Best Cuisine

အဆင့်အတန်းမှီမှီ Fine Dining ဘယ်လိုစားသင့်သလဲ

April 10, 2020

အကယ်၍များ သင့်အနေနဲ့ မိတ်ဆွေ ( သို့ )  ချစ်သူ တစ်ဦးဦးနဲ့ Fine Dining ဆိုင်တစ်ခုခု မှာ Dinner စားတယ်ဆိုပါတော့ သင်တကယ်သိထားရမှာက Dining rules အပါအဝင် ထို့နောက် Table Manner  ပေါ့ ။Dining rules ဟာ ထိုသို့ ဆိုင်သွားရောက် စားသောက်မှ မဟုတ်ပါဘူး  ပွဲ တွေသွားရောက်စားသောက်ရင်လဲ တကယ်တွေးတော သင့်တဲ့ ကိစ္စပါ။

 

Dining rules ဆိုတာကိုလူတိုင်းသိထားသင့်ပါတယ်။လူကြီးလူကောင်းတွေ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် ဆွေးနွေးစရာကိစ္စ ရှိလို့ပဲ ဖြစ်ဖြစ် ဒါမှပာုတ် ကောင်မလေး (သို့) ကောင်လေးနဲ့ Date တာပဲဖြစ်ဖြစ် ညစာကတော့အမြဲစားဖြစ်ကြမှာ အဲ့အခါကျ ကိုယ်တိုင်က Classic ဆန်ဆန်နေတတ်ဖို့လိုပါတယ်။ 

 

အဝတ်ကောင်းမွန်စွာဆင်မြန်းထားရပါမယ် ခေါင်းသပ်ရပ်စွာဖီးထားသင့်ပါတယ် ထိုအရာတွေကလည်း Dining rules ရဲ့ အခြေခံ အုတ်မြစ် ပဲပြောရမှာပေါ့။မိမိကိုယ်ကိုယ်သေသပ်နေဖို့ က အရေးကြီးပါတယ်။

 

အခုရေးသားမဲ့အချက်လေးတွေသိထားတာတော့မမှားပါဘူး တကယ်တန်းမှာ Fine Dining စားမယ်ဆို ဆိုင်နေရာအတွက် Reserve ကြိုတင်လုပ်ထားသင့်ပါတယ်။

 

ပထမဦးစွာစားသောက်ဆိုင်တဆိုင်ကို မိမိ ဧည့်သည်နှင့် စဝင်ထဲက တံခါးကိုကိုယ်တိုင်ဖွင့်ပေးလိုက်ပါ , ထိုင်ခုံကို(ကိုယ့်ဧည့်သည်)ကိုခေါ်လာတဲ့သူကိုအရင်နေရာထိုင်ခိုင်းပါ။

 

နောက်တခုက ရေခွက်နှစ်ခွက်ထဲရေကိုကိုယ်တိုင်ဖြည့်ပေးပါ Sparkling water သို့ Still water ဧည့်သည်စိတ်တိုင်းကျ ရွေးချယ် ခိုင်းလိုက်ပါ။

 

Napkin ပေးတဲ့ဆိုင်မျိုးဆို Napkin ကို အချွန်ပုံအလျားလိုက်ပေါင်ပေါ်တင်ထားလိုက်ပါ အဲ့တာ Napkin အသုံးပြုပုံနည်းအသုံးပြုနည်းလည်းအမှန်ပါ။

 

ဖုန်း,ကားသော့,ပိုက်ဆံအိတ် စသည်တို့ကိုစားပွဲပေါ်တင်မထားသင့်ပါ အမျိုးသမီးဆိုပါကအိတ်ကို ခုံတစ်လုံးတောင်းတင်ထားလို့လဲရပါတယ်။

 

ကိုယ့်ဧည့်သည်သူ့ကိုအရင်ပေးမှာပါနောက်မှကိုယ်မှာပါ တတ်နိုင်ရင်သူ့ကိုဘာမှဝင်မစွက်ဖက်ပါနဲ့ အစားအစာမှာနေတဲ့အချိန်မှာ မေးလာခဲ့သည်ရှိသော်သူကြိုက်တဲ့ အစားအစာကို အကောင်းဖက်ကပြောပါ။

 

ထို့အပြင် Waiter စားပွဲထိုးအပေါ်ဆက်ဆံတဲ့အခါမှာလဲယဉ်ကျေးစွာဆက်ဆံပေးပါ။ 

Waiter အစားအသောက်လာချလဲ Waiter ကိုကျေးဇူးတင်ပါတယ်လို့ဖော်ရွေစွာပြောပေးဖို့ဝင်မလေးပါနဲ့ လူကြီးလူကောင်း တစ်ယောက်က လူအဆင့်အတန်းမခွဲခြားဆက်ဆံပါတယ်ဆိုတဲ့သဘောထားကိုပြစေချင်တာပါ။

 

အခုခေတ်မှာအစားတွေကိုဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ဖို့ ဓာတ်ပုံရိ်ုက်တာကိုမလုပ်မိအောင်ရှောင်သင့်ပါတယ် အမျိုးသမီးဆို ကိုယ်အရင်စပြီး စားခွင့်ပြုပါဆိုခွင့်တောင်းပြီးစ စားပါ။

 

အမျိုးသားဆို ကလေးတွေနဲ့ အမျိုးသမီးတွေကိုအရင် ပေးစားပါ စကားပြောရင်အေးဆေးစွာနဲ့ တည်ငြိမ်စွာပြောပါ ကိုယ့်ဖိတ်ကျွေးတဲ့လူရဲ့မျက်လုံးကိုရဲရဲကြည့်ပြောပါ။

 

ခန္ဓာကိုယ်ကိုတည့်မတ်စွာထိုင်ပါ စားပွဲပေါ်လက်မထောက်ပါနဲ့ အစားနည်းနည်းစား များများနားထောင်ပါ။သူပြောသမျှကိုထောက်ခံပေးပါ ဇွန်းခရင်းနဲ့သာစားပါလုံးဝလက်နှင့်မစားသောက်မိပါစေနဲ့။

 

နောက်တခုက မြန်မာအယူအစကြီးသူကိုဦးချရမယ်ဆိုတာ ကိုယ့်မိသားစုထမင်းဝိုင်းမှာသာထိုအယူအဆကိုယူပါ လက်ခံပါအပြင်မှာဆို ကိုယ့်ပန်းကန်ကိုယ်သာအာရုံစိုက်ပါ။သူများပန်းကန် ထည့်ပေးတာတို့ဘာတို့မလုပ်သင့်ပါ ကိုယ်စားတဲ့ဇွန်းခရင်းနဲ့သူများပန်းကန်ထဲကိုမထည့်ပေးသင့်ပါ တချို့တွေကမကြိုက်တတ်လို့ပါ။

 

ကိုယ့်ဖိတ်ကျွေးတဲ့လူကိုများများစားပါလို့တော့ပြောပေးပါ အစားအသောက်စားရင်ပါးစပ်ကိုပိတ်စားပါ ဇွန်းခရင်းအသံတွေမထွက်အောင်ငြင်သာစွာစားပါ။

 

စားပြီးပါက Napkin ကိုပန်းကန်ဘေးမှာချထားပါ ဇွန်းခရင်း ကို ပန်းကန်ပေါ် အလျားလိုက်တင်ထားကာပြီးမြှောက်ကြောင်း ပြသပါ။

 

ပိုက်ဆံရှင်းတဲ့ အခါကျရင် ကိုယ်က ကိုယ်ဖိတ်ကျွေးတဲ့လူကိုခွင့်ပြုပါခဏဆို ငွေရှင်းကောင်တာမှာမသိအောင် သွားရှင်းထားပါ သူရှင်းမယ်ကိုယ်ရှင်းမယ်လုရှင်းနေတာမျိုးကျသိပ်အဆင်မပြေလို့ပါ။ 

 

ကိုယ်ကကြိုရှင်းထားပြီးမှ ပြန်ခါနီး သူကပြန်မယ်ဆိုမှ ကိုယ်ရှင်းပြီးပါပြီလို့ အသိပေးလိုက်ပါ။

အခုလို ဖိတ်ကျွေးတာကို တကူးတကလာပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ ဘယ်တော့ မှ လူတစ်ဦးကို ယဉ်ကျေးစွာ ဆက်ဆံ ဖို့ မမေ့ပါနဲ့။

 

အသိအမှတ်ပြုတယ်ဆိုတာထင်ရှားတဲ့အမှုအရာမျက်နှာအနေအထားနဲ့ နေပေးပါ ပြီးတဲ့အခါ ပြန်တဲ့အထိကိုယ်ကပဲတံခါးဖွင့်ပေးလိုက်ပါ စိတ်ကျေနပ်မှု့ရှိမယ်လို့မျှော်လင့်ပါတယ်။ 

 

အခုလိုအချိန်ပေးဖတ်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ် အထက်ပါ အချက်အလက်တွေသေချာစွာ လိုက်နာနိုင်မယ်ဆိုပါက သင့် ညစာစားတဲ့ ညလေးကြောင့် တစ်ဖက် လူဆီမှာ သင်အမှတ်တစ်မှတ်ပိုရသွားပါပြီ။သာယာလှပတဲ့နေ့လေးပိုင်ဆိုင်ကြပါစေ။


Read 473 times.