Cafes & Restaurant

အကင်တစ်ချောင်းကို ၃၀၀ ကျပ်ကစပြီး ရွေးစားလို့ရမယ့် ကျေးလက်ပုံစံ အကင်ဆိုင်

July 10, 2023

ဒီဆိုင်လေးက အစားအသောက်ကောင်းတွေ ပေါတဲ့ တာမွေမြို့နယ်ထဲမှာ ရှိပြီး စျေးသိပ်မကြီးတဲ့ စီချွမ်အကင်ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်နာမည်က "ဓလေ့" ဆိုတဲ့အတိုင်း ကျေးရွာဓလေ့ Vibe ရအောင် ဆိုင်ကို ဓနိမိုး၊ ထရံအကာလေးနဲ့ ချစ်စရာ တဲအိမ်ပုံစံလေးအဖြစ် ပြင်ဆင်ထားပါတယ်။

ဘော်ဒါတွေ စုပြီး နားအေးပါးအေး ဝိုင်းချင်သူတွေ၊ စီချွမ်အရသာ ဟင်းပွဲတွေ မြည်းစမ်းချင်သူတွေ ရွေးချယ်သင့်တဲ့ ဆိုင်လေးပါ။ ဆူညံနေတဲ့ သံစဉ်တွေထက် ငြိမ့်ညောင်းချိုသာတဲ့ တေးသွားလေးတွေ ဖန်တီးဖို့ ဆိုင်ထဲမှာ ဂီတာနှစ်လုံးလည်း ထားပေးထားပါတယ်။ သောက်လိုက်၊ စားလိုက်၊ တီးလိုက်၊ ဆိုလိုက်နဲ့ ပျော်ပျော်ပါးပါး နေချင်သူတွေအတွက် သင့်တော်ပါတယ်။

Advertisement

Click Here > Htun Tauk

ဆိုင်ထဲမှာက အဲကွန်းရှိတော့ မီးပျက်လို့ ပူအိုက်မှာလည်း စိုးရိမ်စရာမလိုပါဘူး။ ဒါတင်မကသေး ဝိုင်ဖိုင်လည်း ဖရီးပေးထားတော့ အေးဆေးငြိမ့်ရုံပါပဲ။ စားပွဲဝိုင်းတွေဆိုလည်း ဆိုင်ထဲမှာရော၊ ဆိုင်အပြင်မှာပါ ထိုင်လို့ရအောင် ပြင်ဆင်ပေးထားပါတယ်။

သူက အကင်ဆိုင်ဆိုပေမယ့် အကင်တွေအပြင် အထောင်း၊ အသုပ်၊ Soup နဲ့ သောက်စရာ အအေးတွေလည်း ရပါတယ်။ အကင်တွေမှာ ရွေးချယ်စရာအနေနဲ့ ကြက်၊ ဝက်၊ ထုံချိုင်းအကင်နဲ့ အသီးအရွက်တွေကို အရသာ စိမ့်ဝင်နေအောင်နှပ်၊ မီးအပူရှိန်ကိုလည်း သေချာထိန်းညှိပြီးမှ စီချွမ်အနှစ်လေးသုတ်ပြီး ကင်ထားတာမို့ အရသာမှာ အပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ။ အကင်နဲ့ တို့စားဖို့ မန်ကျည်းချဉ်နဲ့ ပင်လယ်စာအချဉ် (၂)မျိုး ပေးပါတယ်။ 

မာလာရှမ်းကော စားရတာ ရိုးနေပြီဆိုတဲ့သူတွေ၊ အထုံအရသာမကြိုက်တဲ့သူတွေအတွက် ဆိုင်ရဲ့ အထူးမီနူး စီချွမ်အရသာ Dry Pot လေးကလည်း ဆိုင်ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်ထဲမှာ ပါပါတယ်။ မိုးအေးအေးလေးမှာ လိုနေတာ အနွေးဓာတ်ဆိုရင် "ဓလေ့"ရဲ့ စီချွမ် Signature Soup ပူပူရှိန်းရှိန်းလေးကို သောက်ကြည့်ပါ။ ဒီဆိုင်က စီချွမ် ခရမ်းသီးကြက်ဥကင်တို့၊ ပြည်ကြီးငါးဥကင်တို့ကိုလည်း မီနူးအဆန်းလေးမလို့ အစားများကြပါတယ်။

ဒီဆိုင်ရဲ့ မီနူးတွေက စီချွမ်အရသာကို အဓိက အခြေခံထားတာကြောင့် စီချွမ်စတိုင် အစားအသောက်တွေကို ကြိုက်တယ်ဆိုရင် တစ်ခါလောက် သွားစားကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒီဆိုင်က စီချွမ်အနှစ်က ကိုယ်တိုင်စပ်ထားတာဖြစ်ပြီး မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့အောင် စနစ်တကျ ပြင်ဆင်ထားပါတယ်။ 

အကင်က သောက်စရာ ဘီယာလေးနဲ့မှ လိုက်ဖက်မှာဆိုရင် အပြင်မှာ ပုလင်းဝယ်လာပြီး ဆိုင်မှာ ထိုင်သောက်လို့ရပါတယ်။ ကိုယ်တိုင်မဝယ်ချင်ဘူးဆိုလည်း အနီးနားက ဆိုင်မှာ ဝန်ထမ်းတွေကို ဝယ်ခိုင်းလို့ရပါတယ်။ Bottle Charges ကတော့ လုံး၀ပေးစရာမလိုပါဘူး။ နေ့ခင်းဘက်ထဲက အရသာရှိရှိ အကင်စားရင်း Chill လို့ရသလို ညနေဘက်သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းဆွဲရင်လည်း Bottle Charges မကောက်ထားတာမို့ အေးဆေးပဲနော်။

နောက်ပြီး သူက လာစားတဲ့ သူတိုင်းကို Loyalty Card လည်း ထုတ်ပေးပါတယ်။ ၁သောင်းခွဲဖိုး ပြည့်တိုင်း တံဆိပ်တုံးတစ်တုံး ထုပေးပြီး (၁၀) ခါ ပြည့်ရင် ၁၅,၀၀၀ ဖိုးတန်ကြေးရှိတဲ့ ကြိုက်နှစ်သက်ရာ စီချွမ်စတိုင် Pork Set (သို့) Chicken Set တစ်ပွဲ စားသုံးခွင့်ရရှိမှာဖြစ်ပါတယ်။ 

လိပ်စာ: အမှတ် ၃၇၊ အသောကလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေ။
ဖုန်း: 09782562495
Fb Link - https://shorturl.at/cHRX3


Read 829 times.