ပွင့်ဖြူမြို့စားသောက်ဆိုင်များအား ကျန်းမာရေးဌာနညွှန်ကြားချက်များနှင့်အညီဖွင့်လှစ်ခြင်းရှိ/မရှိစစ်ဆေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှတာဝန်ရှိသူများ ပူးပေါင်း အဖွဲ့သည် သြဂုတ် ၁၉ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချနေသည့်စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း (၁၄)ဆိုင်အား သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမရှိစေရေး ချမှတ်ထားသောစည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။