Best Cuisine

Kim Pot Houseရဲ့ ပရိုမိုးရှင်းက ဘာဖြစ်မလဲ

September 3, 2020

အစားအသောက်တွေက လူတွေရဲ့ စိတ်ကိုပျော်ရွှင်စေပြီး ချစ်ခြင်းမေတ္တာတွေကို ပေါက်ဖွားစေတယ်လို့ ဆိုရင် လက်ခံနိုင်မလား။

ကျွန်တော်ကတော့ လက်ခံတယ်။ ဘာလို့ဆို ဗိုက်ဆာနေတဲ့အချိန်မှာ စိတ်အလိုမကျတွေဖြစ်နေတတ်ပြီး စားလိုက်လို့ ဗိုက်ပြည့်သွားမှ နေသာထိုင်သာရှိသွားတာမို့လို့ပါ။ 

အဲ့ဒီကနေမှ နောက်တစ်ဆင့်အနေနဲ့ နေသာထိုင်သာရှိဖို့ စားသုံးတဲ့အခါမှာ အရသာရှိရှိသုံးဆောင်နိုင်ဖို့ ဆိုင်တွေ နေရာတွေ ဒေသတွေ စတင်ရွေးချယ်လာရပါတော့တယ်။

ရွေးချယ်စရာဆိုင်တွေ အများကြီးထဲမှ ကျွန်တော်မျှဝေပေးချင်တဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲ့တာကတော့ Kim Pot Houseပဲဖြစ်ပါတယ်။ 

 

 

Kim Pot Houseက အစားအစာတွေက အရသာအလွန်ကောင်းမွန်တဲ့အပြင် Fanတွေအတွက် Promotionတွေ အမြဲပေးနေတတ်တဲ့ ဆိုင်ဖြစ်ပါတယ်။

အခုလည်း မြန်မာငွေ ၁၀၀၀ကျပ်တည်းနဲ့ Kim Pot Houseရဲ့ တစ်ပွဲ ၂၅၀၀ကျပ်ရှိတဲ့ အပ်မှိုကြော်ကို စားသုံးခွင့်ရရှိမှာဖြစ်တဲ့ ပရိုမိုးရှင်းပေးထားပါတယ်။

ဒါ့အပြင် အကင်၊ ဟော့ပေါ့ (ကြက်/ဝက်)၊ အသားလွှာစတာတွေကို စိတ်ကြိုက် စားနိုင်သလောက် သုံးဆောင်နိုင်မယ့် တော်တော်လေးတန်တဲ့ Buffet setလည်းရှိနေပါသေးတယ်။

၎င်း Buffet setက ၁၁၀၀၀ကျပ်ကို 20% offထပ်ပေးထားသေးတာကြောင့် ၈၈၀၀ကျပ်ပဲကျသင့်မှာဖြစ်ပြီး ၁၀၀၀ကျပ်ထပ်ပေးရုံနဲ့ အပ်မှိုကြော်တစ်ပွဲပါ ထပ်ရမှာ ဖြစ်ပါတယ်။

 

 

ကဲ ဘယ်လောက်တောင်တန်လိုက်တဲ့ ပရိုမိုးရှင်းလဲ။

ကြက်အူချောင်း၊ ကြက်ကြောလုံး ၊ဂဏန်းချောင်း၊ ပိန်းဥ၊ အပ်မှို ၊ ဂျပန်တို့ဟူးပါတဲ့ ဟင်းရွက်စုံbowlကိုလည်း ကြိုက်သလောက်ရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး 
ဟော့ပေါ့အရည်ကလည်း စိတ်ကြိုက်ထည့်သောက်လို့ရတယ်နော်။

Side dish တွေအနေနဲ့ကတော့ ထမင်းကြော်၊ ယိုးဒယားဆန်ပြားကြော်၊ သင်္ဘောသီးထောင်း၊ အာလူးချောင်းကြော် ၊ အအေးတစ်မျိုး ရရှိဦးမှာ ဖြစ်ပြီး အဝစားဖြစ်တဲ့အတွက် ဗိုက်ကိုပူတင်းကားထွက်သွားအောင် စိတ်ကြိုက်အဝဆွဲဖို့အတွက် သူငယ်ချင်းတို့ကို လမ်းညွှန်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလကလည်း စက်တင်ဘာလအကုန်ထိ ပေးထားတာဖြစ်တဲ့အတွက် နေ့တိုင်းလာစားနေရင်တောင် 20% offနှင့် တစ်ထောင်ကျပ်နဲ့ အပ်မှိုကြော်ကို ရရှိမှာ ဖြစ်လို့ လက်လွှတ်မခံဖို့ တိုက်တွန်းလိုက်ပါတယ်။ 

 

 

လိပ်စာကတော့ အမှတ် ၆၀ ပန်းလှိုင်လမ်း(ဟုမ်းလမ်း) ၊ပန်းလှိုင်ဘူတာအနီး ၊ ကြည့်မြင့်တိုင်မြို့နယ် ဖြစ်ပြီး မနက် ၁၁နာရီမှ ည၁၀နာရီထိ နေ့တိုင်း ပိတ်ရက်မရှိ ဖွင့်ပါတယ်ဗျ။

ဆက်သွယ်ဖို့ ဖုန်းနံပါတ်ကတော့ ၀၉-၉၇၀၇၃၁၁၇၄၊ ၀၉-၉၇၀၇၃၁၁၇၅ ဖြစ်ပါတယ်။

 

By Wyk (Myanmar Restaurant Guide)


Read 717 times.