Best Cuisine

GrabFood မှ ဇူလိုင်လ တစ်လတာလုံး အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်။

July 21, 2020

GrabFood မှ စားသုံးသူများ အကြိုက်ဆုံးဖြစ်သော မိတ်ဖက်စားသောက်ဆိုင် ၅၀ တွင် မှာယူပါက ဇူလိုင်လ တစ်လတာလုံး အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်နဲ့ လေးရှိပါတယ်နော်။

No description available.

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်နေ့ - GrabFood မှ စားသုံးသူများ အကြိုက်ဆုံးဖြစ်သော စားသောက်ဆိုင် (၅၀) တွင် မှာယူပါက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာလုံး အစားအသောက်များ အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ အခမဲ့ ပို့ဆောင်မှုများကြောင့် GrabFood ဝန်ဆောင်မှု အသုံးပြုသူများသည် အထူးသဖြင့် ယခုကဲ့သို့ မိုးရာသီကာလအတွင်း အပြင်ထွက်ဝယ်ယူရန် မလိုဘဲ မိမိတို့ ကြိုက်နှစ်သက်သည့် အစားအသောက်များကို လွယ်ယူအဆင်ပြေစွာ မှာယူသုံးဆောင်နိုင်မည် ဖြစ်ပါသည်။
GrabFood မှ ယခုကဲ့သို့ အခမဲ့ ပို့ဆောင်ပေးခြင်းဖြင့် အစားအသောက်မှာယူ စားသုံးသူများ အများဆုံး ရွေးချယ်မှာယူလေ့ရှိသည့် စားသောက်ဆိုင်များဖြစ်သော Lotteria ၊ KFC ၊ YKKO ၊ The Pizza Company ၊ Gong Cha နှင့် KSS ဒံပေါက်ဆိုင် အပါအဝင် အခြားသော လူကြိုက်များသည့် စားသောက်ဆိုင်များ၏ အော်ဒါပမာဏနှင့် ရောင်းအားကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ရန်ကုန်မြို့ရှိ GrabFood မှာယူစားသုံးသူများအနေဖြင့် ပို့ဆောင်ခ အခမဲ့ရရှိနိုင်သည့် စားသောက်ဆိုင်များကို Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood Homepage ၏ Free delivery အုပ်စုထဲတွင် အလွယ်တကူ တွေ့ရှိနိုင်မည်ဖြစ်သည်။ အခမဲ့ ပို့ဆောင်မှု ရရှိနိုင်ရန်အတွက် ပရိုမိုကုဒ် JUSTEAT ကို အသုံးပြုနိုင်ပါသည်။ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်ရန် အနည်းဆုံး ငွေကျပ် (၄,၀၀၀) ဖိုး မှာယူရမည်ဖြစ်ပြီး နေ့စဉ် ပထမဦးဆုံး မှာယူသော အော်ဒါ (၅၀၀) ခုအထိ အခမဲ့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။


Read 506 times.