Special Deals

Hotpot စားပြီး နောက်ဆုံးပေါ် Apple Watch နဲ့ တခြားဆုမဲတွေ ကံစမ်းကြမယ်

January 12, 2024

ဟော့ပေါ့ဓာတ် ချို့တဲ့နေတဲ့ ဟော့ပေါ့ခရေဇီတို့အတွက် ရန်ကုန်မြို့မှာ ထူးထူးခြားခြားစတိုင်နဲ့ ဘက်ဂျတ်တွက်ပြီး စားလို့ရမယ့် Hot Pot Land ဆိုတဲ့ ဆိုင်ကို မျှဝေပေးချင်ပါတယ်။ အော်တိုလည်နေတဲ့ စက်ပေါ်မှာ တင်ထားတဲ့ ပင်လယ်စာ၊ အသားနဲ့ အသီးအရွက်တွေကို ထိုင်ရာက မထဘဲ ကိုယ်ကြိုက်တာ ရွေးယူပြီး စားရုံပါပဲ။ Hot Pot Land မှာ ငွေကျပ် ၂ သောင်းဖိုး အားပေးတိုင်း Lucky Draw Coupon တစ်စောင်ကို ရရှိမှာဖြစ်ပြီးတော့ ကူပွန်ကာလကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ ဖြစ်ပါတယ်။ 

Hot Pot Land ဆိုတာ ဘယ်လိုဆိုင်မျိုးလဲ?

ဘူဖေးစနစ်မဟုတ်တဲ့အတွက် အများကြီး မစားနိုင်တဲ့သူတွေ၊ ကိုယ်စားနိုင်သလောက်ကိုပဲ ဘတ်ဂျတ်ညှိပြီး စားချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ နောက်ပြီး ရန်ကုန်မြို့မှာ တစ်ဆိုင်ပဲရှိတဲ့ တမူထူးခြားတဲ့ ပုံစံနဲ့ Hotpot စားချင်ရင် ဒီဆိုင်လေးကိုသာ သွားပါ။ အသီးအရွက်၊ အသား၊ ပင်လယ်စာ အစုံအလင်၊ ထုံချိုင်းအကင်၊  အသားလုံးစတဲ့ ရွေးချယ်စရာ မီနူး (၉၀) ကျော်ကို လည်နေတဲ့ စက်ကြီးပေါ်မှာ တင်ထားပြီး ထင်သာမြင်သာရှိအောင် စျေးတွေကိုလည်း ပန်းကန်အရောင်ပေါ်မူတည်ပြီး ခွဲထားပေးပါသေးတယ်။ 

ဟော့ပေါ့ရဲ့ အဓိက အသက်ကတော့ ဟင်းရည်နဲ့ ဆော့စ်ပဲ ဖြစ်ပါတယ်။ Hot Pot Land မှာ အဓိက ရနိုင်တဲ့ ဟင်းရည်အရသာတွေကတော့ -  

- ချဉ်ချဉ်စပ်စပ်အရသာနဲ့ ခံတွင်းတွေ့စေတဲ့ Tom Yum Soup 

- ထုံထုံစပ်စပ်အရသာလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် Mala Soup 

- အာဟာရပြည့်ဝပြီး ခွန်အားတိုးစေတဲ့ Collagen Soup နဲ့

- ပုံမှန်အချိုမကြိုက်တဲ့သူတွေတောင် အကြိုက်ပြောင်းသွားစေမယ့် Hot Pot Land ရဲ့ Signature Black Soup တို့ဖြစ်ပါတယ်။

ဒီလို ထိမိနေစေမယ့် ဟင်းရည်အရသာ ၄ မျိုးကို ဖန်တီးပေးထားတဲ့အပြင် အရည်ဖိုးကလည်း Free ဖြစ်ပါတယ်။ Sauce မှာဆိုရင် Hot Pot Land ရဲ့ Chef ကိုယ်တိုင် ပြုလုပ်ဖန်တီးထားတဲ့ ဆိုင်ရဲ့ Signature Sauce၊မန်ကျည်းဆော့စ်နဲ့ ပင်လယ်စာဆော့စ် ၃ မျိုးကို ယူနိုင်တဲ့အပြင် ကိုယ်တိုင်စပ်ပြီး စားချင်သူတွေအတွက်လည်း အချဉ်စပ်ဖို့ စုံလင်တဲ့ ပါဝင်ပစ္စည်းတွေကို ထားပေးထားပါတယ်။ Hotpot စားဖို့ အရည် ၂ ကန့် အိုးလေးတွေ ချပေးတာမို့ ကြိုက်တဲ့ အရသာ ၂ မျိုး ရွေးယူလို့ ရပါတယ်။ 

ဟော့ပေါ့စားရင်း အအီပြေ အအေးသောက်ဖို့အတွက်ကတော့ သူ့ဆိုင်မှာ အသင့်သောက်သုံးနိုင်တဲ့ အအေးဘူးတွေပဲ ရှိပါတယ်။ နောက်ပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ Mint Lemonade ဖျော်ရည်ကိုလည်း Free Gift အနေနဲ့ ပေးပါသေးတယ်။

ဝန်ဆောင်မှုလည်း အဆင်ပြေတယ်၊ စျေးလည်း သင့်တင့်တယ်၊ ဆိုင်လည်း သန့်ပြန့်တယ်၊ စားလို့လည်း ကောင်းတယ် ဆိုပေမဲ့ ဒီဆိုင်မှာ သီးသန့်ဝိုင်းတွေတော့ မရှိပါဘူး။ ဆိုင်အနေအထားအရ လည်နေတဲ့ စက်ကြီးအရှေ့မှာပဲ အများနဲ့အတူတူ ထိုင်စားရမယ့် ပုံစံဖြစ်တဲ့အတွက် သီးသန့်ဝိုင်းနဲ့ အေးဆေးထိုင်ချင်တဲ့သူတွေနဲ့တော့ မကိုက်ပါဘူး။

ငွေ‌ပေးချေတဲ့အခါ ငွေသားအပြင် Kbz Pay၊ MPU Card၊ Visa Card၊ Master Card တို့နဲ့လည်း အလွယ်တကူ ငွေပေးချေနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် 11:00 AM မှ ည 9:00 PM အထိ ဖြစ်ပြီး ရုံးပိတ်ရက်နဲ့ ညနေပိုင်းအချိန်တွေမှာ လူကျတတ်တဲ့အတွက် ဖုန်း - 09 989 333 967 , 09 989 333 758 ကို ခေါ်ဆို၍ဖြစ်စေ Page Messenger မှာဖြစ်စေ ကြိုတင် ဘိုကင် ယူထားဖို့တော့ လိုမယ်နော်။ 

Lucky Draw အစီအစဉ်မှာ ဘယ်လို ပါဝင်ရမလဲ? 

ဆိုင်အကြောင်းကို သေချာလေး သိသွားပြီဆိုရင် Lucky Draw အကြောင်း ဆက်ပြောပြပေးပါမယ်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့အထိ ဘယ်နှစ်ကြိမ်ပဲ သွားစားစား ၂၀,၀၀၀ ကျပ်ဖိုး ပြည့်တာနဲ့ ကူပွန်တစ်စောင် ရရှိမှာဖြစ်ပါတယ်။ ပေးအပ်သွားမယ့်ဆုတွေကတော့ - 

ပထမဆု - နောက်ဆုံးပေါ် Apple Watch Series 9 တစ်လုံး

ဒုတိယဆု - ဆုငွေကျပ် 500,000 နဲ့

တတိယဆု - ငွေကျပ် 30,000 တန် Gift Voucher (10) ဆုတို့ကို Hot Pot Land ရဲ့ Facebook Page ကနေ 19 February 2024 မှာ တိုက်ရိုက် Live လွှင့်ကာ ကံစမ်းမဲနှိုက်ပြီး မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ ကူပွန်ကတ်လေးတွေ များများစုမိလေ များများကံထူးနိုင်လေပါနော်။

လိုက်နာရမယ့် စည်းကမ်းချက်များ

- ကံစမ်းမဲကူပွန်ကို တင်ပြနိုင်မှသာ ပေါက်မဲဆုကို Hot Pot Land ဆိုင်တွင် ထုတ်ယူနိုင်ခွင့် ရှိပါမယ်။

- ကံစမ်းမဲကူပွန် ပျောက်ရှခြင်း၊ ပျက်စီးခြင်းနှင့် ပြင်ဆင်ထားခြင်းရှိပါက ပေါက်မဲအား ထုတ်ယူခံစားခွင့်ရှိတော့မည် မဟုတ်ပါ။

- ကံစမ်းသူအနေဖြင့် Hot Pot Land ရဲ့ Facebook စာမျက်နှာအား Like & Follow ပြုလုပ်ထားပေးရန် လိုအပ်ပါတယ်။ 

- ကံစမ်းမဲကူပွန်ပေါက်မဲများ ကြေညာပြီးသည့်အချိန်မှစ၍ (၁၄) ရက်အတွင်းသာ ထုတ်ယူခံစားခွင့်ရှိပါမယ်။

- အငြင်းပွါးဖွယ်ရာကိစ္စများ ဖြစ်ပေါ်လာပါက Hot Pot Land မှ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးကတော့ အမှတ် ၃၃၈/ခ၊ ပြည်သာယာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ 
တိတိကျကျနဲ့ အနီးဆုံးကို လမ်းညွှန်ပေးရမယ်ဆိုရင်တော့ Hot Pot Land က အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့မှာဖြစ်ပြီးတော့ ပြည်သာယာလမ်းမကြီးပေါ်မှာ ရှိပါတယ်။

လေးထောင့်ကန်လမ်းမကြီးကနေ YBS ကားစီးပြီးလာမယ်ဆိုရင်တော့ အနီးဆုံးမှတ်တိုင်က ခပ်ချီးယားမှတ်တိုင်ဖြစ်ပြီး ဝေဇယန္တာ လမ်းမကြီးပေါ်မှ လာမယ်ဆိုရင်တော့ အနီးဆုံးမှတ်တိုင်က ပြည်သာယာမှတ်တိုင်ပဲဖြစ်ပါတယ်။

Fb - Hot Pot Land


Read 251 times.