Special Deals

အနောက်တိုင်းနဲ့ မြန်မာ့ရိုးရာ ပေါင်းဖက်တဲ့ အုန်းမွှေး ဒိုးနပ်

August 19, 2020

အနောက်တိုင်း သွားရည်စာ ဒိုးနပ်ကို မြန်မာ သွားရည်စာဖြင့် စီစဉ်ပေးထားတဲ့ အုန်းမွှေး ဒိုးနပ်ကို Krispy Kreme နဲ့ ပြည်တွင်းမှ  Tree Food တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထုတ်လုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လဆန်းမှာ စတင်ရောင်းချခဲ့ပါတယ်။ အုန်းသီးဖြူးပြီး အချိုကို ထန်းလျက်သုံးထားတာဟာ အုန်းမွှေးဒိုးနပ်ရဲ့ တစ်မူထူးခြားချက် ဖြစ်ပါတယ်။ 

No description available.

Tree Food Co.,Ltd ထူထောင်သူနဲ့ စီအီးအို ဖြစ်သူ ဒေါ်ချိုလဲ့အောင်က ကုမ္ပဏီအနေဖြင့် မြန်မာ့ ရိုးရာစားစရာများ ထုတ်လုပ်လျက် ရှိပြီး အခုလို ကမ္ဘာ့အဆင့်ကုမ္ပဏီနဲ့ အတူလက်တွဲလုပ်ကိုင်ရတာအတွက် ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။

ပါးစပ်ထဲ ရောက်ရင် အရည်ပျော်ကျသွားမယ့် ဒိုးနပ်ကို ရိုးရာ အရသာနဲ့ တွဲဖက်ပြီး စားသုံးဖို့ အသင့်ပြင်ထားဖို့ Doughnut Group Company Ltd ရဲ့ အထွေထွေ မန်နေဂျာ Mr. Arjuna Yoganandan က တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

No description available.

Krispy Kreme Myanmar ရဲ့ Facebook စာမျက်နှာမှာ ဆိုထားတဲ့အတိုင်း Tree Food အညာထန်းလျက်နှင့် အုန်းသီးမှုန့်လေးတွေဖြူးထားပီး လတ်လတ်ဆတ်ဆတ် ထုတ်လုပ်ထားတဲ့ အုန်းမွှေးဒိုးနပ်က အထူးပြောစရာမလိုအောင် အချိုပေါ့ပေါ့လေးနဲ့ နူးညံ့ အိစက်ပြီး အရသာရှယ်ကောင်းနေတာ အမှန်ပါပဲ ။


Read 452 times.