Cafes & Restaurant

အသားလွှာတစ်ပွဲ ၁,၂၀၀ ကျပ်နဲ့ ဘတ်ဂျက် မူကထ စားကြမယ်

October 5, 2023

ဒီဆိုင်လေးက ဘူဖေးမဟုတ်ပေမဲ့ စျေးတန်ပြီး အရသာကောင်းလို့ Foodie တွေကြား နာမည်ရပြီးသား ဆိုင်ပါ။ လက်ထဲမှာ ငွေတစ်သောင်းလောက်ရှိရင်ကို သူ့ဆိုင်မှာ မာလာရှမ်းကော၊ မောက်ချိုက်၊ မူကထတို့ အကုန်စားလို့ရပါတယ်။ လအစမှာတည်းက အခြေအနေသိပ်မဟန်တော့ဘူးဆိုရင် ဒီလို ဘတ်ဂျက်ဆိုင်လေးမှာ စျေးသက်သက်သာသာနဲ့ အမုန်းဆွဲနိုင်ဖို့ မျှ၀ပေးလိုက်ပါတယ်။ 

BBQ အကင်လေးနဲ့ ဟော့ပေါ့ပါ တွဲပါတဲ့ မူကထကို ကိုယ်စားနိုင်သလောက်ပဲ စားပြီး ပိုက်ဆံရှင်းချင်တဲ့သူတွေအတွက် Foodie's Beat က သွားစားသင့်တဲ့ဆိုင်တစ်ဆိုင်ပါ။ သူ့ဆိုင်မှာ အရသာနှပ်ပြီးသား အသားလွှာပွဲတွေဆို တစ်ပွဲကို ၁,၂၀၀ - ၂,၀၀၀ ကျပ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အသားအနေနဲ့ ကြက်၊ ဝက်၊ အမဲ၊ ကြက်မဲ၊ ကြက်ဆင်၊ ယုန်ကို အရသာအနေနဲ့ အချိုရယ် မာလာရယ် ချိစ့်ရယ်ဆိုပြီး ရွေးချယ်စရာ (၃) မျိုး လုပ်ပေးထားပါတယ်။  

မာလာရှမ်းကော၊ မောက်ချိုက်၊ မူကထထဲ ထည့်စားလေ့ရှိကြတဲ့ အသားလုံးတွေ၊ ခေါက်ဆွဲ၊ အရွက်နဲ့ ပင်လယ်စာတွေကိုလည်း ဂရမ်ချိန်စရာမလိုဘဲ ၂၀၀ ကျပ်က စပြီး မိမိစိတ်ကြိုက် ရွေးလို့ရပါတယ်။ ပင်လယ်စာတွေမှာဆို ပုစွန်၊ ဂဏန်း၊ ကင်းမွန်၊ ရေဘဝဲတို့ ရပါတယ်။

ဒါ့အပြင် မူကထအတွက်က ဘလောက်ဖိုးပဲစားစား ဟင်းရည် + မီးဖို + ထောပတ်ဆီ + အချဉ် + ဝန်ဆောင်ခတွေအတွက် ငွေထပ်ပေးစရာမလိုပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ အသား၊ အရွက်၊ ပင်လယ်စာတို့ကိုပဲ ကျသလောက် ရှင်းရမှာပါ။

Ye Optical 1

Ye' Optical

အချဉ်မှာဆိုရင် ပင်လယ်စာအချဉ်နဲ့ ဆိုင်ရဲ့ Signature အချဉ်တို့ကို Free Flow ပေးထားပါတယ်။ အကင်နဲ့ တွဲစားဖို့ အချဉ်အပြင် နောက်ထပ် အလိုက်အဖက်ဆုံးဖြစ်တဲ့ Cheese Sauce ကို မှာချင်ရင်တော့ တစ်ပွဲ (၂,၀၀၀) ကျပ် ပေးရပါတယ်။  

နောက်ပြီး သူ့ဆိုင်မှာက လူငယ်တွေအကြိုက် မာလာရှမ်းကောနဲ့ မောက်ချိုက် တစ်ယောက်စာ ပွဲတွေဆို ၄,၀၀၀ ကျပ်ကနေ စပြီး ရှိပါတယ်။ ကြက်၊ ဝက်၊ ပင်လယ်စာ၊ သတ်သတ်လွတ်ဆိုပြီး ကြိုက်ရာ ရွေးစားနိုင်ပါတယ်။ သတ်သတ်လွတ် မာလာရှမ်းကော (၁) ပွဲကိုမှ ၃,၅၀၀ ကျပ်ပါပဲ။ ဒီလိုအစအစအရာအရာ စျေးကြီးနေတဲ့ အချိန်မှာ မာလာရှမ်းကော (၁) ပွဲ ၄,၀၀၀ ကျပ်ပဲ ရှိတဲ့ ဆိုင်ဆိုတာ ရွှေလို ရှားနေပါပြီ။ 

သူ့ဆိုင်မှာ မာလာရှမ်းကော၊ မာလာမောက်ချိုက်နဲ့ မူကထတို့ကို လူတွေ အစားများကြပေမဲ့ တခြားစားလို့ကောင်းတဲ့ ဟင်းပွဲတွေနဲ့ အချိုမုန့်တွေ ရပါသေးတယ်။ သောက်စရာအနေနဲ့ Juice တွေ၊ Bubble Tea တွေ ရပါတယ်။ အရက်၊ ဘီယာ၊ Alcohol တွေတော့ ဆိုင်ယူလာခွင့်မရှိပေမဲ့ ဆန်ချိုအေးလေးတော့ ဆိုင်မှာ ရောင်းပေးပါတယ်။ သူ့ဆိုင်မှာ Durian Pillow တစ်ခုကို ၁,၂၀၀ ကျပ်ပဲ ရှိပါတယ်။ 

ဆိုင်လေးက ဘတ်ဂျက်ဆိုင်ဆိုပေမဲ့ ဆိုင်အပြင်အဆင်ကို မြက်ခင်းစိမ်းတုလေးတွေ၊ သစ်သားခုံတန်းလေးတွေ၊ ကြိုးတန်းမီးလုံးလေးတွေနဲ့ အလှဆင်ထားတာကြောင့် သပ်သပ်ရပ်ရပ်နဲ့ ဓာတ်ပုံရိုက်လို့ လှတဲ့ ဆိုင်လေးပါ။ အပေါ်ထပ်နဲ့ အောက်ထပ် နှစ်ထပ်ရှိတော့ ကျယ်ပါတယ်။ မူကထကတော့ အညှော်နံ့ထွက်လို့ အောက်ထပ်မှာပဲ စားလို့ရပါတယ်။

ငွေပေးချေရာမှာလည်း ငွေသားအပြင် Digital Payment တွေဖြစ်တဲ့ MPU/ Credit MPU/ KbZ Pay/ AYA Pay/ Wave Pay တွေနဲ့ ငွေပေးချေနိုင်ပါတယ်။ သူ့ဆိုင်မှာ Delivery ဝန်ဆောင်မှုလည်း ရှိတာကြောင့် အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်တဲ့ အိမ်တွင်းပုန်း Foodie တွေဆိုရင် 09268526140 ကိုသာ ဟဲလိုလုပ်လိုက်ပါ။

ဒါ့အပြင် ဆိုင်မှာ ၅၀,၀၀၀ ကျပ်ဖိုးနဲ့ အထက် ဝယ်စားရင် VIP (Member Card) ရရှိမှာ ဖြစ်ပြီး အကျိုးခံစားခွင့်အနေနဲ့ အမြဲတမ်း 10% Off ပရိုမိုးရှင်း ရရှိမှာ ဖြစ်ပါတယ်။ 

ဆိုင်လိပ်စာ - အမှတ် (၁၃၁+၁၃၂)/ အေးရိပ်သာလမ်း/ ၄၃ ရပ်ကွက်/ မြောက်ဒဂုံမြို့နယ်။

ကျောင်းကွေ့မှတ်တိုင်/ ဗိုလ်မှုးဗထူး လမ်းမ/ ရွှေအိုး ဆေးဆိုင်အနီး ပညာတန်ဆောင်လမ်းမှ ဝင်ပါ။

အင်္ဂါနေ့တိုင်း ဆိုင်ပိတ်ပါသည်။

09268526140


Read 426 times.