Cafes & Restaurant

လှိုင်မှာ အသစ်ဖွင့်တဲ့ မူကထဆိုင်

October 3, 2022

အခုပြောပြပေးမှာကတော့ October 1 ရက်နေ့က လှိုင်မြို့နယ်မှာ စတင်ဖွင့်လှစ်လိုက်တဲ့  “ယာကင်မူကထဆိုင်” (Yak Kin Mookata) ပဲဖြစ်ပါတယ်။

ဒီဆိုင်မှာဆိုင်ရင်တော့ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိလှတဲ့ မူကထအကင် ကောင်းကောင်းလေးကို Seafood အသား စုံစုံလင်လင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Dessert များအနေနှင့် ဖရဲသီးနှင့် သင်္ဘောသီး တို့ရရှိမှာဖြစ်ပြီး  Juice အနေနှင့် Resberry and Strawberry  တို့ရရှိမှာဖြစ်ပါတယ်။

အစားတစ်လိုင်းလေးတို့စားချင်သမျှကို တစ်နေရာထဲမှာ မှာစားလို့ရနိုင်အောင် ယာကင်မူကထမိသားစုက စိတ်တိုင်းကျ စီစဉ်ပေးထားပါတယ်။

ဆိုင်ဖွင့်ချိန်ကို ( နေ့လည် ၂ နာရီမှ ည ၁၀ နာရီ ) အထိ သတ်မှတ်ပေးထားပြီး၊  ပိတ်ရက်မရှိ သက်တောင့် သက်သာနှင့် အဆင်ပြေပြေ စားနိုင်အောင် စီစဉ်ပေးထားပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ Seafood ၊ အသားစုံတွေအပြင် နောက်ထပ်အရသာရှိတဲ့ ဘယ်လိုအစားအစာမျိုး စားချင်တာရှိသေးလဲ ဒါ့အပြင် ချစ်ရသူတွေနဲ့စားရင်းသောက်ရင်း ဗိုက်လေးချောင်ပြီး အအီပြေအောင် ဘယ်လို Juice လေးတွေသောက်ချင်သေးလဲ ဆိုတာကိုလည်း အကြံပေးခဲ့လို့ရပါတယ်။

ဆိုင်အသစ်လေးဖြစ်လို့ လိုအပ်ချက် အနည်းငယ်ရှိသေးပေမယ့် ဝန်ဆောင်မှု အရမ်ကောင်းတဲ့ ဆိုင်လေးဖြစ်ပါတယ်။

စျေးနှုန်းလေးကတော့ တစ်ဦးလျှင် (9500++) ကျပ်တည်းနဲ့ အချိန်အကန့်အသတ်မရှိ၊ ပင်လယ်စာ အသားစုံစုံလင်လင်နဲ့ရရှိနိုင်မယ့် အဝစားဘူဖေးလေးကို စိတ်ကြိုက်သုံးဆောင်နိုင်ဖို့ Myanmar Restaurant Guide က အစားတစ်လိုင်းလေးတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ -  အမှတ် ၁၂၊ သုခမြိုင်အိမ်ယာ၊ အင်းစိန်လမ်း၊ ဘူတာရုံမှတ်တိုင်နဲ့ သုခမှတ်တိုင်ကြား၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ် - ၀၉၇၆၅၄၂၈၁၂၃

FB Link >>> Yak Kin Mookata

The Myanmar Restaurant Guide


Read 861 times.