Cafes & Restaurant

ကျောက်မြောင်းထဲက အရသာလည်းရှိ စျေးလည်းတန်တဲ့ အကင်နဲ့ မာလာဆိုင်

October 16, 2023

ဒီတစ်ခါ ပြောပြပေးမယ့် ဆိုင်ကို တာမွေက Foodie တွေဆို သိပြီးသား ဖြစ်ပါလိမ့်မယ်။ ရှူးရှဲပွင့်ထွက်သွားမယ့် ထိုင်းအစားအစာတွေ၊ မာလာရှမ်းကော၊ မာလာမောက်ချိုက်၊ ပင်လယ်စာဗန်းတို့အပြင် အကင်တွေလည်း ရတဲ့ ဘတ်ဂျတ်ဖြစ်တဲ့ ဆိုင်လေးပါ။

သူ့ဆိုင်က ကျောက်မြောင်း သတိပဋ္ဌာန်လမ်းပေါ်မှာ ရှိတဲ့ ရှယ်ဂွတ်-ဂွတ်ရှယ် တာမွေ ဆိုတဲ့ ဆိုင်ပါ။ စျေးလည်းတန်ပြီး အရသာမှာလည်း ပြောစရာမလိုအောင် ကောင်းတာကြောင့် တာမွေတဝိုက်မှာတော့ ဒီဆိုင်လေးက နာမည်ကြီးပါတယ်။

သူ့ဆိုင်မှာ ဘာတွေ ရလဲဆိုရင် မာလာမောက်ချိုက်၊ မာလာ Pot၊ မာလာရှမ်းကော၊ မာလာအကင် စတဲ့ မာလာနဲ့ပတ်သက်တဲ့ မီနူးတွေ၊ ငါးသံပုရာပေါင်းနဲ့ ရှူးရှူးရှဲရှဲ အထောင်းတွေ၊ ခေါက်ဆင့်ပါထူး (ခ) ပလာတူးငါးမုန့်တီတို့အပြင် အရသာ ထိထိမိမိနဲ့ လေးလေးပင်ပင်ရှိတဲ့ ထိုင်းအစားအစာတွေလည်း ရပါတယ်။ ဒါတင်မကသေး ထမင်းဖြူနဲ့ တွဲစားလို့ရမယ့် ဟင်းပွဲတွေလည်း ရပါတယ်။

Advertisement

Click Here > Lucky Bag & Swallow Plastic

မာလာ Pot က အရည်ဖိုး ပေးပြီး ကိုယ်ကြိုက်ရာ အဆာပလာတွေ၊ အကင်တွေ၊ အသားတွေ စသဖြင့် Topping တွေကို စိတ်ကြိုက် ရွေးထည့်လို့ ရပါတယ်။ ရွေးချယ်စရာ အရည်ကတော့ တုံယမ်းနဲ့ မာလာဆိုပြီး အရသာ (၂) မျိုး ရှိပါတယ်။ 

ပြီးတော့ အကင်တွေဆို ကိုယ်တိုင်ကင်ရမှ စားချင်တာဆိုရင် အောက်က အသားကင်တွေကိုလည်း Set လိုက် ရွေးချယ်လို့ ရပါတယ်။ 

ဝက်သားကင် - ၈,၀၀၀ ကျပ်

ကြက်ရင်အုံလွှာသား - ၈,၀၀၀ ကျပ်

ပုစွန်နဲ့ အသားအစုံ - ၁၂,၀၀၀ ကျပ်

အကင်နဲ့ တွဲစားဖို့ လိုက်ဖက်တဲ့ အပ်မှို၊ ဆက်လပ်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ အချဉ်ရည်တို့ကိုလည်း ပြည့်ပြည့်စုံစုံ ချပေးပါတယ်။  

သူ့ဆိုင်မှာ မာလာအရသာ ပင်လယ်စာဗန်းလည်း ရပါတယ်။ စားနိုင်သလောက်ကို ချင့်ချိန်ပြီး ဗန်းအကြီး၊ ဗန်းအသေး ရွေးမှာလို့ ရပါတယ်။ တစ်ဗန်းမှာ ပုစွန်၊ ဂဏန်း၊ ဂုံး၊ ရေဘဝဲနဲ့ ခေါက်ဆွဲရယ်၊ ပြောင်းဖူး၊ တဂျွတ်ဂျွတ်နဲ့ ကိုက်စားဖို့က သခွားသီးနဲ့ ဆလပ်ရွက်လေး အရံထည့်ပေးထားပါတယ်။ တစ်ပွဲကို လူသုံးယောက်လောက် အေးဆေးစားလို့ ၀နိုင်တဲ့ Portion လုပ်ပေးထားပါတယ်။

သူ့ဆိုင်ရဲ့ နောက်ထပ် လူကြိုက်များတာကတော့ ရာသီပေါ် သစ်သီးတွေနဲ့ သံပုရာသီးရဲ့ အချဉ်ဓာတ်လေးကို ပေါင်းစပ်ထားပြီး ရေခဲမွမွလေး ထည့်ထားတဲ့ အအီပြေ၊ အမောပြေ သရက်သီးသံပုရာ၊ နာနတ်သီးသံပုရာတို့လို အသီးအချိုပွဲတွေပါ။ 

စျေးနှုန်းတွေကို ပြောရမယ်ဆိုရင် ၂,၀၀၀ - ၃,၀၀၀ ကျပ် ဝန်းကျင်လေးတွေကနေ စပြီး ၂၅,၀၀၀ - ၃၀,၀၀၀ ကျပ်လောက်အထိ အနည်းအများ ရှိပါတယ်။ စျေးနည်းတာလေးတွေကို ရွေးပြီး ပေါ့ပေါ့ပါးပါး စားလို့ရသလို အုပ်စုလိုက် လူများရင် သောင်းကျော်တန် ဟင်းပွဲအကြီးတွေကိုလည်း မှာစားနိုင်ပါတယ်။ 

ဒီဆိုင်မှာ ပရိုမိုးရှင်းတွေကလည်း လတိုင်းကို ရှိနေပါတယ်။ ဒီတခေါက် အောက်တိုဘာလအတွက် ပရိုမိုးရှင်းကတော့ ပင်လယ်စာဗန်းမှာတာနဲ့ လူကြိုက်အများဆုံး ဟင်းချိုဖြစ်တဲ့ ဂုံးချဥ်စပ်လေးကို ၁,၀၀၀ ကျပ်နဲ့ စားသုံးခွင့်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဆိုင်ရဲ့ အပြင်အဆင်ကို ပြောရမယ်ဆိုရင် ဓာတ်ပုံရိုက်ဖို့ လှတဲ့နေရာမဟုတ်သလို အရမ်းကြီးလည်း မကျယ်ပါဘူး။ အဓိကက ဒီဆိုင်က ဝန်ဆောင်မှုကောင်းတယ်၊ စျေးသက်သာတယ်၊ အရသာရှိပါတယ်။ ဆိုင်အတွင်းဘက်မှာ ထိုင်လို့ ရသလို အပြင်ဘက်မှာလည်း ဝိုင်းတွေရှိပါတယ်။ 

ဒါကြောင့် စျေးတန်တန်နဲ့ ဟင်းပွဲအစုံ စားချင်တဲ့ အစားတလိုင်းတွေ ရွေးချယ်သင့်တဲ့ အိမ်ဆိုင်ပုံစံလေးပါ။ ရှူးရှဲပွင့်ထွက် ချဥ်ငံစပ်တွေကို သူငယ်ချင်းတွေနဲ့ စုစားကြမယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားစားကြည့်ကြဖို့ ညွှန်ပေးလိုက်ပါတယ်။ 

လိပ်စာ - အမှတ်၂၁၊ သတိပဋ္ဌာန်လမ်း၊ AYA bankအနီး၊ ကျောက်မြောင်း တာမွေမြို့နယ်။
ဖုန်း - 09457775366/09786935695
ဆိုင်ဖွင့်ချိန် - (10:30am-9:30pm


Read 428 times.