စားသောက်ဆိုင်ငယ်များ အထူးချေးငွေ ရယူနိုင်ကြောင်း အသိပေးကြေညာ
အ ခြေတကျ ဆိုင် ဖွင့်လှစ် ရောင်းချလျက် ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ အတွက် အတိုးနှုန်း သက်သာသော ချေးငွေ ထုတ်ချေးမည့် အစီအစဉ် အရ စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ငွေ ရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန မှ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် အလိုက် ပုံ တွင် ယှဉ်တွဲ ဖော်ပြထားသည့် အ သေးစား ငွေ ရေးကြေးရေးအဖွဲ့အစည်းများမှ တစ်ဆင့် တစ်နှစ် ချေးငွေ သက်တမ်း အတွက် တစ်နှစ်လျှင် အတိုးနှုန်း ( ၂ ) ရာခိုင်နှုန်းဖြင့် ထုတ်ချေး ပေးသွားမည် ဖြစ်ပါသဖြင့် အဆိုပါ လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်ငယ် များသည် အောက်ဖော်ပြပါ ဇယားတွင် ဖော်ပြ ထား သည့် အ သေးစား ငွေ ရေးကြေးရေး အဖွဲ့အစည်းများသို့ ဆက်သွယ် စုံစမ်း၍ ချေးငွေ လျှောက်ထား နိုင် ပြီ ဖြစ် ပါ ကြောင်း သတင်းကောင်း ပါး အပ် ပါ သည် ။
ချေးငွေများ စီစဉ် ထုတ်ချေး နိုင်ရန် အ တွက် စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနမှ အ သေးစား ငွေ ရေးကြေးရေး အဖွဲ့အစည်းများ စုစုပေါင်း ၄၄ ဖွဲ့ ကို ကျပ် ၅၉,၄၉၈ ကို စိစစ် ခွင့်ပြုပြီး ဖြစ် ပါ သည် ။