Special Deals

ဘီယာ (၁) တာဝါနဲ့ ဆိတ်လက်ဖက်ထောင်း (၁) ပွဲကို ၉,၅၀၀ ကျပ်နဲ့ ရမယ့် ပရိုမိုးရှင်း

September 12, 2023

ဒီတစ်ခါတော့ One2 Bar က ဘီယာတင်မဟုတ်ဘူး၊ အမြည်းပါ ပရိုမိုးရှင်းထဲ ထည့်ပေးထားတော့ ကိုယ့်လူတွေ ရေမီးအစုံနဲ့ လေထီးခုန်ရုံပါပဲနော်။ One2 Bar ရဲ့ ပျော်ရွှင်စရာ ၉,၅၀၀ အစီအစဥ်လေးက ဘယ်လိုမျိုးလဲဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်လိုက်နော်။

Advertisement

Click Here - San Myint Aung Plastic Materials & Products

သူ့ရဲ့ ပရိုမိုးရှင်းကို အနည်းဆုံး လူလေးယောက်လာတဲ့ ဝိုင်းတိုင်းက ရရှိမှာဖြစ်ပါတယ်။ ၉,၅၀၀ ကျပ်မှာ BAWDAR ဘီယာ (၁) တစ်ဝါ ပါမယ့်အပြင် အမြည်းအနေနဲ့ ဆိတ်လက်ဖက်ထောင်း (၁) ပွဲပါ လက်ဆောင်ပေးသွားဦးမှာဆိုတော့ သောက်ဖို့ရော မြည်းဖို့ပါ စရိတ်ငြိမ်းပဲပေါ့။ 

အနည်းဆုံး လူ (၄) ယောက်ပါမှ ဒီပရိုမိုးရှင်းကို ရမှာဆိုတော့ တစ်ယောက်ကို လက်ထဲ (၂,၀၀၀) စွန်းစွန်းရှိရုံနဲ့ ဘားထိုင်နိုင်တဲ့ ဆရာကြီးတွေဖြစ်ပါပြီ။

ပရိုမိုးရှင်းကာလကတော့ စက်တင်ဘာလ (၁၂) ရက်နေ့ကနေ (၁၃) ရက်နေ့အထိပဲ ဖြစ်လို့ မသိသေးတဲ့ ကိုယ့်ဘော်ဒါတွေကို မြန်မြန်လေး လက်တို့လိုက်ကြဦးနော်။ 

Booking Reservation - 09 985 012122
လိပ်စာ - အမှတ် (၃၃/အေ)၊ သစ္စာလမ်း၊ ဝေဇန္တာယာ  မီးပွိုင့်အကျော်၊ တောင်ဉက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။  


Read 356 times.