Cafes & Restaurant

ရန်ကုန်မြို့လည်က ဓနိမိုးလေးနဲ့ အေးချမ်းလှတဲ့ ကော်ဖီဆိုင်

September 22, 2023

ရန်ကုန်မြို့လည်ခေါင်ရဲ့ စည်ကားလှတဲ့ ဗိုလ်တထောင်မြို့နယ်လို နေရာမျိုးမှာ မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ခဏတာ ပြေပျောက်သွားစေမယ့် အိုအေစစ် ကော်ဖီဆိုင်လေးတစ်ခု ရှိတယ်ဆိုတာ သိကြလား။ လူသိနည်းတယ်ဆိုပေမဲ့ ဒီဆိုင်လေးကို ရောက်ဖူးတဲ့သူတိုင်းကတော့ နောက်ထပ်အကြိမ်ကြိမ် သွားချင်နေဦးမှာပါပဲ။ ဆိုင်နာမည်က "အာဘွား" လို့ ခေါ်ပါတယ်။ 

ဆိုင်ပုံစံကို မျက်စိထဲမြင်အောင် ပြောပြရမယ်ဆိုရင် တောရွာအိမ်လေးတစ်လုံးကို အလည်ရောက်သွားသလို ခံစားရစေပါတယ်။ ဆိုင်ဝန်းကျင်တစ်ခုလုံးမှာ စိမ်းစိမ်းစိုစို သစ်ပင်ပန်းမန်တွေ၊ ပန်းအိုးလေးတွေ ရှိနေတော့ မျက်စိလည်း အေးပြီး စိတ်လည်း အေးချမ်းရပါတယ်။ ဆိုင်ကို ဓနိမိုးလေး မိုးထားပြီး ဝါးထရံအကာလေးတွေ၊ သစ်သားစားပွဲဝိုင်းလေးတွေနဲ့ ကျေးလက်ပုံစံ ပြင်ဆင်ပေးထားပါတယ်။  

     Advertisement

Click Here > Shwe Lamain

ဆိုင်အပြင်အဆင်က ဘာပကာသနမှ မပါဘဲ ရိုးရိုးရှင်းရှင်းလေးဆိုတော့ လူငယ်ရော၊ လူကြီးပါ ကြိုက်မယ့် ဆိုင်ပုံစံဖြစ်ပါတယ်။ တနေ့တနေ့ ဆူညံတဲ့ ဘားတွေ၊ ကလပ်တွေ သွားနေရတာ ရိုးပြီး စိတ်ရှုပ်လာပြီဆိုရင် စစ်မှန်တဲ့ ကော်ဖီအရသာကို နွေးနွေးထွေးထွေးလေး ခံစားနိုင်မယ့် ဒီလို ကော်ဖီဆိုင်မျိုးမှာ သွားအနားယူသင့်ပါတယ်။

တစ်ယောက်တည်း အေးဆေးထိုင်ပြီး အတိတ်ကို ဆွေးချင်လည်းရသလို သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြောပြီး ပျော်စရာအချိန်လေးတွေကိုလည်း အမှတ်တရအဖြစ် ဖန်တီးနိုင်ပါသေးတယ်။

သူ့ဆိုင်မှာ ဘာတွေ ရလဲဆိုရင် -

အာဘွားလက်ဖက်ရည်၊ အာဘွားကော်ဖီ၊ Green Tea၊ Lemon Tea တို့အပြင် Cappuccino၊ Americano၊ Latte၊ Mocha တို့ပါရပါတယ်။ အအေးအနေနဲ့ ဆိုဒါအအေးတွေနဲ့ Mocktail တွေလည်း ရပါသေးတယ်။  
အဆာပြေ စားစရာအတွက်ဆို Burger၊ Sandwich၊ Sausage၊ Cake၊ Bun နဲ့ Toast တွေ အဓိက ရပြီး တခြားမီနူးတွေလည်း ထပ်ရှိပါတယ်။

စျေးနှုန်းတွေက လူတန်းစားမရွေး တတ်နိုင်တဲ့ ၁,၀၀၀ နဲ့ ၂,၀၀၀ ကျပ်ဝန်းကျင်လေးတွေပဲ ရှိတော့ စားရတာ တန်ပါတယ်။ ဘတ်ဂျတ်ဆိုင်လေးဆိုပေမဲ့ အရသာကို ဖြစ်သလို မလုပ်တဲ့အတွက်ကြောင့် ဆိုင်ရဲ့ မီနူးတိုင်းက လူကြိုက်များပါတယ်။ 

ဆိုင်လိပ်စာ - အမှတ် ၁၄၅၊ အထက် ၄၅ လမ်း၊ အထက (၅) ကျောင်းအနီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 095103548


Read 372 times.