Special Deals

မြန်မာပြည်စျေးထဲက ဝက်သား၊ CP ဝက်သား၊ ယိုးဒယားကဝက်သား၊ စပိန်ကဝက်သား

July 1, 2020

ဟုတ်ပါတယ် ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ ဝက်သားအကြောင်းဘဲဖြစ်ပါတယ်... ကျွန်တော်အပါအဝင် မြန်မာပြည်သား ၉၉%ဟာ ဝက်သားဆိုတာ အတူတူဘဲလို့ထင်ကြတာပါ... အဲဒီထဲမှာ ကျွန်တော်ကိုယ်တိုင်လဲ အရင်က အပါအဝင်ဖြစ်ပါတယ်... အစားကောင်းအသောက်ကောင်းဆိုတာကလဲ အခက်သား... ကိုယ်တိုင်တကယ်စားဖူးမှ ယုံကြတာမဟုတ်လားဗျ နို့မို့ဆို ယုံရခက်သား.. အမဲသား ၁ပွဲကို $300 ထိတန်ကြေးရှိတာကို လူတွေအတော်များများကြားဖူးကြမှာပါ... အဲလိုဘဲ ဝက်သားမှာလဲတကယ်ကွာပါတယ်... ဆူရှီလိုပေါ့ "ဘာ $200 တန်ဆူရှီဟုတ်လား? ငါတော့မစာဘူး" ကျွန်တော်ပြောဖူးတယ်။ သူငယ်ချင်းကျွေးတာလဲလိုက်စားပြီးရော အမြဲတမ်းတနေရောဘဲ... သေချာတာ တစ်ခုကတော့ သူ $200 နဲ့ရောင်းလဲ စားမည့်သူရှိနေတယ်ဆိုတာ တကယ်ကိုကွာပြီး သူများနဲ့တူမနေလို့ဆိုတာကို ကျွန်တော်တို့တတွေလက်ခံရမှာပါ။ ဘာလို့လဲဆိုတော့ ၁ယောက်ကို $200 ညစာအတွက် ပေးစားနိုင်တဲ့ လူတယောက်ရဲ့လက်အောက်မှာ အနဲဆုံး ဝန်ထမ်း ၃၀ရှိပြီး သူဟာငတုံးမဟုတ်လို့ပါဘဲ.. အရက်လဲ အဲလိုပေါ့ Red သောက်တဲ့သူက Red မှ Red ဘဲ Double Black လဲတိုက်လိုက်ရော နောက်သူ Red မသောက်ချင်တော့ဘူး... Blue သောတဲ့သူကလဲ သူ့ Blue ဘယ်လောက်ကောင်းတယ်ပေါ့... Single Malt 21 Years တိုက်လိုက်တော့ သူလကမ္ဘာပေါ်ရောက်သွားရော...

ကဲဘယ်လိုကွာလဲကွာပြော?
ဒီလိုပါ ကျွန်တော်တို့ဆီမှာ ဝက်ဆိုတာ အပိုဝင်ငွေရအောင် အလေ့ကျမွေးတာပါ... ဆိုလိုတာက ဝက်တွေကို အစာအချိန်မှန်မကျွေးဘူး ရေအချိန်မှန်မချိုးဘူး... လူစားပြီးကျန်တဲ့အကြွင်းအကျန်နဲ့ သူ့ဖာသူကြမ်းပြင် မြေကြီးအပေါ်မှာတွေ့သမျှဟာစားပြီးကြီးလာတဲ့ဝက်ပါ... သူ့ရဲ့ အသား/အဆီအနေအထားနဲ့ အရသာဟာ စနစ်တကျ ကျွေးမွေးပြီး ကြီးပြင်းလာတဲ့ဝက်နဲ့ အတော်ကွာပါတယ်... အရှင်းဆုံး ဥပမာကိုပြပါဆိုရင် အိမ်မွေးခွေးရဲ့ အနေအထားနဲ့ လမ်းဘေးခွေးရဲ့ အနေအထားယှဉ်ကြည့်သလိုပါ... "ဟဲ့ ငါတို့တသက်လုံးဒီဝက်သားဘဲစားလာတာ နင့်အလှည့်ကျမှ" လို့ စောတက တက်ကြပါလေ့မယ် အဲလို စျေးပေါပေါ ပေါက်တက်ကရ ရောင်းတာတွေစားလွန်းလို့ အချိုမှုန့်/ဆိုးဆေးတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းကို လေ့လာကြည့်စေလိုပါတယ်...

ကဲဒါဆိုရင် သေချာမွေးထားတဲ့ ဝက်တွေကရော?
ဟုတ်ပါတယ် သူတို့ကို ဘာကြွေးလဲအပေါ်မူတည်ပြီးတော့ တခါအရသာ ထပ်ကွဲပြန်ပါတယ်... သူတို့က ဂျုံစားပြီးကြီးတာလား, ပြောင်းရိုးဘဲစားရတာလား, သူတို့ရဲ့ အမျိုးအနွယ် မျိုးစိတ်ကရော ဘာလဲဆိုတာတွေပါ... ဂျပန်မှာမွေးတဲ့ ဝက်အမဲမျိုး ကူဘိုတာဆိုတာ အရမ်းကိုကောင်းပါတယ် စျေးလဲ ရှယ်ကြီးပါတယ်... သူတို့ကို US နဲ့ ဂျပန်မှာမွေးပါတယ်...

ပြောတာရှုပ်သွားပြီ ဘယ်လိုလွယ်လွယ်သိနိုင်မလဲ?
အသားဟာ အရည်အသွေးကောင်းတယ်ဆို ဆား၊သကြား၊ငရုပ်ကောင်း ဘာမှထည့်စရာကိုမလိုတာပါ... အသားကောင်းမကောင်းသိချင်ရင် အသားကိုလွှာ ဒယ်အိုးမီးဖိုပေါ်တင်ပြီး ဆီနဲနဲလေးနဲ့ ကြက်တယ်ဆိုရုံကြော်ပြီး စားကြည့်ပါ... ဆား၊ သကြား၊ အချိုမှုန့် ဘာဆိုဘာမှမထည့်ပါနဲ့... တကယ်တန်းစျေးကြီးပေးရတဲ့ စားသောက်ဆိုင်တွေမှာ ဆားကလွဲရင် ဘာမှမသုံးပါဘူး... မှန်ပါတယ် အချိုမှုန့်ဗူးဆိုတာ မီးဖိုခန်းထဲမှာ လုံးဝ(လုံးဝ)ကို မရှိရမှာ... ဘာလို့လဲ? ချက်တဲ့သူတွေက အသားအကြောင်းနားလည်တယ် ကောင်းတဲ့အသားကိုဘဲရွေးဝယ်ပြီးချက်ကြတယ် ဒီတော့ တခြားဘာမှကိုထည့်စရာမလိုတာ... ဝက် ၃ထပ်သား တကယ်ကောင်းရင် ကိုရီးယားတွေစားသလို ပါးပါးလေးတွေလှီး မီးဖိုပေါ်တင်ပြီး ကင်ယုံဘဲ... ကင်ပြီးတန်းစားယုံဘဲ ဘာဆိုဘာမှ ထည့်စရာမလိုရဘူး... အသားဆိုတာ ဒီလိုဖြစ်နေရမယ်

ဒီလိူဖြစ်နေရင်?
ဒီလိုဖြစ်နေရင် ဒါနဲ့ထိုက်သင့်တဲ့စျေးတော့ပေးရမှာပေါ့.. နို့မို့ဆို အလေ့ကျမွေးတဲ့ ဝက်တွေဘယ်သူဝယ်မှာလဲ? ထိုင်းဝက်သားစျေး သုံးထပ်သား ၁ကီလို(၆၀သား) ကို ၁၃,၅၀၀ ရှိပါတယ်... စပိန်ဝက်သား သုံးထပ်သား ၁ကီလို(၆၀သား) ကိူ ၁၅,၂၀၀ ရှိပါတယ်...

သုံးထပ်သားက အရသာတကယ်ကွာလို့လား?
အရောင်အဆင်း၊ အနံ့၊ အရသာ၊ အလွှာ အကုန်ကွာပါတယ်... ၃ထပ်သားညံ့ရင် အဆီနဲ့အသားမမျှပါဘူး... အခေါက်အောက်က အဆီပြင်က ထူလာလိုက် ပါးသွားလိုက် အသားကလဲ ထူလာလိက်ပါးသွားလိုက်နဲ့ ညီကိုမညီတာ.. တကယ်ကောင်းတဲ့ ဝက် ၃ထပ်သားက အလွှာ ၃လွှာ Color ၃ရောင်ရှိပါတယ်... ဒါကမှကောင်းတဲ့ ၃ထပ်သားပါ...

ငါတိူ့ကတော့ ဘာမှကွာတယ်မထင်...
ကျွန်တော့် ကားစတမ်မာတွေကို အမြဲပြောတဲ့စကားရှိပါတယ်... ကျွန်တော့် သုံးထပ်သားကို ဝက်သားဆီပြန်ဟင်းချက်မစားလိုက်ဖို့ရာပါ... ကြက်သွန်၊ဂျင်း၊ငရုပ်သီး၊ဆား၊သကြား၊ အချိုမှုန့်ထည့်ပြီး ရေခန်းချက်တဲ့ဟင်းတွေမှာတော့ အချိုးအစားကျမကျနဲ့ အချို့မှုန်ဘယ်လောက်ထည့်တယ်ဆိုတာမှာဘဲ အရသာကမူတည်သွားပါတယ်...အသားအပေါ်လုံးဝကို မူမတည်တော့ပါဘူး... ဒါကြောင့်လဲ ကျွန်တော်တို့က ကြက်သား၊ ဝက်သားဆို အားလုံး အတူတူဘဲလို့ ထင်ကြပါလေ့မယ်...

ဘယ်မှာအသိသာဆုံးလဲ?
အသားရဲ့ကွာလတီဟာ ဟော့ပေါ့ဆိုင်မှာ အသိသာဆုံးပါ... အင်ပို့အသားမှန်ရင်
> ပြုတ်လိုက်ရင် စပလိန်လို တွန့်ခေါက်ကွေးပြီး ညောင်ညောင်ညောင်း ပါးစောင်မှာ ဝါးစရာမလိုရ
> ထည့်တုန်းကတော့ အလွှာလိုက်ဘဲ ပြန်ထွက်လာတော့ စကာပေါက်ဖြစ်နေပြီ အဲဒါမြန်မာဝက်သား
> သုံးထပ်သားလွှာလာပို့သွားတယ် စွပ်ပြုတ်ထဲနှစ်ပြီးပြန်အထုတ် ပါးစပ်ထဲထည့်ဝါးရင် ၂ချက်နဲ့မကျေဘူး
> ဂုတ်သားလို့ပြောတယ် အဆီမတွေ့ရရင် အဲဒါ "အင်" ဂုတ်သား... တချို့ကပြောတယ် အဆီမပါတဲ့ဂုတ်သားပေးပါဆိုတော့ ကျွန်တော်ခေါင်းကုတ်ရရော...
> လိုင်းသားဟာ နူးညံ့ရမယ် မဟုတ်ရင် ဒါတိုက်ဝက်(တိုက်ကြက်လိုမျိုး) အသား
> အနီ သို့မဟုတ် ပန်းရောင်သန်းရမယ်.. ညိုညိုဖြစ်နေရင် ကြာနေတဲ့အသား
> အသားမှာ ရေပါဝင်နှုန်းကောင်းရမယ် ပန်းကန်ထဲရေတွေအများကြီးထွက်နေရင်တော့ ဒါအသားကို ရေခဲသေတ္တာထဲခဲထားတဲ့အသား...Processing Plant မှာ IQF ခဲထားတဲ့အသားက အရည်ပျော်လဲ ရေမထွက်ဘူး
> အသားတကယ်ကောင်းရင် ဘာအသားလုံးမှ မှာမစားရဘူး အသားဘဲ တပွဲပြီးတပွဲ မှာစားတာမျိုးဖြစ်ရမှာ

ဒီတော့ဗျာ အသားကောင်းရင် ဘယ်လိုအရသာကွာလဲဆိုတာကို ကျွန်တော်တို့ ကိုဗစ်အလွန်မှာ စပြီးသိခွင့်ရတော့မှာပါ... Mushroom Kitchen ကနေ တင်ဆက်မယ့် Hotpot Paradise ကို Makro Myanmar Shopping Mall မှာဖွင့်ပါမယ်... စာရွက်ထဲမှာ အင်ပို့၊ တကယ်ကျွေး​​တော့ မြန်မာဝက်သား ဒါမျိုး လုံးဝ လုံးဝမဖြစ်စေရပါဘူး... အသား ၂ပွဲစားပြီးရင် အလုံးတွေမှာစားဖို့ကို လုံးလုံး စိတ်မဝင်စားတော့ဘူးဖြစ်စေရမယ်... ဘယ်တော့ဖွင့်မလဲဆိုတာ သိရအောင် Hotpot Paradise Page ကို Like နှိပ်ပေးထားအုံးနော့...

ဒါနဲ့စကားမစပ် ဝက်ခေါက် 200gram ကို 8,000ကျပ် နဲ့ရောင်းလို့ ထူးဆန်းနေကြ/ပြောချင်နေကြတဲ့သူတွေလဲအများကြီးရှိပါတယ်... အခေါက်ကိူ ဝယ်ပြီးအိမ်မှာ အစမ်းကင်ကြည့်စေချင်ပါတယ်... Oven ထဲကနေ အသွင်းအထုတ် ၃ခါလုပ်ရပါတယ်။ ၃ခါကင်အပြီး ၆၀% ကျုံ့ပါတယ် Marinate Time 8 Hours + Grilling Time 1.8 Hours > Total 10နာရီ နဲ့ လူ ၁ယောက် အချိန်ပေးမှ ဒါထွက်တာပါ... 60% Weight Loss + 10 Hours Processing Time ကျွန်တော်ဆို 8,000 ပေးပြီးဘဲစားတော့မယ် ပင်ပန်းလို့...

Mushroom’s Full Menu
https://www.facebook.com/2180844568910937/posts/2633315106997212/

Delivery Rate
https://www.facebook.com/2180844568910937/posts/2626544551007601/?d=n

Credit #MushroomKitchen

Photo Credit #MushroomKitchen
#HotpotParadise
#AllAboutPork


Read 1380 times.