Cafes & Restaurant

Auto Rotate လည်နေတဲ့ စက်ကြီးပေါ်ကနေ ကြိုက်ရာ ရွေးစားနိုင်တဲ့ Hot Pot Land

September 25, 2023

Hot Pot Land ဆိုတာ ဟော့ပေါ့စားတဲ့အခါမှာ အသီးအရွက်၊ ပင်လယ်စာနဲ့ အသားတွေကို ထိုင်ရာကမထဘဲ Auto Rotate လည်နေတဲ့ စက်ကြီးပေါ်ကနေ ကြိုက်ရာကို ရွေးယူလို့ရတဲ့ ဆိုင်ဖြစ်သလို ကိုယ်စားတဲ့အပေါ် မူတည်ပြီး ကျသလောက်ရှင်းရမယ့် ဘူဖေးစနစ်မဟုတ်တဲ့ ဆိုင်လေးပါ။ A La Carte ပုံစံ ဖြစ်တာကြောင့် အများကြီး မစားနိုင်လို့ ငွေရှင်းရတဲ့အခါတိုင်း နှမြောရတယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါကြောင့် ကိုယ်စားဖို့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကို ချိန်ဆပြီး ရွေးချယ် စားသုံးနိုင်ပါတယ်။

ဟော့ပေါ့မှာ အဓိက အကျဆုံးအရာကတော့ ဟင်းရည်နဲ့ ဆော့စ်ပဲ ဖြစ်ပါတယ်။ Hot Pot Land မှာ အဓိက ရနိုင်တဲ့ ဟင်းရည်အရသာတွေကတော့ -  

- ချဉ်ချဉ်စပ်စပ်အရသာနဲ့ ခံတွင်းတွေ့စေတဲ့ Tom Yun Soup 

- ထုံထုံစပ်စပ်အရသာလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် Mala Soup 

- အာဟာရပြည့်ဝပြီး ခွန်အားတိုးစေတဲ့ Collagen Soup နဲ့

- ပုံမှန်အချိုမကြိုက်တဲ့သူတွေတောင် အကြိုက်ပြောင်းသွားစေတဲ့ Hot Pot Land ရဲ့ Signature Black Soup တို့ဖြစ်ပါတယ်။

ဒီလို ထိမိနေစေမယ့် ဟင်းရည်အရသာ ၄ မျိုးကို ဖန်တီးပေးထားတဲ့အပြင် အရည်ဖိုးကလည်း Free ဖြစ်ပါတယ်။ 

     Advertisement

Click Here > Kalar Lay

Sauce မှာဆိုရင် Hot Pot Land ရဲ့ Master Chef ကိုယ်တိုင် ပြုလုပ်ဖန်တီးထားတဲ့ ဆိုင်ရဲ့ Signature Sauce အချိုနှင့် အစပ်အရသာ ၂ မျိုးကို ယူနိုင်တဲ့အပြင် အရသာအသစ်အဆန်းတွေကို ကိုယ်တိုင်ပြုပြင်ပြီး စားချင်သူတွေအတွက်လည်း အချဉ်စပ်ဖို့ စုံလင်တဲ့ ပါဝင်ပစ္စည်းများကို ထားပေးထားပါတယ်။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာအစုံနဲ့ အသားတွေအပြင် အရသာရှိတဲ့ Home Made အသားလုံးလေးတွေ စသဖြင့် ရွေးချယ်စရာ မီနူးအမျိုးပေါင်း (၆၀) ကျော်လောက် ရှိပြီး စျေးနှုန်းတွေကတော့ ၈၀၀ ကနေ ၃၅၀၀ ကျပ်အတွင်း ရှိပါတယ်။ ဈေးနှုန်းလေးတွေကိုလည်း ပန်းကန်အရောင်၊ ရောင်စုံတုတ်ချောင်းလေးတွေနဲ့ ထင်သာမြင်သာ ရှိအောင် ခွဲထားပေးပြီး စားသုံးသူတွေ ထိုင်တဲ့နေရာအရှေ့မှာ ကပ်ထားပေးတဲ့အတွက် အလွယ်တကူကြည့်ပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်ကာ ထိုင်ရာကနေ မထဘဲ စားနိုင်ပါတယ်။

ဟော့ပေါ့စားရင်း သောက်ဖို့အတွက် အအေးတွေအနေနဲ့ကတော့ အသင့်သောက်သုံးနိုင်တဲ့ အအေးဘူးများအပြင် အရသာရှိပြီး ကျန်းမာရေးကို အထောက်အကူများစွာပြုတဲ့ Mint Lemonade Smoothie လေးကို Free Gift အနေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Promotion တွေအနေနဲ့ကတော့ လတိုင်းလတိုင်းမှာ မွေးနေ့ရှင်များအတွက် ၁၀% လျှော့စျေးနဲ့ VIP Member Card ကို ပိုင်ဆိုင်ထားသူတွေအတွက် Hotpot Menu အားလုံးမှာ အမြဲတမ်း ၁၀% လျှော့စျေး ရနိုင်တဲ့ အခွင့်အရေးကြီးလည်း ရှိနေတာမို့ VIP Card ကို ရရှိအောင် ဆိုင်ကို သွားတဲ့အခါတိုင်းမှာ Hot Pot Land ရဲ့  တံဆိပ်ခေါင်း ၁၀ ခုကို အမြန်ပြည့်အောင် စုဖို့ လိုပါမယ်။ 

ကားနဲ့ သွားမယ်ဆိုရင်လည်း Parking အတွက် ကျယ်ဝန်းတဲ့ နေရာရှိတဲ့အတွက် စိတ်ချလက်ချနဲ့ ကားရပ်နားပြီး ဟော့ပေါ့စားနိုင်ပါတယ်။ အဲကွန်းတွေလည်း ရှိတာကြောင့် ပူပူစပ်စပ် စားနေရပေမဲ့ ချွေးထွက်ပြီး အလှပျက်မှာ မပူရပါဘူး။ 

ငွေ‌ပေးချေမှုများအတွက် အဆင်ပြေလွယ်ကူစေရန်အတွက် ငွေသားအပြင် Kbz Pay၊ MPU Card၊ Visa Card နှင့် Master Card တို့ဖြင့် အဆင်ပြေလွယ်ကူစွာ ငွေပေးချေနိုင်ပါတယ်။

ဒီဆိုင်လေးရဲ့ အားနည်းချက်ကို ပြောရမယ်ဆိုရင် လည်ပတ်နေတဲ့ စက်ကြီးရဲ့ အရှေ့မှာ အများနဲ့အတူ ထိုင်စားရမယ့် ပုံစံဖြစ်တဲ့အတွက် သီးသန့်ဝိုင်းနဲ့ အေးဆေးထိုင်ချင်တဲ့သူတွေနဲ့တော့ မကိုက်ပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့မှာ တမူထူးခြားတဲ့ စားသုံးမှုပုံစံနဲ့ ဟော့ပေါ့စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက ရွေးချယ်သင့်ပါတယ်။ 

ဆိုင်ဖွင့်ချိန်ကတော့ မနက် 11:00 AM မှ ည 9:00 PM အထိ ဖြစ်ပြီး ရုံးပိတ်ရက်နဲ့ ညနေပိုင်းအချိန်တွေမှာ လူကျတတ်တဲ့အတွက် ဖုန်း - 09 989 333 967 , 09 989 333 758 ကို ခေါ်ဆို၍ဖြစ်စေ Page Messenger မှာဖြစ်စေ ကြိုတင် ဘိုကင် ယူထားဖို့တော့ လိုမယ်နော်။ 

ဆိုင်လိပ်စာလေးကတော့ အမှတ် ၃၃၈/ခ၊ ပြည်သာယာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ 
တိတိကျကျနဲ့ အနီးဆုံးကို လမ်းညွှန်ပေးရမယ်ဆိုရင်တော့ Hot Pot Land က အ.ထ.က (၂) သင်္ဃန်းကျွန်းကျောင်းရှေ့မှာဖြစ်ပြီးတော့ ပြည်သာယာလမ်းမကြီးပေါ်မှာ ရှိပါတယ်။

လေးထောင့်ကန်လမ်းမကြီးမှ YBS ကားစီးပြီးလာမယ်ဆိုရင်တော့ အနီးဆုံးမှတ်တိုင်က ခပ်ချီးယားမှတ်တိုင်ဖြစ်ပြီး ဝေဇယန္တာ လမ်းမကြီးပေါ်မှ လာမယ်ဆိုရင်တော့ အနီးဆုံးမှတ်တိုင်က ပြည်သာယာမှတ်တိုင်ပဲဖြစ်ပါတယ်။

Fb - https://www.facebook.com/profile.php?id=100064026643787


Read 367 times.