Cafes & Restaurant

ငွေ (၁၂,၀၀၀) ကျပ်နဲ့ ဘူဖေးအ၀စား မူကထဆိုင်

July 26, 2023

စျေးတန်တန်နဲ့ မူကထလည်း အ၀စားချင်တယ်၊ ဟော့ပေါ့လည်း အ၀ကြိတ်ချင်တယ်ဆို ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ Good Food မူကထဆိုင်လေးကို ညွှန်ပေးပါရစေ။ ကုန်စျေးနှုန်းတွေ တက်နေတဲ့ ဒီလိုကာလမှာတောင် အချိန်အကန့်ချက်မရှိ၊ ဘူဖေးအ၀စားကို ၁၂,၀၀၀ ကျပ်နဲ့ စားရမယ်ဆိုတာ တကယ်ကို တန်ပါတယ်။ ဒီလိုတန်တဲ့ ဆိုင်ကို တွေ့တော့ ကိုယ့်လူတွေကို သတိရမိလို့ မျှဝေပေးလိုက်ပါတယ်။

Advertisement

Click Here > Sein Gay Har

Good Food ဆိုင်က အစားဆို အလှစား မဟုတ်ဘဲ အ၀စားမယ့် အစားတလိုင်းတွေအတွက် ဘတ်ဂျတ်ဖြစ်မယ့်ဆိုင်လေးပါ။ လူတိုင်းလာစားနိုင်တဲ့ စျေးမျိုးဖြစ်အောင် သတ်မှတ်ထားပေးပါတယ်။ ဆိုင်အနေအထားကတော့ မကျဉ်းမကျယ်လေးနဲ့ သပ်သပ်ရပ်ရပ် ရှိပါတယ်။

 May be an image of 1 person and table

ဘူဖေး ၁၂,၀၀၀ ကျပ်မှာ ဘာတွေပါလဲဆိုရင် -   

ပင်လယ်စာ - ပုဇွန်၊ ဂဏန်း၊ ပြည်ကြီးငါး၊ ရေဘဝဲ၊ ကင်းမွန်၊ ခရု၊ လယ်ခရု၊ 

အသား - ယုန်သားအချို/အစပ်၊ ကြက်မဲအချို/အစပ်၊ ဝက်သား၊ ဝက်ခေါက်၊ ကြက်ဆင်အချို/အစပ်၊ ကြက်မဲလွှာ၊ အမဲသားချို/အစပ်၊ ကြက်ခြေထောက်၊ ကြက်အမြစ်၊ ကြက်တောင်ပံ၊ အသည်းနှလုံး၊ ဝက်ဘေကွန်ပြား၊ ကြက်ဟော့ဒေါ့၊ ကြက်ဖက်ထုပ်

အသီးအရွက် - ပဲစောင်းလျားသီး၊ ဥနီ၊ ဥဖြူ၊ မျှစ်ချိုနု၊ ရုံးပတေသီး၊ ဆလပ်ရွက်၊ အာလူး၊ အပ်မှို၊ မာလာခေါက်ဆွဲချောင်း၊ ပဲသွေး၊ ပဲပြား၊ ဘူးညွှန့်၊ ပဲလိပ်၊ ပဲလိပ်တောင်ပံ၊ မှို၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းထုပ်၊ ပြောင်းဖူး၊ ကျောက်ပွင့်၊ ဂေါ်ဖီပန်းပွင့်၊ ပဲညွှန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စသဖြင့် ရွေးချယ်စရာ အမယ်တွေ တော်တော်လေး စုံပါတယ်။ 

ဟင်းရည် - ကြက်ပြုတ်ရည်ပဲ သုံးပါတယ်။ 

ဟော့ပေါ့အရည် - အချို၊ တုံယမ်း၊ ချဥ်စပ် ရပါတယ်။

အချဉ် - ကိုယ်တိုင်စပ်လို့ရသလို မန်ကျည်းဆော့စ်၊ ပင်လယ်စာဆော့စ်နဲ့ ရိုးရိုးဆော့စ်ဆိုပြီး (၃) မျိုး ထားပေးထားပါတယ်။

အချိုပွဲ - ယိုးဒယား ဖရဲသီးနှင့် Juice အအေး အရသာ (၂) မျိုး ပါပါတယ်။

ရေသန့်ဘူးနဲ့ Soft Drinks တွေကိုတော့ ဝယ်သောက်ရပါတယ်။ 

စျေးနှုန်းကတော့ အချိန်ကန့်သတ်ချက်မရှိ အ၀စားဘူဖေးကိုမှ -

လူကြီး (၁)ယောက် 12,000ks

ကလေး ၃ ပေအောက် အခမဲ့ FREE စားသုံးခွင့်

ကလေး ၃ ပေ နှင့် ၃ ပေခွဲ ကြား 8,000ks

ကလေး ၃ ပေခွဲ နှင့် ၄ ပေအထိ 10,000ks

၄ ပေအထက်ဆို 12,000 ks သတ်မှတ်ထားပါတယ်။ 

ပင်လယ်စာနဲ့ အသားငါးများ ပိုလျှံနေရင် ၁၀၀ ဂရမ်ကို ၃,၀၀၀ ကျပ် ကောက်ခံတဲ့ စည်းမျဉ်းလေးရှိလို့ ကုန်နိုင်သလောက်ပဲ ယူပါ။ လိုအပ်မှ ထပ်ယူကြပါ။

ဆိုင်ကတော့ မနက် ၉ နာရီကနေ ည ၈ နာရီအထိဖွင့်ပါတယ်။ ပိတ်ရက်တွေဆို လူကျတတ်လို့ ဖုန်းကြိုဆက်ပြီးမှ သွားပါ။ အေးအေးဆေးဆေး စားချင်ရင် ကြားရက်သွားတာ အကောင်းဆုံးပါ။  

နေရာ - ကားလေးဂိတ်မှတ်တိုင်နှင့် ခေါင်သုံးလုံးမှတ်တိုင်ကြား၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းမကြီး၊ ငွေလမ်းထိပ်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။

YBS - 65, 40,42,68,74 တို့ စီးရင် ရောက်ပါတယ်။

ဖုန်းနံပါတ် - 09420151216

Fb Link - https://www.facebook.com/GoodFoodmookata


Read 922 times.