Cafes & Restaurant

Bubble Tea လေးသောက်ရင်း Private ဆန်ဆန် Movie Date ချင်သူတွေအတွက် Moment

January 19, 2024

ရန်ကုန်မြို့မှာ စျေးအသက်သာဆုံးနဲ့  Movie စုံစုံလင်လင် ကြည့်လို့ရမယ့် Private Cinema ကိုသိလား? Private Cinema အပြင် Bubble Tea တို့ Milkshake တို့လည်း ရောင်းပါသေးတယ်။ ချစ်ရသူနဲ့အတူ အခိုက်အတန့်ကောင်းလေးတစ်ခု ဖန်တီးဖြစ်စေမယ့် နေရာလေးရဲ့ နာမည်ကတော့ Moment - Bubble Tea & Private Cinema ဖြစ်ပါတယ်။ ဆိုင်ခွဲကတော့ တာမွေမှာတစ်ဆိုင်၊ ကျောက်တံတားမှာ တစ်ဆိုင် ဆိုင်ခွဲ (၂) ဆိုင်ရှိပါတယ်။

ကျောက်တံတားဆိုင်ခွဲမှာဆို Bubble Tea လေးသောက်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ City View မြင်ကွင်းအလှကို အပေါ်စီးကနေ ကြည့်ရှုခံစားလို့ ရပါတယ်။ Movie စုံစုံလင်လင် ကြည့်လို့ရတဲ့အပြင် Booking အချိန်စောင့်ရင်း စာအုပ်ဖတ်လို့ရသလို ချစ်ရသူနဲ့ Game အတူတူ ကစားလို့ရအောင် Waiting Area လုံလုံလောက်လောက်လည်း ရှိပါတယ်။ 

City view လေးကြည့်ရင်း Outdoor lighting နဲ့ လှလှပပ photo လေးတွေ ရိုက်မလား၊ Movie Room ထဲက Neon light တွေနဲ့ အထာကျကျ Couple ပုံတွေ ရိုက်မလား တစ်နေရာတည်းမှာ Vibe နှစ်မျိုးရစေမယ့် နေရာပါ။ 

Moment မှာ Movie Date မယ်ဆို ရွေးချယ်စရာ Room type (၄) မျိုးလောက် ရှိပါတယ်။ အဓိက အရေးကြီးဆုံးဖြစ်တဲ့ Privacy ပိုင်းမှာလည်း စိတ်ချရပြီး အခန်းတွင်းမှာ CCTV၊ Spy ကင်မရာ လုံးဝ မတပ်ထားပါဘူး။

Moment (ကျောက်တံတား) ရဲ့ Room အမျိုးအစားလေးတွေကတော့ -

(1) Standard Room

(Air Con + 43” Tv + Neon Light Decoration + Posters Decoration) 

2Hr - 9500 Ks

3Hr - 13500 Ks

4Hr - 16000 Ks ကျသင့်ပါမယ်။ 

(2) Budget Room

(Air Cooler + 43” TV + Neon Light Decoration + Butterfly Room Decoration) 

2Hr - 8500 Ks

3Hr - 12500 Ks

4Hr - 15000 Ks ကျသင့်ပါမယ်။

(3) Superior room 

(Air Con + 55” TV + Neon Light Decoration + Posters Decoration )

2Hr - 13000 Ks

3Hr - 17500 Ks

4Hr - 21000 Ks ကျသင့်ပါမယ်။

(4) Deluxe Room 

(Air con + 55” TV + Neon Light Decoration + Posters Decoration + Toilet + Bathroom)

2Hr - 16500 Ks

3Hr - 22000 Ks

4Hr - 27000 Ks ကျသင့်ပါမယ်။

Moment (တာမွေ) မှာ Room အမျိုးအစား ၃ မျိုး ရှိပါတယ်။

Standard Room 

(Air Con + 32” Tv + Neon Light Decoration)

2Hr - 10500 Ks

3Hr - 15000 Ks

4Hr - 17500 Ks ကျသင့်ပါမယ်။ 

Superior Room 

(Air Con + 40” Tv + Room Decoration)

2Hr - 13000 Ks

3Hr - 17500 Ks

4Hr - 21000 Ks ဖြစ်ပါမယ်။ 

Budget Room 

(Air Cooler + 32” Tv+ Butterfly Decoration)

2Hr - 9000 Ks

3Hr - 13500 Ks

4Hr - 16000 Ks ပဲ ကျသင့်မှာပါ။

Android TV မှာ မြန်မာစာတန်းထိုးကားတွေ စုံတဲ့ ရုပ်ရှင် App ရယ်၊ Netflix ရယ်၊ Youtube ရယ် ထည့်ပေးထားတာမလို့ ရုပ်ရှင်ကတော့ ကားအသစ်၊ ကားအဟောင်း အတော်လေး စုံပြီး ကြိုက်ရာရွေးကြည့်ရုံပါပဲ။ Cartoon၊ Animation၊ Horror၊ Romance၊ Comedy တို့အပြင် ပြသနေဆဲဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေပါ ကြည့်လို့ရပါတယ်။ 

ရုပ်ရှင်ကြည့်ရင် အစာအသောက်လေးပါမှ ပြည့်စုံတာဆိုရင် သူ့ဆိုင်မှာ သောက်စရာအနေနဲ့ Bubble Tea၊ Smoothies၊ Milkshake၊ Milk Tea၊ Thai Tea၊ Yogurt Juice နဲ့ Soda Drinks တွေ ရပါတယ်။ စားစရာအနေနဲ့ ပေါက်ပေါက်ဆုပ်၊ အသင့်စား ခေါက်ဆွဲဘူးနဲ့ လေဖောင်းမုန့်လေးတွေ ရှိပါတယ်။ ပြင်ပအစားအစာ ယူဆောင်လာခွင့် ရှိပေမဲ့ Alcohol Drinks တွေနဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေကိုတော့ လက်မခံပါဘူး။

ဒါကြောင့် Bubble Tea လေးသောက်ရင်း Private ဆန်ဆန် Movie Date ချင်တဲ့ သူငယ်ချင်းတွေကတော့ Moment Bubble Tea Shop ကိုသာ ဒိုးလိုက်ပါ။ Booking တင်ပြီးမှ သွားဖို့တော့ မမေ့နဲ့နော်။ 

လိပ်စာ - အမှတ် ၂၄၀၊ ၇ လွှာ၊ ဆိပ်ကမ်းသာလမ်းအပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ် (အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်လမ်းကြား) 
ဖုန်း - 09 769 965669

လိပ်စာ - အမှတ်51/B၊ ပထမထပ်၊ သမိန်ဗရမ်းလမ်းမကြီးပေါ်၊ တာမွေမြို့နယ် (အာသောက မှတ်တိုင်နှင့်တာမွေဗလီမှတ်တိုင်ကြား၊ Orange ရှိတဲ့ဘက်အခြမ်း၊ နေကြာပန်း အိမ်ဆောက်ပစ္စည်းဆိုင်အပေါ်ထပ်) 
ဖုန်း - 09259284386


Read 1501 times.