Cafes & Restaurant

ကိုရီးယားမီနူး (၁၀) မျိုးကျော်ကို (၁) သောင်းကျပ်နဲ့ ဘူဖေးအ၀စားမယ်

January 25, 2024

အခုပြောပြပေးသွားမယ့်ဆိုင်လေးက တောင်ဥက္ကလာမြို့နယ်က The Sharp ဆိုတဲ့ ကိုရီးယားစားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ်။ ကိုရီးယား BBQ အကင်တွေ၊ ပဲခေါက်ဆွဲ၊ ထမင်းသုပ်၊ Spicy Noodle၊ Army Stew၊ ကင်မ်ချီထမင်းကြော်၊ တော့ပိုကီ စတဲ့ နာမည်ကြီးစားစရာတွေအပြင် Chicken Jjambbong၊ Roast Pork၊ Bulgogi တို့လို ကိုရီးယားအစားအစာတွေ အစုံရတဲ့ ဆိုင်လေးဖြစ်ပါတယ်။

ဆိုင်ခဏပိတ်ပြီး အခုတော့ ပုံစံအသစ်အဖြစ် BBQ အသားကင်နဲ့ ကိုရီးယားအစားအသောက်တွေကို ဘူဖေးစတိုင် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ BBQ အတွက်ဆို ဝက်ခရေဇီတွေ အကြိုက်တွေ့မယ့် ဝက်သုံးထပ်သားရယ်၊ ဝက်ဂုတ်သားရယ် သီးသန့်ထားပေးထားပါတယ်။

မီးဖိုပေါ်က အနံ့မွှေးမွေးလေးနဲ့ ဝက်သားကင်ကို ဆလပ်ရွက်ထဲထုပ်စားရတဲ့ ခံစားချက်က လေယာဉ်စီးစရာမလိုဘဲ ဂင်မ်ချီမြေကို ရောက်သွားသလိုပါပဲ။ ဆလပ်ရွက်အပေါ် အသားကင်လေးထည့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲငါးပိအစပ်လေးနဲ့တို့၊ အရံဟင်းဖြစ်တဲ့ ကင်မ်ချီနဲ့ တွဲစားလိုက်ရင်ဖြင့် လျှာလည်သွားစေမှာပါ။ BBQ ချည်းပဲ သီးသန့်စားချင်သူတွေအတွက် BBQ ဘူဖေး စျေးနှုန်းကတော့ ၉,၅၀၀ ကျပ် ဖြစ်ပါတယ်။ 

ကိုရီးယားအစားအသောက်တွေချည်း ဘူဖေးစားချင်တာဆိုရင်တော့ စျေးနှုန်းက ၁၀,၀၀၀ ကျပ်ပါ။ ဒီဘူဖေးမှာ ပါတဲ့ ကိုရီးယားအစားသောက်တွေကတော့ လူကြိုက်များတဲ့ - 

  • ကိုရီးယားဝက်စပ်ကင်
  • ဝက်သုံးထပ်သားပေါင်း
  • Pork Kimchi stir-fry
  • ကိုရီးယားထမင်းသုပ်
  • ကိုရီးယားပဲကြာဆံပေါင်း
  • Korean Kimchi Stew
  • ငါးအသားချောင်း
  • တော့ပိုကီ
  • ကြက်ဥလိပ်
  • ကြက်သားပြားကြော်
  • Salad (၃) မျိုးတို့ ပါဝင်ပါတယ်။

အပေါ်က မီနူးတွေကို တစ်ပွဲချင်း မှာစားမယ်ဆိုရင်တောင် (၁) သောင်းနားကပ်နေတာဖြစ်တဲ့အတွက် ဒီလို ကိုရီးယားမီနူး (၁၀) မျိုးကျော်ကို အ၀စား တစ်သောင်းကျပ်နဲ့ဆိုတာ တန်လွန်းပါတယ်။ ကိုရီးယားအစားအသောက်ရော BBQ ရော အမုန်းဆွဲချင်သူတွေအတွက် နှစ်မျိုးပါ ဘူဖေးစျေးနှုန်းကတော့ ၁၉,၅၀၀ ကျပ် ဖြစ်ပါတယ်။ 

ဘူဖေးခင်းတဲ့ အချိန်ကတော့ နေ့လယ် (၁၁:၄၀) ကနေ (၂:၃၀) အထိ တစ်ချိန်၊ ညနေ (၄:၄၀) ကနေ ည (၈:၃၀) အထိ တစ်ချိန် - နှစ်ချိန်ခွဲပြီး ခင်းပေးပါတယ်။ ဘူဖေးစားတဲ့အခါမှာလည်း ဘူဖေးစခင်းချိန်ကနေ သိမ်းချိန်အထိ အချိန်ကန့်သတ်ချက်မရှိ စားလို့ရပါတယ်။

နေ့လယ်ပိုင်းလောက်မှာ BBQ သပ်သပ်၊ Korean Food သပ်သပ်စီ ဘူဖေးစားလို့ရပေမဲ့ ညနေပိုင်းကတော့ ၁၉,၅၀၀ ကျပ်နဲ့ နှစ်မျိုးလုံး (BBQ + Korean Food) ယူရမှာ ဖြစ်ပါတယ်။ ဆိုင်မှာ လူကျတတ်လို့ သွားမစားခင် ဘိုကင်ကြိုယူပြီးမှ သွားကြဖို့ လိုပါတယ်။  

Buffet Price 

- 10,000 Kyats (Only Korean Food)
- 19,500 Kyats (BBQ + Korean Food)

The Sharp Korean BBQ Restaurant

Address : အမှတ် (၄၆၃)၊ သစ္စာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Ph Number : 09779098095, 09799837546

Source - Eat With Seng


Read 484 times.