွေ
သာကူ
အအေး ၆ မျိုး
Pepsi ဘူး
ရေသန့်ဘူး ပေးပါတယ်။ 

ဟော့ပေါ့အရည် အရသာက အချို၊ တုံယမ်း၊ မာလာ၊ ကော်လဂျင်အရသာတို့ ရှိပါတယ်။ ဟော့ပေါ့နဲ့ အကင်မှာ အချဉ်က အသက်မို့ ကိုယ်တိုင်စပ်မလား၊ အသင့်စပ်ထားတဲ့ မန်ကျည်းချဉ်နဲ့ ပင်လယ်စာချဉ် ယူမလား၊ ချိစ့်ယူမလား ကြိုက်ရာရွေးလို့ ရပါတယ်။ 

စျေးနှုန်းကတော့ လူကြီးတစ်ဦးကို အပြီးအစီး ၂၆,၀၀၀ ကျပ် ကျပါတယ်။ စားသုံးချိန်က ၂ နာရီ ကန့်သတ်ထားပါတယ်။ နေူးကထဘူဖေးအပြင် ထိုင်းအစားအသောက်တွေကို Luxury ဆန်ဆန် စားလို့ရမယ့် ဒီဆိုင်လေးက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့  Lunch / Dinner စားမယ်ဆိုရင် တော်တော်လေး အဆင်ပြေလောက်ပါတယ်။ Dine-In Area မှာဆို မီးဆိုင်းအလှတွေနဲ့ ကျယ်ကျယ်ဝန်းဝန်း ပြင်ဆင်ထားပြီး သီးသန့်ခန်းတွေကလည်း ၁၀ ခန်းလောက် ရှိပါတယ်။ ဒီဆိုင်မှာ Private Room ကို တစ်ရက်ကြိုတင်ဘိုကင်ယူရင် အခန်းခ Charges ထပ်ပေးစရာ မလိုပါဘူး။ 

Mai Thai Restaurant

Add: No,197/1~3, West Shwe Gone Dine (5th) St, Bahan Tsp, Yangon. 
Ph: 01-383662 / 375158/ 09254076933
Opening Hours : 11:)) Am to 8:00 Pm


Read 255 times.