Cafes & Restaurant

မန္တလေးမှာ မျက်စိလည်ရင်း ဆိုးလ်အထိ ရောက်သွားမယ့်ဆိုင်

August 9, 2023

မန္တလေးမှာနေရင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က ရပ်ကွက်ငယ်လေးတစ်ခုကို ရောက်သွားသလို ခံစားနေရပြီဆိုရင် Little Seoul ဆိုင်ကို ရောက်နေပြီလို့သာ မှတ်လိုက်ပါ။ ဒီဆိုင်က ၆၁ လမ်းနဲ့ ၆၂ လမ်းကြားက ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ကိုရီးယားစားသောက်ဆိုင် အသစ်လေးပါ။ မန္တလေးက အမျိုးတွေအတွက်တော့ လည်ဖို့နေရာတစ်ခု၊ ကိုရီးယားစာတွေ မြည်းစမ်းနိုင်ဖို့ ဆိုင်အသစ်တစ်ခု တိုးလာပါပြီ။

ပထမဆုံးအနေနဲ့ သဘောကျဆုံးအရာကို ပြောရမယ်ဆိုရင် ဆိုင်ရဲ့ အပြင်အဆင်လေးပါ။ K-drama ဖန်တွေနဲ့ မစိမ်းတဲ့ ကိုရီးယားကားတွေထဲမှာ တွေ့တွေ့နေကျ ရပ်ကွက်ထဲက အိမ်ပုံစံလေးကိုမှ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ထားတော့ ဆိုင်နာမည်လေးနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။ ဆိုင်ရောက်တာနဲ့ မစားသေးဘဲ ဆိုးလ်ရောက် အမှတ်တရဆိုပြီး ဓာတ်ပုံလှလှလေးတွေ ရှယ်ရိုက်၊ ပြီးရင် သူငယ်ချင်းတွေကြား ကြွားလို့ရပါပြီနော်။

Advertisement

Click Here > Han Myanmar Construction

Little Seoul မှာက BBQ နဲ့ ကိုရီးယားရိုးရာ မီနူးမျိုးစုံကို ဆိုင်ထဲက အဲကွန်းခန်းမှာ ဇိမ်နဲ့ ထိုင်စားမလား? တောင်ကိုရီးယားက ရပ်ကွက်လေးတစ်ခုထဲမှာ အကင်တွေစားရင်း ဆိုဂျူးထိုင်သောက်​နေရသလို ခံစားရစေမယ့် ခြံဝန်းထဲက ကွက်လပ်ကျယ်လေးမှာပဲ လွတ်လွတ်လပ်လပ် ထိုင်မလား? စိတ်ကြိုက်ရွေးလို့ရပါတယ်။ 

Little Seoul ဆိုင်မှာ ရရှိနိုင်တဲ့ မီနူးတွေကတော့ အသားကင်တွေ၊ တော့ပူကီ၊ ကင်မ်ချီပန်ကိတ်၊ ဖက်ထုတ်၊ ကိုရီးယားကြက်ကြော်၊ ရေဘဝဲကြော်၊ Army Stew၊ ကိုရီးယားထမင်းသုတ်၊ ထမင်းလိပ်၊ ထမင်းကြော်၊ ခေါက်ဆွဲနဲ့ ကိုရီးယားစတိုင် ဟင်းရည်တွေအပြင် ကိုရီးယားနိုင်ငံရဲ့ အထင်ကရ အစားအစာတွေ အစုံရလို့ ရွေးချယ်စရာများပါတယ်။

သောက်စရာအနေနဲ့လည်း ကော်ဖီ၊ အသီးဖျော်ရည်၊ အသင့်သောက် ကိုရီးယားအအေးဘူးတွေ၊ ဆိုဂျူးနဲ့ ကော့တေးလေးတွေ ရပါတယ်။ အစားအသောက် စျေးနှုန်းတွေကတော့ ၃,၀၀၀ ကျော်လောက်ကနေစပြီး ၁၀,၀၀၀ ကျော် ဟင်းပွဲတွေအထိ ရှိပါတယ်။

ဆိုင်အပြင်အဆင်တင် ဆိုးလ်ဆန်တာမဟုတ်ဘဲ မီနူးတွေနဲ့ အရသာတွေကလည်း ဆိုးလ်ဆန်ပါတယ်။ အသားကင်ဖို့အတွက် အသားလွှာတွေကအစ၊ ကိုရီးယားအငွေ့အသက်အပြည့်နဲ့ ဟင်းပွဲတွေကအလယ်၊ တွဲစားဖို့ပေးတဲ့ ကင်မ်ချီ၊ ကြက်သွန်ဖြူ၊ Gochujang အနှစ်နဲ့ ဆော့စ်တွေအဆုံး ကိုရီးယားအစားအစာရဲ့ Authentic Flavour ကို ခံစားရရှိနေအောင် သေချာလေး ပြင်ဆင်ပေးထားပါတယ်။  

မန္တလေးက Foodie လေးတွေရေ ဆိုးလ်အကြီးကြီး မသွားနိုင်သေးရင်တောင် ဆိုးလ်အသေးလေးတော့ ရောက်ဖြစ်အောင် သွားစားကြည့်လိုက်ဦးနော်။ ရန်ကုန်က လူတွေကတော့ ဆိုင်ကို ရန်ကုန်ရွှေ့ရင်ရွှေ့ မဟုတ်ရင် မန္တလေးကို အလည်ရောက်ဖြစ်မှ သွားစားကြည့်လို့ရပါမယ်။

Address : 109A, Between 61 & 62 street , Mandalay

Hotlines: 09676012890, 09456021039  

Fb Link : https://www.facebook.com/profile.php?id=100094880588554

မန္တလေးမြို့မှာ ရှိတဲ့ ကိုရီးယားစားသောက်ဆိုင်တွေကို အောက်ကလင့်ခ်မှာ စုစည်းဖော်ပြပေးထားပါတယ်။ 

>> https://shorturl.at/dgEF7


Read 492 times.