Cafes & Restaurant

Halloween ကို ကော်ဖီဒိတ်ရင်း ကြိုဆိုချင်သူတွေအတွက် Yes Coffee Shop 2

October 31, 2023

အောက်တိုဘာ (၃၁) ရက်နေ့က Halloween Day ဖြစ်တဲ့အတွက် ပုံမှန်မဟုတ်တဲ့ Halloween Theme အပြင်အဆင် လုပ်ပေးထားတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ဒီနေ့အတွက် ပြောပြပေးချင်ပါတယ်။ ဓာတ်ဖမ်းဖို့အတွက် Halloween နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ထားပေးထားသလို နေရာအပြင်အဆင်ကိုပါ Decoration လုပ်ပေးထားပါတယ်။ သူငယ်ချင်းတွေနဲ့အတူ Halloween Costume လေးတွေ ဝတ်ပြီး ဓာတ်ဖမ်းနိုင်မယ့်အပြင် ပရိုမိုးရှင်းတွေလည်း ရဦးမှာပါ။ 

ဆိုင်နာမည်ကတော့  Yes Coffee Shop 2 ဖြစ်ပြီး ကိုရီးယားလူမျိုးနဲ့ ဗမာလူမျိုး ပေါင်းစပ်ဖွင့်လှစ်ထားတဲ့ ဒီဆိုင်လေးက ကော်ဖီဆိုင်လေးဖြစ်တဲ့အပြင် ကိုရီးယားအစားအစာတွေကိုလည်း ရနိုင်ပါသေးတယ်။  ကော်ဖီသောက်ရတာ ကြိုက်တယ်၊ ကော်ဖီသောက်ရတဲ့အချိန်တွေကို အမက်မောဆုံးပဲဆိုရင်တော့ Coffee Menu အသစ်အဆန်းတွေနဲ့ စုံစုံလင်လင်သောက်ရမယ့် ဒီဆိုင်လေးကို တစ်ခါလောက်တော့ သွားကြည့်လိုက်ပါ။ 

ကော်ဖီစေ့စစ်စစ်ကိုမှ ကြိတ်ဖျော်ထားတာဖြစ်တဲ့အတွက် လတ်ဆတ်မွှေးပျံ့တဲ့ ကော်ဖီအရသာကို ရရှိမှာဖြစ်ပြီး အခါးကြိုက်တဲ့သူနဲ့ အချိုကြိုက်တဲ့သူတွေအတွက်လည်း Coffee Taste မျိုးစုံ ရှိပါတယ်။ 

Advertisement

Click Here > Myat Noe Lay Co., Ltd.

ဆိုင်က နှစ်ထပ်ရှိပြီး Aircon အေးအေးလေးနဲ့ Wifi လည်း Free သုံးလို့ရပါတယ်။ အောက်ထပ်မှာက ဝိုင်းများပေမဲ့ အပေါ်ထပ်ကတော့ အတွဲလေးတွေနဲ့ သူငယ်ချင်းလေးတွေ အဖွဲ့လိုက် အေးဆေးထိုင်ချင်တဲ့သူတွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။ 

သူ့ဆိုင်မှာ ဘာတွေရလဲမပြောခင် စားဖူးသူတိုင်း ကြိုက်ကြတဲ့ မီနူးတွေကို အရင်ပြောပြပေးပါမယ်။ Yes Cafe ရဲ့ အရောင်းရဆုံးတွေထဲက တစ်ခုဖြစ်တဲ့ ကိုရီးယား ထမင်းသုပ် - သူက Portion ကလည်း များတော့ တစ်ပွဲနဲ့တင် ဗိုက်အဝဆိုတော့ လုံးဝကို ရွေးချယ်သင့်ပါတယ်။ 

နောက်တစ်မျိုးက ကင်ချီထမင်းကြော် - ကင်ချီထမင်းကြော်ကိုမှ ချိစ့်လေး ထည့်ထားပြီး ကိုရီးယားအရသာပေါ်လွင်အောင် လုပ်ပေးထားပါတယ်။ 

လူကြိုက်အများဆုံးကတော့ ပဲခေါက်ဆွဲ - စိုစိုအိအိ ခေါက်ဆွဲသားကောင်းကောင်းကိုမှ ပုံမှန်/ အစပ် အရသာ နှစ်မျိုးတောင် ရွေးလို့ရပါတယ်။ 

Halloween အတွက် သီးသန့်လုပ်ပေးထားတဲ့ မီနူးတွေလည်း ရှိတာမို့ ဆိုင်ကို ရောက်ဖြစ်ရင် မြည်းစမ်းကြည့်ခဲ့ကြဖို့ မမေ့ပါနဲ့နော်။

တခြားသော ကိုရီးယားအစားအစာအနေနဲ့ တော့ပိုကီ၊ ထမင်းလိပ်၊ ငါးအသားချောင်း၊ စပိုင်စီခေါက်ဆွဲတို့လည်း ရပါတယ်။ ဒါတွေအပြင် ကော်ဖီဆိုင်မှာ ရလေ့ရှိတဲ့ Burger၊ Sandwich၊ Waffle တို့လို ပေါ့ပေါ့ပါးပါး  အဆာပြေစားလို့ရတဲ့ European Food တွေလည်း ရပါတယ်။ သောက်စရာအနေနဲ့ ကော်ဖီအပူ၊ အအေးတို့အပြင် Smoothie၊ Fruit Juice၊ Yogurt၊ Soda နဲ့ Frappe တို့လည်း ရှိပါတယ်။ 

နောက်ပြီး ဒီနေ့အတွက် ပရိုမိုးရှင်းအနေနဲ့ ဆိုင်ကို Halloween Costume နဲ့သွားမယ်ဆိုရင် Pumpkin Soup ကို Free ရမှာဖြစ်ပြီး ၅ သောင်းဖိုးနဲ့အထက် မှာရင် 10% Discount ရဦးမှာပါ။ အပြင်ကနေ ဝတ်စုံ ဝတ်မလာချင်ဖူးဆိုရင်လည်း ဆိုင်မှာ Halloween Costume လေးတွေ စီစဉ်ပေးထားတာမို့ အဲ့ဒီအဝတ်လေးတွေ ယူဝတ်ပြီး ပုံရိုက်ပါ။ ပြီးရင် ဆိုင်  Page ကို check in ဝင်ပြီး ကိုယ့်အကောင့်မှာ တင်ပေးမယ်ဆို 10% Discount ရမှာပါ။ 

ဒါ့အပြင် သူဆိုင်မှာ ကိုရီးယား ဝတ်စုံလေးတွေ ဝတ်ပြီး ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လည်း Charges Free နဲ့ ဓာတ်ဖမ်းလို့ ရပါသေးတယ်။ 

လိပ်စာ - No.970/Thantumar Rd , South Okkalapa Tsp,Yangon , Yangon

ဖုန်း - 09 779 850134


Read 249 times.