Cafes & Restaurant

Hello Kitty Theme လေးနဲ့ မန္တလေးမြို့က ပန်းနုရောင်စားသောက်ဆိုင်

October 20, 2022

အခုပြောပြပေးမှာကတော့ မန္တလေးမြို့ကို ရောက်ရင် သွားကို သွားထိုင်သင့်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်အပြင်အဆင်လေးကတော့ Hello Kitty ရုပ်ကလေးတွေနဲ့ ဒီဇိုင်းဆင်ထားပြီး Hello Kitty ကမ္ဘာလေးကိုရောက်သွားသလိုခံစားသွားစေရမယ့် Cafe and Restaurant တွဲဖွင့်ထားတဲ့ SugarLand Cafe & Restaurant ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်လေးကို 2020 ခုနှစ်တုန်းကစပြီးဖွင့်လှစ်ခဲ့တာဖြစ်ပြီး (HelloKitty Theme) လေးနဲ့ ပန်းနုရောင်ကမ္ဘာသစ်လေးဆိုပြီး restaurant လောကထဲကိုစပြီး ဝင်ရောက်လာခဲ့တာ အခုနဲ့ဆိုရင်၂နှစ်တောင်ပြည့်သွားခဲ့ပြီးပဲဖြစ်ပါတယ်။ "ဆိုင်နာမည်​လေးအတိုင်း ချိုမြိန်တဲ့ vibes ​လေး​ပေးစွမ်းနိုင်မယ့် Sugar Land Cafe & Restaurant Hello Kitty Decoration လေး​ရယ်၊ Pink Colour Theme ​လေးရယ်နဲ့ ချစ်စရာ​ကောင်းတဲ့ ဆိုင်ရဲ့ အပြင်အဆင်​​​လေး​တွေ​ကြောင့် က​လေး​တွေ​ရော၊ Cute Girl ​လေး​တွေ​ပါ Sugar Land ​ဆိုင်​လေးကို သေချာ​ပေါက် သ​ဘောကျ ကြမှာဖြစ်ပါတယ်။

Piano နဲ့ ပန်းချီကား​​လေး​တွေကြောင့် photo လှလှ​လေး​တွေလည်း စိတ်ကြိုက်ရိုက်လို့ရတဲ့အပြင် lighting လည်း ​ကောင်းတာမို့ ဓာတ်ဖမ်းရတာ ဝါသနာပါတဲ့သူ​လေး​တွေ​အ​တွက်​တော့ right place ​လေးပဲ​​ဖြစ်ပါတယ်။ Menu တွေကလည်း Milk tea, Coffee, Cold Drinks နဲ့ အဆာပြေ Snacks လေးတွေအပြင် တရုတ်ယူနန်ဟင်းလျာအစုံ လည်းရရှိမှာဖြစ်ပါတယ်။

 

Sugar Land ရဲ့ Everyday promotion ​အစီအစဉ်လေးတွေကတော့ -

- Hello Kitty Sticker ပါတဲ့ အင်္ကျီ​လေး​တွေ ဝတ်လာတဲ့သူတိုင်းအတွက် 10% discount off

- Piano တီးတတ်တဲ့ customer ​လေး​တွေအ​နေနဲ့ သီချင်းတစ်ပုဒ်တီးပြရင် Juice 1 ခွက် လက်​ဆောင် စတဲ့ promotion ​လေး​တွေကလည်း ​နေ့တိုင်းရှိတာမို့ သူငယ်ချင်း​တွေနဲ့အတူတူ chill ဖို့ပဲဖြစ်ဖြစ်၊ ချစ်ရသူနဲ့ Date လုပ်ဖို့အတွက်ပဲဖြစ်ဖြစ် နေ​ရာကောင်း​လေးတစ်ခု ဖြစ်ပါတယ်။

 

ဒါ့​ကြောင့် မန္တလေးကိုရောက်ရင် Foodie ဘေဘီ​လေး​တို့အ​နေနဲ့ ပန်းနု​ရောင် ကမ္ဘာ​လေးထဲ​ကို ​ရောက်သွားသလို ခံစားရ​စေမယ့် SugarLand Cafe & Restaurant  ​​လေးကို သွား​ရောက်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Opening Hour - 10:00AM to 6:00PM

Address - 72 St, Bet 30×31 St, Mandalay.

Phone no. - 09 880 997890

FB Link >>>
 


Read 292 times.